သီးထပ်စွမ်းအားမြင့်မားရေးအတွက် ဆောင်းသီးနှံ၊ နွေသီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေး ဆွေးနွေး

 

လယ်ဝေး   နိုဝင်ဘာ  ၁၅


ပြည်ထောင်စုနယ်မြေ   လယ်ဝေး မြို့နယ်    အေလာ KC   ခန်းမ၌ သီးထပ်စွမ်းအား     မြင့်မားရေး အတွက်    ဆောင်းသီးနှံ၊   နွေသီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရန် နေပြည်တော် ကောင်စီဝင် ဦးမြင့်စိုး၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်       ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်  တောင်သူများ တွေ့ဆုံပွဲကို   ယနေ့နံနက်ပိုင်းက ကျင်းပသည်။

 


အခမ်းအနားတွင် နေပြည်တော် ကောင်စီအဖွဲ့ဝင်      ဦးမြင့်စိုးက ကျေးလက်နေ  တောင်သူအများစု မှာ    စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များ  ဆောင်ရွက်နေသူများ  ဖြစ် သည့်အတွက် စိုက်ပျိုးရေးလုပ်ငန်း များကို    ပြည့်ပြည့်ဝဝ   ဆောင်ရွက် နိုင်ပါက   လယ်ယာကဏ္ဍ      ဖွံ့ဖြိုး တိုးတက်လာမည်        ဖြစ်ကြောင်း၊ ပြည်ထောင်စုနယ်မြေ      အတွင်း ရာသီအလိုက်   သီးနှံစုံစိုက်ပျိုးနိုင် သည့်   အခွင့်အလမ်းများ    ရှိနေ ကြောင်း၊ ယခုနှစ်   မိုးရွာသွန်းမှု မှာ    ယခင်နှစ်နှင့်    နှိုင်းယှဉ်ပါက နည်းပါးသဖြင့်   ဆည်၊ ကန်များ တွင်     ရေနည်းပါးလျက်ရှိကြောင်း၊  သို့သော် ပေါင်းလောင်းဆည်မှာ       ရေသိုလှောင်ထားရှိမှု       ပမာဏ အပြည့်ရှိကြောင်း၊    ထို့ကြောင့်   နွေသီးနှံ       စိုက်ပျိုးရာသီတွင်  လျာထားချက်အတိုင်း    စိုက်ပျိုး နိုင်မည်ဖြစ်ကြောင်း၊     သီးထပ် သီးညှပ်စိုက်ပျိုးနိုင်ပြီး   တောင်သူ လယ်သမားများ၏    လူမှုစီးပွား ဘဝ  မြင့်မားလာမည်ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့်      မိမိ စိုက်ပျိုးမည့်    သီးနှံများအလိုက်   ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်စေ လိုကြောင်းနှင့်   ဆောင်းသီးနှံနှင့် နွေစပါး    စိုက်ပျိုးရေးကာလတွင်    သီးနှံစိုက်စွမ်းအား  ဖွံ့ဖြိုးတိုးတက် စေရန်     သီးထပ် စိုက်ပျိုးနိုင်ရေး        အတွက်     သက်ဆိုင်ရာဌာနများ၊    အဖွဲ့ အစည်းများ၊     တောင်သူများ အနေဖြင့်      ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရန်    လိုကြောင်း ပြောကြားသည်။ 

 


ထို့နောက်     သက်ဆိုင်ရာ တိုင်း၊     ခရိုင်၊    မြို့နယ်အဆင့် ဌာနဆိုင်ရာများက    သီးထပ် စွမ်းအား     မြင့်မားရေးအတွက် ဆောင်းသီးနှံ၊      နွေသီးနှံတိုးချဲ့ စိုက်ပျိုးနိုင်ရေး၊    နွေသီးနှံတိုးချဲ့စိုက်ပျိုးမှုအပေါ်   ရေပေးဝေမည့် အခြေအနေများ၊    စက်မှုလယ်ယာ ဝန်ဆောင်မှုပေးမည့်    ကဏ္ဍများ၊ သီးနှံများ          စိုက်ပျိုးရာတွင် အကျိုးတူ      ဆောင်ရွက်မည့် အစီအစဉ်များ၊  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေသည့်လုပ်ငန်းများ၊     တိရစ္ဆာန် မွေးမြူရေးနှင့်   ကုသရေးလုပ်ငန်း များကို  ရှင်းလင်းဆွေးနွေးသည်။ 

 


ဆက်လက်၍   တောင်သူများ က   ထွန်ယက်ရေး၊  ဆည်မြောင်း များပြုပြင်ရေးနှင့်  မျိုးကောင်း မျိုးသန့်များ  ဝယ်ယူရေး   စသည် တို့ကို       ဆွေးနွေးတင်ပြကြပြီး နေပြည်တော်   ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက ပြန်လည်      ရှင်းလင်းဆွေးနွေးခဲ့ ကြောင်း သိရသည်။                         

ဝေကြည်