
နေပြည်တော် နိုဝင်ဘာ ၁၁
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၉ ရက် နံနက် ၁၁ နာရီ တွင် ရွာငံမြို့နယ် မြို့ကြီးကျေးရွာ ရှိ စစ်ဆေးရေးဂိတ်တွင် AD Van အမျိုးအစား ခရီးသည်တင် မော်တော်ယာဉ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၁၁ ဒသမ ၁ ကီလိုကို လည်း ကောင်း။
နိုဝင်ဘာ ၁၀ ရက် မွန်းလွဲ ၁ နာရီ ၃၅ မိနစ်တွင် လွိုင်လင် မြို့နယ် ပန်ဝိုးကျေးရွာအုပ်စု ဟိုတင့်ကျေးရွာအနီး လွိုင်လင်-တောင်ကြီးသွား ကားလမ်းတွင် Express အမျိုးအစား ခရီးသည် တင် မော်တော်ယာဉ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်ပါ ခရီးသည် သန်းသန်းအောင် သယ်ဆောင်လာသည့် ငွေကျပ် သိန်း ၁၄၀၀ တန်ဖိုးရှိ အိုက်စ် ၁၀ ကီလိုကိုလည်းကောင်း သိမ်းဆည်း ရမိခဲ့သဖြင့် (ဝဲပုံ) ၎င်းတို့အား မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရ သည်။
ရဲပြန်ကြား