ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့် မိုင်းများအား အများပြည်သူ ဘေးအန္တရာယ်မရှိစေရေး ဖယ်ရှားရှင်းလင်း

 

နေပြည်တော်   နိုဝင်ဘာ   ၁၁


ကချင်ပြည်နယ်   မိုးမောက်မြို့နယ်အတွင်း    နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး   ဆောင်ရွက်လျက်ရှိသည့်  လုံခြုံရေးတပ်ဖွဲ့ဝင် များသည်  ယနေ့နံနက်ပိုင်း၌ မိုးမောက်မြို့ရှိ အခြေခံပညာအထက်တန်း ကျောင်းရှေ့ လမ်းဆုံနေရာသို့ ရောက်ရှိစဉ် KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် ရီမုမိုင်း  သုံးလုံးကို   တွေ့ရှိခဲ့ သဖြင့်  အများပြည်သူများ အန္တရာယ်မရှိစေရေး မိုင်းရှင်းလင်းရေးလုပ်ငန်း များ ဆောင်ရွက်ခဲ့သည်။

 


ထိုကဲ့သို့   မိုင်းရှင်းလင်းရေးလုပ်ငန်းများ   ဆောင်ရွက်လျက်ရှိစဉ် KIA အဖွဲ့နှင့် PDF  အမည်ခံ   အကြမ်းဖက်သမားများက  အခြေခံပညာ အထက်တန်းကျောင်း၏  ပင်မစာသင်ဆောင်မှလည်းကောင်း၊ လမ်း၏ ညာဘက်ခြမ်း     မီတာ   ၃၀    ခန့်အကွာ    လူနေအိမ်များမှ   အကာ အကွယ်ယူ၍    လည်းကောင်း   လက်နက်ကြီး၊   လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်     တိုက်ခိုက်လာခဲ့သဖြင့်   လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ပြီး အပြန်အလှန်ထိတွေ့မှုဖြစ်ပွားခဲ့ကာ အကြမ်းဖက် သမားများသည် အရှေ့မြောက်ဘက်နှင့်  အနောက်ဘက်သို့  ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။

 


အဆိုပါ မိုးမောက်မြို့   အခြေခံပညာ   အထက်တန်းကျောင်းဝင်း အတွင်း   မိုင်းရှင်းလင်းရေးလုပ်ငန်းများ  ဆောင်ရွက်ခဲ့ရာ ကျောင်းဝင်း အတွင်းရှိ   သစ်ပင်တွင်   ကပ်၍ထောင်ထားသည့်   ဒေသန္တရလက်လုပ် ရီမုမိုင်းတစ်လုံးကို    ထပ်မံတွေ့သိမ်းဆည်းရမိခဲ့ပြီး  အကြမ်းဖက်သမား များအနေဖြင့်   ၎င်းတို့ဆုတ်ခွာရာ  လမ်းကြောင်းတစ်လျှောက်ရှိ နေအိမ် အချို့အား   မီးရှို့ဖျက်ဆီးခဲ့သည့်အတွက်    လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံမီးသတ်တပ်ဖွဲ့ဝင်များနှင့်  ပူးပေါင်း၍ မီးငြိမ်းသတ်ရေးလုပ်ငန်း များကို ဆောင်ရွက်ပေးခဲ့သည်။ 

 


ယခုကဲ့သို့ အများပြည်သူသွားလာအသုံးပြုလျက်ရှိသည့် လမ်းမကြီး များပေါ်၌  လည်းကောင်း၊ ပညာရေးဆိုင်ရာ အဆောက်အဦများအတွင်း၌ လည်းကောင်း   မိုင်းထောင်ဖောက်ခွဲမှုများနှင့်   လူနေအိမ်နှင့်  စာသင် ကျောင်းများကို    အကာအကွယ်ယူတိုက်ခိုက်ခဲ့သည့်    အကြမ်းဖက်မှု လုပ်ရပ် ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင် ရေး  လုံခြုံရေးတပ်ဖွဲ့ဝင်များက  စုံစမ်းဖော်ထုတ်လျက်ရှိကြောင်းနှင့်  ဒေသအတွင်း     လှုပ်ရှားသွားလာလျက်ရှိသည့်     ဒေသခံပြည်သူများ အန္တရာယ်မဖြစ်စေရေးအတွက်   မိုင်းရှင်းလင်းရေး   လုပ်ငန်းများနှင့် နယ်မြေလုံခြုံအေးချမ်းတည်ငြိမ်ရေးလုပ်ငန်းများကို  စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။  

သတင်းစဉ်