
နေပြည်တော် နိုဝင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ အမှတ်(၁)ရပ်ကွက်နေသူ အမျိုး သမီး တစ်ဦးကို NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက ယနေ့ နံနက်ပိုင်းတွင် လက်နက်ဖြင့် ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ အထက်ပါ ရပ်ကွက်နေ “အောင်ဆင်မင်း” လက်ဖက်နှင့် အကြော်စုံဆိုင် ပိုင်ရှင်၊ အရာရှိတစ်ဦး၏ဇနီးဖြစ်သူ မဟန်နွေဦး(ဘ) ဦးဇော်ဦးတင် သည် ယနေ့နံနက် ၆ နာရီခွဲခန့် တွင် ၎င်း၏ နေအိမ်ရှေ့၌ ဆွမ်းလောင်းနေစဉ် NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမား အမျိုးသား နှစ်ဦး၊ အမျိုးသမီး တစ်ဦးတို့က ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာ ခဲ့ကြောင်း၊ ယင်းနောက် မဟန် နွေဦး၏ မိသားစုဝင်များနှင့် ဝန်ထမ်းများကို လက်နက်ဖြင့် ခြိမ်းခြောက်ကာ နေအိမ်အတွင်း ရှိ ဆွဲကြိုး တစ်ကုံး၊ နားကပ် တစ်ရံ၊ လုပ်ငန်းသုံးနှင့် ဝန်ထမ်း များ၏ လက်ကိုင်ဖုန်းရှစ်လုံးတို့ အား ယူဆောင်ပြီး မဟန်နွေဦး ကို ရေစကြိုမြို့နယ် ဥက္ကံကျေးရွာ ဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်ဖြစ်ပွားလျှင် ဖြစ်ပွားချင်း နယ်မြေခံတပ်မတော် သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များက ဒေသခံပြည်သူလူထုနှင့် ပူးပေါင်း၍ သတင်းဆက်စုံစမ်း မေးမြန်းခြင်းများကို ဆောင်ရွက်ခဲ့ သည်။ ထိုသို့ ဆောင်ရွက်ခဲ့ရာ နယ်မြေတည်ငြိမ် အေးချမ်းမှုကို လိုလားသည့် ဒေသခံပြည်သူများ ၏ သတင်းပေးပို့မှုများအရ မဟန် နွေဦးအား မြိုင်မြို့နယ်အတွင်းရှိ ကျောက်ဆောက်တမံ (ဒေသ အခေါ်)တောင်ရွာဆည် ရှင်းလင်း ဆောင်တွင် ဖမ်းဆီးထားကြောင်း သိရှိရသည်။
အဆိုပါနေရာသို့ ကွန်မန်ဒို တပ်ဖွဲ့ဝင်များပါဝင်သည့် လုံခြုံ ရေးတပ်ဖွဲ့ဝင်များက ရဟတ်ယာဉ် ဖြင့် သွားရောက်ပြီး ဝင်ရောက်စီး နင်း ရှာဖွေကယ်ဆယ်ခြင်းများ ဆောင်ရွက်ခဲ့ရာ NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများနှင့် ထိတွေ့ မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမား များသည် အနောက်ဘက် နှင့် အနောက်တောင်ဘက်တို့သို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကာ မဟန်နွေဦးအား ဘေးကင်းလုံခြုံ စွာဖြင့် ယနေ့ မွန်းလွဲ ၂ နာရီ မိနစ် ၄၀ ခန့်တွင် ပြန်လည်ကယ်တင် နိုင်ခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေ ဖြင့် မဟန်နွေဦးအား ဖမ်းဆီး ချုပ်နှောင်ခဲ့သည့် တောင်ရွာဆည် ပတ်ဝန်းကျင်တစ်ဝိုက်သို့ လိုအပ် သည့် လုံခြုံရေးလုပ်ငန်းများ ဆက် လက်ဆောင်ရွက်လျက်ရှိသည်။
NUG၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမား များအနေဖြင့် အပြစ်မဲ့အမျိုးသမီး များနှင့် ကလေးသူငယ်များကို အတင်းချုပ်နှောင် ဖမ်းဆီးခြင်း၊ အပြစ်မဲ့ပြည်သူများ၊ နိုင်ငံ့ ဝန်ထမ်းများကို အကျပ်ကိုင်ခြိမ်းခြောက်ချုပ်နှောင်ခြင်းများသည် ဂျီနီဗာ ကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime)ကျူးလွန်ရာရောက်ပြီး အဆိုပါ စစ်ရာဇဝတ်မှုများအတွက်အကြမ်း ဖက်မှု တိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးနှင့် သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့် ၎င်းတို့ အပေါ် ထိရောက်စွာအရေးယူနိုင် ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေး ဆောင် ရွက်မှု (Counter-terrorism Action) ဆောင်ရွက်သွားမည်ဖြစ် ကြောင်းနှင့် အများပြည်သူများ အနေဖြင့် အကြမ်းဖက်အဖွဲ့၏ လှုပ်ရှားမှု သတင်းများရရှိ က လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြား ၍ ရပ်ရွာအေးချမ်းသာယာရေး ပူးပေါင်း ဆောင်ရွက်ကြပါရန် အသိပေး သတင်းထုတ်ပြန်ထား ကြောင်း သိရသည်။
သတင်းစဉ်