ရန်ကုန်မြစ်အတွင်း မီးလောင်နေသည့်သင်္ဘောတစ်စင်းအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့် ငြှိမ်းသတ်

 

နေပြည်တော်   နိုဝင်ဘာ   ၁၀


ရန်ကုန်တိုင်းဒေသကြီး     ဒလမြို့အနီး   ရန်ကုန်မြစ်အတွင်းရှိ သမ္မတ ကမ်းခြေဆိပ်ကမ်းအနီး၌  ယနေ့ မွန်းလွဲ   ၂  နာရီ ၂၅ မိနစ်ခန့်တွင် ဆင်ဟိုင်း  -  ၆    အမည်ရှိ      တွန်းသင်္ဘောတစ်စင်း     မီးလောင်နေ ကြောင်း သတင်းအရ တပ်မတော် (ရေ)မှပင်လယ်သွားတွဲဆွဲ ရေယာဉ် သုံးစင်းသည်ဒေသခံငါးဖမ်းလှေများနှင့်အတူ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီ ခန့်တွင် မီးငြိမ်းသွားခဲ့သည်။

 


အဆိုပါမီးလောင်ရသည့်     အကြောင်းရင်းအား   သက်ဆိုင်ရာမှ     ဖော်ထုတ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်