စိုက်မွေးဆည်ဝန်ကြီးဌာန စကားဝိုင်းမှသည် …

Type

 

မောင်အောင်

“ကနေ့    ကျွန်တော်တို့   စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနရဲ့ လစဉ်လ  တစ်လရဲ့ ပထမပတ် ဗုဒ္ဓဟူးနေ့ စကားဝိုင်းပုံမှန်ကျင်းပလာခဲ့တာ    (၁၅) ကြိမ်မြောက်ရှိသွားပါပြီ။  ကနေ့စကား ဝိုင်းမှာ     ဆွေးနွေးပြောကြားကြမယ့် ခေါင်းစဉ်ကတော့       “လယ်ယာကဏ္ဍ အတွက် ရေအရင်းအမြစ်စီမံခန့်ခွဲရေး” ပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ ဝန်ထမ်းတွေ        သိကြတဲ့အတိုင်း ကျွန်တော်တို့ နိုင်ငံကို နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ         စတင်တာဝန်ယူ ကတည်းက  ချမှတ်ခဲ့တဲ့ ဦးတည်ချက်(၉)ရပ်အနက်    စီးပွားရေးဦးတည်ချက်ရဲ့ ပထမအချက်မှာ “စိုက်ပျိုးရေး၊  မွေးမြူ ရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့်      ပိုမိုဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ပြီး အခြား စီးပွားရေးကဏ္ဍများကိုလည်း   ဘက်စုံ ဖွံ့ဖြိုးတိုးတက်အောင်    တည်ဆောက် ရေး”  ဆိုတဲ့    အချက်ပါရှိခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ   စိုက်ပျိုးမွေးမြူရေးနိုင်ငံဖြစ်တဲ့အပြင် နိုင်ငံ့လူဦးရေရဲ့ ၇ဝ   ရာခိုင်နှုန်းဟာ    တောအရပ်ဒေသ မှာနေကြပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်း နဲ့     အဓိကအသက်မွေးဝမ်းကျောင်း ပြုကြတာဖြစ်ပါတယ်။  ဒါ့ကြောင့် နိုင်ငံ တော်  စီမံအုပ်ချုပ်ရေးကောင်စီ   ဥက္ကဋ္ဌ ကြီးက နိုင်ငံတော်ရဲ့ လူအများစုဖြစ်တဲ့ တောင်သူလယ်သမားတွေရဲ့ လူမှုစီးပွား ရေး ဘဝဖွံ့ဖြိုးတိုးတက်ဖို့၊  ချမ်းသာဖို့၊ ဝင်ငွေတိုးတက်ရရှိဖို့အတွက်    စိုက်ပျိုး မွေးမြူရေးကို   အဓိကထားပြီး    ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်နေခြင်းဖြစ် ပါတယ်။” 
“ဒါ့အပြင်  မနေ့က နိုဝင်ဘာ ၁ ရက် က        ပြုလုပ်ခဲ့တဲ့       ပြည်ထောင်စု အစိုးအရအဖွဲ့ အစည်းအဝေး (၈/၂ဝ၂၂)မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှုလုပ်ငန်း (MSME)      များ    ဖွံ့ဖြိုးတိုးတက်ရန် လိုကြောင်း၊    MSME  လုပ်ငန်းအတွက် အဓိကလိုအပ်ချက်လေးခုရှိပြီး ၎င်းတို့ မှာ ကုန်ကြမ်း  ရင်းနှီးမြှုပ်နှံမှု၊ သွင်းအား စုနှင့်     လူသားအရင်းအမြစ်များ   ဖြစ် ကြောင်း၊     ကုန်ကြမ်းနှင့်ပတ်သက်၍ ပြည်ပမှဝယ်ယူခြင်းထက်     ပြည်တွင်း နှင့်  ဒေသတွင်းမှ ထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေးကုန်ကြမ်းများနှင့်   သဘာဝ သယံဇာတ ကုန်ကြမ်းအရင်းအမြစ်များ ကို    အသုံးပြုမည်ဆိုပါက    နိုင်ငံခြား ငွေကြေးသုံးစွဲမှုများ    သက်သာစေမည် ဖြစ်ကြောင်း၊ ဒေသတွင်းမှထွက်ရှိသည့် ကုန်ကြမ်းဖြင့်          ကုန်ထုတ်လုပ်မှု ဆောင်ရွက်သည့် MSME လုပ်ငန်းများ သည်     ပိုမိုအကျိုးဖြစ်ထွန်းသည်ကို တွေ့ရှိရကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူ ရေး    လုပ်ငန်းများမှ  ကုန်ကြမ်းများစွာ ထွက်ရှိကြောင်း မွေးမြူရေးလုပ်ငန်းများ ကို  စနစ်တကျ လှောင်မွေးသည့်စနစ်ဖြင့် မွေးမြူမည်ဆိုပါက ပိုမိုဖြစ်ထွန်းအောင် မြင်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများမှ မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ် သည့် တိရစ္ဆာန်အစာများထုတ်လုပ်ပေးနိုင်ကြောင်း၊      စိုက်ပျိုးရေးတွင်လည်း မိမိအမြဲတမ်းပြောခဲ့သလို မြေ၊ ရေ၊ မျိုး၊ နည်းပညာနှင့် သွင်းအားစုလိုအပ်ကြောင်း၊ ဒီနေရာမှာ အဖိုးတန်ရေနှင့်ပတ်သက်၍ ချွေတာသုံးစွဲရန်လိုအပ်ကြောင်း၊   ယခု နှစ်တွင်     မိုးရွာသွန်းမှုနည်းပါးခဲ့သည့် အတွက် ယခင်နှစ်ကာလတူထက် မိုးရေ ချိန်နည်းပါးခဲ့ပြီး   တာတမံ၊  ဆည်များ အတွင်းသို့ ရေဝင်ရောက်မှု လျော့နည်းခဲ့ ကြောင်း၊     သို့ဖြစ်၍    ထိုရေများကို စိုက်ပျိုးရေးလုပ်ငန်းများမှာ သုံးစွဲရာတွင် ထိထိရောက်ရောက်နှင့်     စနစ်တကျ သုံးစွဲရန်လိုကြောင်း။”
ရေအရင်းအမြစ်စီမံခန့်ခွဲရေး
“ဒါ့အပြင် နိုင်ငံတော်ဝန်ကြီးချုပ်က ရေကိုအဟောသိကံသုံးစွဲခြင်းမျိုး    မပြု လုပ်ဘဲ၊  ရေကို ချွေတာသုံးစွဲကြရန်   လို ကြောင်း၊ လာမည့်နွေရာသီ၌  မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး နှင့် စစ်ကိုင်းတိုင်းဒေသကြီးစတဲ့ မြေလတ် ဒေသများမှာ ရေရှားပါးမှုကိစ္စများဖြစ်ပေါ် နိုင်တဲ့အတွက်       ရေရရှိရေးအတွက် တာဝန်ရှိသူများက ကြိုတင်စဉ်းစားပြီး စီမံဆောင်ရွက်ထားကြဖို့     လိုကြောင်း ပြောကြားသွားပါတယ်။      ဒါ့ကြောင့် ကနေ့ ကျွန်တော်တို့ပြုလုပ်တဲ့  “လယ်ယာ ကဏ္ဍအတွက်     ရေအရင်းအမြစ်     စီမံ ခန့်ခွဲရေး”    စကားဝိုင်းဟာ    နိုင်ငံတော် ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်မှာကြားချက်ကို ချက်ချင်းဆွေးနွေး၊ ချက်ချင်းအဖြေရှာပြီး အကောင်အထည်ဖော်ဖို့ စကားဝိုင်းဖြစ် တဲ့အတွက် ထူးခြားတဲ့ စကားဝိုင်းတစ်ခု လို့ ဆိုနိုင်တယ်လို့ ပြောချင်ပါတယ်။”
စကားဝိုင်းအဖွင့်          အမှာစကား ပြောကြားနေသည့် ဒုတိယဝန်ကြီးက တက်ရောက်လာသော ဝန်ထမ်းများကို အကဲခတ်ကြည့်လိုက်သည်။ နိုင်ငံတော် ဝန်ကြီးချုပ်၏       လမ်းညွှန်ချက်နှင့် မိမိတို့  ရွေးချယ်ထားသည့် စကားဝိုင်း၏ ခေါင်းစဉ်ကို     အကွက်ကျကျပြောဆို နေသည့် အမှာစကားအပေါ် ဝန်ထမ်းများ စိတ်ဝင်စားနေကြပါသည်။
“စိုက်ပျိုးရေးနဲ့      ပတ်သက်ပြီးတော့ တကယ်တမ်းပြောရမယ်ဆိုရင် ကျွန်တော် တို့    မြန်မာနိုင်ငံက   ရေအရင်းအမြစ် ကြွယ်ဝတယ်။    မြန်မာနိုင်ငံရဲ့   မြေပေါ် ရေသယံဇာတ    ပမာဏဟာ     ဧကပေ  ၈၇၆ သန်းကျော်ရှိတယ်။  အဲဒီအထဲက လက်ရှိထုတ်ယူသုံးစွဲနေတာ  ၂ ဒသမ ၃ ရာခိုင်နှုန်းပဲ     ရှိသေးတယ်။   လယ်ယာ ကဏ္ဍအတွက်           လက်ရှိသုံးစွဲနေတဲ့ ရေအရင်းအမြစ်ကတော့    အဓိကအား ဖြင့်  မြစ်၊  ချောင်း၊ အင်း၊  အိုင်၊ ဆည်၊ တာတမံတွေက  ရေနဲ့ မြေအောက်ရေကို ထုတ်ယူအသုံးပြုခြင်းပဲ     ဖြစ်တယ်။ မြစ်ချောင်းတွေက  ရေကို ရေလှောင်တမံ တွေ၊ ရေလွှဲဆည်တွေ တည်ဆောက်ပြီး အသုံးပြုတာရှိသလို မြစ်ရေတင်စီမံကိန်း တွေကနေ ရေပေးဝေတာ၊  မြေအောက် ရေတွင်းတူးဖော်ပြီး     ရေပေးဝေတာရှိ တယ်။”
“ဘယ်နည်းနဲ့ပဲ ရေပေးပေး စနစ်တကျ စီမံခန့်ခွဲမှုအရေးကြီးတယ်။     ပြီးခဲ့တဲ့ သုံးလလောက်က   ကျွန်တော်လယ်ဝေး မြို့နယ် မဲဒီးရွာမှာ  ကောက်စိုက်စက်နဲ့ ကောက်စိုက်တာ    သရုပ်ပြပွဲလုပ်တော့ တက်ရောက်လာတဲ့တောင်သူတစ်ဦးက “အဘတို့     ဒီမှာလယ်တွေ   ထွန်ယက် ပြီးလို့         ကောက်တောင်စိုက်နေပြီ။ ကျွန်တော့်လယ်မှာတော့ ရေတစ်စက်မှ မရသေးလို့  အခုချိန်အထိ  မြေပြင်ဖို့တောင် ခက်နေတယ်။ ဆည်ရေဘယ်တော့ပေးမှာ လဲလို့   လာပြီးမေးတယ်။    ကျွန်တော်နဲ့ အတူပါသွားတဲ့     ဆည်မြောင်း  ဒုတိယ ညွှန်ကြားရေးမှူးချုပ်က          ခင်ဗျား လက်တံခုနစ်   မြောင်းဖျားက  လယ်တွေ မဟုတ်လား။ ဒီမနက် ရေစပြီးလွှတ်ပေး နေပြီ။    အရေးကြီးတာက   ခင်ဗျားတို့ ရေပေးမြောင်း၊ လယ်ကြားမြောင်းတွေကို နည်းနည်းပြန်ပြီးဆယ်လိုက်၊      အထဲ မှာမြက်တွေ၊ ပေါင်းတွေရှိရင် ရေသွားတာ နှေးတာပေါ့။နောက်ပြီး ရေပေးမြောင်းဘေး ပျက်နေတာ          နည်းနည်းပြုပြင်ပေး၊ ကျွန်တော်တို့ဆည်မြောင်းက     ဝန်ထမ်း တွေလည်းလွှတ်ပေးမယ်။ ခင်ဗျားတို့က လည်း    ရေပေးမြောင်း၊   လယ်ကြား မြောင်းတွေ        ကောင်းအောင်တော့ လုပ်ကြ။ ကျွန်တော့် ဖုန်းနံပါတ်ယူသွား၊ ရေရောက်ရင်ဖုန်းဆက်လိုက်”     ဆိုပြီး ဖုန်းနံပါတ်ပေးလိုက်တယ်။ အဲဒီညနေ ဖောင်းလောင်ဆည်မှာ        ကျွန်တော့်ကို ဆည်အကြောင်းရှင်းပြနေတုန်း    ဆည် မြောင်း     ဒုတိယညွှန်ကြားရေးမှူးချုပ် ဖုန်းမြည်လာတယ်။          စောစောက တောင်သူဆီက ဖုန်းဆက်လာတာ၊   သူ့ လယ်ထဲ ရေရောက်ပြီတဲ့။
နိုင်ငံအတွက်ပါ အရေးကြီး
အဲဒီတော့ ရေစီမံခန့်ခွဲမှုက  အလွန် အရေးကြီးတယ်။ ဒါ့ကြောင့် ဆည်မြောင်း ဦးစီးဌာနက      ရေအသုံးချသူများအဖွဲ့ (WUG- Water User Group)၊ ရေအသုံး ချသူများအသင်း  (WUA- Water User Association) တွေဖွဲ့ပြီး တောင်သူတွေ ကို စနစ်တကျ ပညာပေးနေတာ။ စိုက်ပျိုး ရေလုတာကတော့     အခုမှမဟုတ်ဘူး။ မြတ်စွာဘုရား      လက်ထက်ကတည်းက ကောသလပြည်နဲ့      ကပိလဝတ်ပြည်တို့ ဂင်္ဂါမြစ်ရေ၊ စိုက်ပျိုးရေလုပွဲဖြစ်ကြတယ်။ ပထမတော့      တောင်သူတွေနဲ့    စပြီး ဖြစ်ကြတယ်။ နောက်ပိုင်း ရှင်ဘုရင်တွေ ပါ ပါလာပြီး နှစ်ပြည်ထောင် စစ်ဖြစ်ပွား တော့မယ့်       အခြေအနေရောက်တော့ မြတ်စွာဘုရားကိုယ်တော်တိုင်ကြွလာပြီး “မဟာသမယသုတ်”   တရားတော်ကို ဟောကြားချီးမြှင့်တော်မူပြီး      စိုက်ပျိုး ရေလုပွဲကို      အဆုံးသတ်စေခဲ့ရတယ်။ ဒါ့ကြောင့်    စိုက်ပျိုးရေစီမံခန့်ခွဲမှုဟာ အထူးအရေးကြီးတယ်။ ဒီနေ့စကားဝိုင်း ဟာ      စိုက်ပျိုးရေးဆောင်ရွက်နေတဲ့ တောင်သူလယ်သမားများအတွက်သာ မက  စိုက်ပျိုးမွေးမြူရေးကို  အခြေခံတဲ့ ကျွန်တော်တို့        မြန်မာနိုင်ငံအတွက်ပါ အရေးကြီးတာကြောင့်      ကျင်းပပြုလုပ် ပေးခြင်းဖြစ်ကြောင်း        ပြောကြားလိုပါ တယ်။
ဒီနေ့စကားဝိုင်းမှာ    ဆည်မြောင်းနဲ့ ရေအသုံးချမှု     စီမံခန့်ခွဲရေးဦးစီးဌာနတည်ဆောက်ရေး (၆) က  ဦးကောင်းမြတ် သိန်းက    ဦးဆောင်ဆွေးနွေးသူအဖြစ် တာဝန်ယူပြီး ဆည်မြောင်းပညာရပ်ဖွံ့ဖြိုး မှု လေ့ကျင့်ရေးဌာနခွဲက ညွှန်ကြားရေး မှူး            ဒေါက်တာမောင်မောင်နိုင်၊  ဖြည့်တင်းရေးဌာနခွဲက ဒုတိယညွှန်ကြား ရေးမှူး ဦးအောင်သီဟ၊   မန္တလေးတိုင်း ဒေသကြီးက     လက်ထောက်ညွှန်ကြား ရေးမှူး   ဦးတင်မြင့်အောင်၊   ရေအရင်း အမြစ် မြေအောက်ရေဌာနခွဲက ဦးအောင် ခိုင်မိုးနဲ့           စိုက်ပျိုးရေးဦးစီးဌာနခွဲ လက်ထောက်             ညွှန်ကြားရေးမှူး   ဒေါက်တာမျိုးကျော်သူတို့က       ပါဝင် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဒီဆရာတွေ အနေနဲ့    သူတို့ဖြတ်သန်းလာခဲ့ကြရတဲ့      ဘဝ        အတွေ့အကြုံအပေါ်မူတည်ပြီး    “လယ်ယာကဏ္ဍအတွက်      ရေအရင်း အမြစ်စီမံခန့်ခွဲရေး”   ဟာ    ဘယ်လောက် အရေးကြီးတယ်။    ဘာတွေလုပ်သင့် တယ်။ ပြဿနာတစ်ခု ဖြစ်ပွားလာရင်  ဘယ်လိုဖြေရှင်းကြမယ်       ဆိုတာကို ရှင်းလင်းဆွေးနွေးကြမယ်လို့ မျှော်လင့် ရတာကြောင့် အတော်လေးကို စိတ်ဝင် စားဖွယ်ရှိမယ့်          ဆွေးနွေးပွဲတစ်ပွဲ ဖြစ်လာမယ့်အတွက် အားလုံးစိတ်ပါဝင် စားစွာ  နားထောင်ကြပါ။  ပြီးရင်လည်း မရှင်းလင်းတာတွေကို     ပါဝင်မေးမြန်း ဆွေးနွေးကြပါလို့  ပြောကြားရင်း နိဂုံး ချုပ်ပါတယ်။”
စိုက်ပျိုးရေး၊          မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး က         အမှာစကားကို       အားပါးတရ ပြောကြားရင်း နိဂုံးချုပ်လိုက်သည်။
ကျင်းပပြီးသော ဆွေးနွေးပွဲများ
ဤကဲ့သို့သော ဗုဒ္ဓဟူးနေ့စကားဝိုင်း များကို    ၂ဝ၂၁  ခုနှစ်  စက်တင်ဘာလ ကတည်းက     စတင်ကျင်းပခဲ့ခြင်းဖြစ် သည်။ နိုင်ငံတော်၏ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့်       ဆည်မြောင်းကဏ္ဍ       ဖွံ့ဖြိုး တိုးတက်ရေးအတွက်    ဆွေးနွေးရင်း အဖြေရှာကြရန် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ         လတစ်လ၏ ပထမပတ်       ဗုဒ္ဓဟူးနေ့တွင်       ကျင်းပခဲ့   ကြခြင်း ဖြစ်ပါသည်။


၂ဝ၂၁   ခုနှစ်  စက်တင်ဘာ  ၈  ရက် တွင်    ပထမအကြိမ်အဖြစ်    “မြန်မာ နိုင်ငံ၏ စားသုံးဆီကဏ္ဍဖွံ့ဖြိုးတိုးတက် ရေး” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး ဒုတိယ အကြိမ်တွင် “မြန်မာနိုင်ငံ  နွားမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊” တတိယ အကြိမ်တွင် “မြန်မာနိုင်ငံ၏ ဝါသီးနှံ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊”    စတုတ္ထ အကြိမ်တွင် “မြန်မာနိုင်ငံ  ငါးလုပ်ငန်း ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး”၊  ပဉ္စမအကြိမ် တွင် “ICT in Agriculture: Present and Future၊”   ဆဋ္ဌမအကြိမ်တွင်   “စိုက်ပျိုး မွေးမြူရေးပညာရှင်များ မွေးထုတ်ပေး ရေး၊” သတ္တမအကြိမ်တွင်  “အသားစား နွားမွေးမြူရေး     တန်ဖိုးကွင်းဆက်၊” အဋ္ဌမအကြိမ်တွင် “လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက်     သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊”   နဝမအကြိမ်တွင် “ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု       ဖွံ့ဖြိုး  တိုးတက်ရေး၊”  ဒသမကြိမ်တွင် ရော်ဘာ တန်ဖိုး ကွင်းဆက်ဖွံ့ဖြိုးတိုးတက်ရေး”၊ (၁၁) ကြိမ်မြောက်တွင် “လယ်ယာကဏ္ဍ တွင် စက်မှုလယ်ယာစနစ်ဖွံ့ဖြိုးတိုးတက် ရေး”၊(၁၂) ကြိမ်မြောက်တွင်  “ငါးသယံဇာတ ထိန်းသိမ်းရေး၊”  (၁၃) ကြိမ်မြောက်တွင် “ကြံသီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး” နှင့် (၁၄)  ကြိမ်မြောက်တွင်  “လယ်ယာမြေ စီမံခန့်ခွဲရေး         ဖွံ့ဖြိုးတိုးတက်ခြင်း” ခေါင်းစဉ်များဖြင့်   စကားဝိုင်းဆွေးနွေး ပွဲများ ကျင်းပခဲ့ကြပြီးဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ ဝန်ကြီးတို့ ကိုယ်တိုင်တက်ရောက်
ဆွေးနွေးပွဲ    စကားဝိုင်းတိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊  ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ ဝန်ထမ်း များ တက်ရောက်ခဲ့ကြသည်။ ပြည်နယ် နှင့်   တိုင်းဒေသကြီးများမှ   စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်      ဆည်မြောင်းဝန်ကြီး ဌာန    ဝန်ထမ်းများလည်း    အွန်လိုင်းဖြင့် တက်ရောက်ခဲ့ပြီး ပါဝင်မေးမြန်းဆွေးနွေး ကြသည်။      ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့ကိုယ်တိုင်  တက်ရောက် အမှာစကားပြောကြား၍    ဆွေးနွေးပွဲ အပြီးတွင်လည်း      သုံးသပ်ဆွေးနွေး ပြောကြားကြသဖြင့်    စကားဝိုင်းများက စိုပြည်လှသည်။             အနှစ်သာရရှိလှပါ သည်။
“အဲဒီတော့          ကနေ့စကားဝိုင်းကို ပြန်ပြီးသုံးသပ်ကြည့်ရင် ရေဟာ သဘာဝ အရင်းအမြစ်ဖြစ်ပေမယ့်  အဲဒီသဘာဝ အရင်းအမြစ်ကို စနစ်တကျချွေတာသုံးစွဲ ကြဖို့လိုတယ်။  လူတိုင်းလူတိုင်း   ရေကို မျှမျှတတသုံးစွဲနိုင်ရေး၊       ရေအသုံးချမှု အခွင့်အရေး       (Water  Right)    ကို သာတူညီမျှရရှိဖို့အတွက်      လိုအပ်တဲ့ ပြဋ္ဌာန်းချက်တွေ        ပြဋ္ဌာန်းပေးဖို့လိုတယ်။ တစ်ဖက်ကလည်း ရေအရင်းအမြစ်စီမံ ခန့်ခွဲရေးကို စနစ်တကျဆောင်ရွက်ကြဖို့၊ ရေတိုရေရှည်စီမံကိန်းတွေ   ရေးဆွဲပြီး အကောင်အထည်ဖော်        ဆောင်ရွက် ကြဖို့လိုတယ်။ ဒါနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ နှစ် နွေရာသီမှာ ရေအလွန်အခက်အခဲ ရှိတဲ့ မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် လယ်စုညောင်ပင်ရွာမှာ ကျွန်တော်တို့ ဝန်ကြီးဌာန  ဆည်မြောင်းနဲ့  ရေအသုံးချ ရေး စီမံခန့်ခွဲရေးဦးစီးဌာနက ရေအောက် တမံ   (Underground Dam)   တစ်ခု ဆောက်ပေးခဲ့တယ်။  အဲဒီတမံဆောက် ပေးပြီး   သုံးလလောက်ကြာတော့   အဲဒီ ရေအောက်တမံရဲ့ အခြေအနေနဲ့ အကျိုး ဖြစ်ထွန်းမှုရှိမရှိ       ကျွန်တော်သွားပြီး ကြည့်တယ်။ ကျွန်တော်ရောက်လာမှန်း သိတော့ ရွာသားတွေရောက်လာကြပြီး ကျေးဇူးတင်ကြောင်း    လာပြီးပြောကြ တယ်။ ချောင်းထဲမှာ ဟင်းသီးဟင်းရွက် ပင်လေးတွေစိုက်လို့ရပြီး       ရွာထဲက ရေတွင်းတွေလည်း     ရေမျက်နှာပြင် မြင့်တက်လာတယ်လို့  ပြောကြတယ်။”
အားလုံးသိကြတဲ့အတိုင်း     ရွာမှာ သဲချောင်းတွေက   မိုးရွာလာရင်   ရေ ဒလဟောစီးပြီး  ကားတွေ၊ လူတွေ၊  နွား လှည်းတွေတောင် ရေထဲမျောပါပြီး အသက် ဆုံးရှုံးကြရတယ်။ အဲမိုးရွာပြီး (သုံး-လေး) နာရီ လောက်လည်းကြာရော ချောင်းထဲ မှာ ရေတစ်စက်မှ  မရှိတော့ဘူး။  မိုးရွာရင် ရေစီးကြမ်းပြီး အန္တရာယ်ပေးတဲ့  နေရာ မှာ ဒေါင်းသေချောင်းက  နာမည်ကြီးပဲ။  ရေအောက်တမံဆိုတာက             ချောင်း အကျဉ်းဆုံးနေရာ၊ အောက်ခြေသေချာတဲ့ နေရာမှာ    ချောင်းကိုအုတ်တံတိုင်းနဲ့ ကန့်လန့်ဖြတ်ပိတ်ပေးလိုက်တာပဲ။ အဲဒီ ရွာမှာ       အဲဒီလိုလုပ်ပေးလိုက်တော့ ကျေးဇူးတင်ကြလွန်းလို့လာပြီး ကျေးဇူး တင်စကားပြောကြတာ။     အဲဒီတော့ နိဂုံးချုပ်အနေနဲ့     ပြောကြားချင်တာ ကတော့    သဘာဝအရင်းအမြစ်ရေကို စနစ်တကျစီမံခန့်ခွဲပြီး အသုံးချကြမယ် ဆိုရင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ပြီး လူ့ဘောင်လောက ငြိမ်းချမ်းသာယာမှာ လို့ ပြောကြားရင်း နိဂုံးချုပ်ပါတယ်။”
ဒုတိယဝန်ကြီးက  ရေအရင်းမြစ်စီမံ ခန့်ခွဲရေးနှင့်    ချွေတာသုံးစွဲရေးကို‌  ပြော ကြားရင်း သူ့စကားကို နိဂုံးချုပ်လိုက်ပါ သည်။
စိုက်ပျိုးရေး၊           မွေးမြူရေးနှင့် ‌ဆည်မြောင်းဝန်ကြီးဌာန၏ စကားဝိုင်း များသည်      လယ်ယာကဏ္ဍ    ဖွံ့ဖြိုး တိုးတက်ရေးသာမက     တိုင်းပြည်၏ စားနပ်ရိက္ခာဖူလုံရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးအတွက် အကျိုးရှိလှပါသည်။  သည် အတွေးကြောင့်လည်း ယခု “စိုက်မွေး ဆည်ဝန်ကြီးဌာန          စကားဝိုင်းမှသည်”       ဆောင်းပါးကို ရေးဖြစ်ပါသည်။        ။