ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၂၈၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများ ဖမ်းဆီးရမိ

 

နေပြည်တော်  နိုဝင်ဘာ  ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီ လိတ်မြို့နယ်တွင်  ငွေကျပ်သိန်း   ၂၈၀၀  ကျော်   တန်ဖိုးရှိ    ဘိန်းဖြူ ဘလောက်တုံးများ  ဖမ်းဆီးရမိခဲ့ ကြောင်း  မြန်မာနိုင်ငံ  ရဲတပ်ဖွဲ့မှ သိရသည်။ 
ဖြစ်စဉ်မှာ    မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး  ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် နိုဝင်ဘာ ၇ ရက် နံနက် ၉ နာရီခွဲတွင်   ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်   ဝမ်တုံကျေးရွာအနီး ဝမ်တုံ-မယ် ဆိုင်ရေချောင်းသွား  ကားလမ်း တွင်   ဝမ်တုံဘက်မှ    မယ်ဆိုင်ရေ ချောင်းဘက်သို့    စိုင်းဆုတ်(ခ)စိုင်းကျော်  မောင်းနှင်ပြီး  စိုင်းစိုင်း (ခ)  အိုက်ကျိုင်း (ခ)  စိုင်းဖွန်း လိုက်ပါလာသည့် ဆိုင်ကယ်ကို သတင်းအရရှာဖွေရာ  ဆိုင်ကယ် ပေါ်ရှိ      စက္ကူဂျပ်ဖာအတွင်းမှ  ဒေသကာလတန်ဖိုးငွေကျပ် ၂၈၃၅ သိန်းတန်ဖိုးရှိ ဘိန်းဖြူဘလောက် တုံး ၅၄ တုံး(အလေးချိန် ၁၈ ဒသမ  ၉ ကီလို)     သိမ်းဆည်းရမိခဲ့ပြီး  စစ်ဆေးဖော်ထုတ်ချက်အရ ဘိန်း ဖြူဘလောက်တုံးများကို    ရှမ်း ပြည်နယ်(အရှေ့ပိုင်း) တာချီလိတ် မြို့နယ်မှ မြန်မာ-လာအို နယ်စပ် သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့်  ၎င်းတို့  နှစ်ဦးအား ဥပဒေအရ    အရေးယူထားရှိပြီး ကွင်းဆက်       ပြစ်မှုကျူးလွန် သူများကို            ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း  သိရသည်။                              
 သတင်းစဉ်