
နေပြည်တော် နိုဝင်ဘာ ၇
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်၌ အကြမ်းဖက်သမားများက လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်စေရန် ရည်ရွယ်၍ သံကူကွန်ကရစ်တံတားတစ်စင်းအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၆ ရက် နံနက် ၆ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် ညောင်အိုင်ကျေးရွာ နှင့် ကျောက်တန်းကျေးရွာတို့ကို ဆက်သွယ် ဖောက်လုပ်ထားသည့် ကျောက်တန်း - ညောင်အိုင်ကျေးရွာ သွားလမ်းပေါ်ရှိ အလျား ပေ ၄၄၀၊ အကျယ် ပေ ၂၀ ခန့်ရှိသည့် သံကူ ကွန်ကရစ်အမျိုးအစား ညောင်အိုင် ချောင်းကူးတံတားအား အကြမ်းဖက် အဖွဲ့(စိစစ်ဆဲ)က မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးသွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါတံတားတွင် မိုင်းပေါက်ကွဲမှုကြောင့် ကျောက်တန်း ကျေးရွာဘက်ခြမ်းမှ တံတားပေ ၆၀ ခန့်တွင် ဝဲဘက်ကြမ်းခင်း ၄ ပေ ပတ်လည်ခန့်၊ တံတားလက်ရန်းတိုင် ၃ တိုင်နှင့် တံတားထောက်တိုင်အမှတ် P-10 အပေါ်ရှိ သံပေါင်ပျက်စီးနေ သည်ကို တွေ့ရှိရပြီး မော်တော်ယာဉ် ဖြတ်သန်းသွားလာမှုများ ပြတ်တောက် မှု မရှိကြောင်းနှင့် တာဝန်ရှိသူများ က တံတားကို ပြန်လည်ပြုပြင်ခြင်း များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ အများပြည်သူများသွားလာ ရေး အဆင်ပြေချောမွေ့စေရန် ဆောက် လုပ်ထားသည့် သံကူကွန်ကရစ် ချောင်းကူးတံတားအား မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့သူ အကြမ်းဖက် သမားများကို ဖော်ထုတ်ဖမ်းဆီး အရေး ယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်