အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများ လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများကို ဖော်ထုတ်အရေးယူ

 

နေပြည်တော်   နိုဝင်ဘာ   ၅
အကြမ်းဖက်အုပ်စုအဖြစ်      ကြေညာထားသော CRPH၊ NUG နှင့်    ယင်းတို့၏    လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည်  နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို     ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ  ဖြစ်ပေါ်စေ ပြီး အစိုးရယန္တရားများ  ပျက်ပြားစေရန်ရည်ရွယ် လျက် လှုံ့ဆော်ခြင်း၊  ဝါဒဖြန့်ခြင်း၊  ခြိမ်းခြောက်ခြင်း များကို  လူမှုကွန်ရက်များမှတစ်ဆင့်   နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
ပြည်သူများအနေဖြင့် ယင်းတို့၏  လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ်      မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံ ဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့် ဖြစ်စေ     အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့်  ပြုလုပ်မှုများပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှု များကို ထပ်ဆင့်ဝေမျှခြင်း၊  အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး  ဥပဒေ ပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက် ရေးဥပဒေပုဒ်မ ၃၃ (က)နှင့်  တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင်  ပြစ်မှုနှင့်  သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊   မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို  အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ အရ   သိမ်းဆည်းခံရနိုင်ပြီး  ပြစ်မှုထင်ရှားစီရင်ခြင်း ခံရပါက  နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင် ကြောင်း ၂၀၂၂ ခုနှစ်  ဇန်နဝါရီ ၂၅ ရက်တွင် နိုင်ငံပိုင် မီဒီယာများမှတစ်ဆင့်  အသိပေးသတင်းထုတ်ပြန် ခဲ့ပြီးဖြစ်သည်။
ထိုကဲ့သို့ အသိပေး သတင်းထုတ်ပြန်ခဲ့ပြီးဖြစ် သော်လည်း မကွေးတိုင်းဒေသကြီး  မြိုင်မြို့နယ် အမှတ်(၂)ရပ်ကွက်နေ   ဝတ်ရည်ငြိမ်းသည်   ၎င်း အသုံးပြုသည့်    “Wutt Yee Nyein”   Facebook အကောင့်ဖြင့် အသိပေး သတင်းထုတ်ပြန်ချက်အပေါ်     မျက်ကွယ်ပြု၍     နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ကို    ပျက်ပြားစေရန်ရည်ရွယ်လျက်  လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ    ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ    ဖမ်းဆီးထိန်းသိမ်း   အမှု ဖွင့်လှစ် အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရသည်။
ထိုကဲ့သို့   CRPH ၊   NUG    နှင့်   ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊      ယင်းတို့နှင့် ဆက်နွှယ်နေသော  အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ သည်       နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့်  အစိုးရယန္တရားများ ပျက်ပြား စေရန် ရည်ရွယ်လျက်  လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း များ ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်း ပြုလုပ်ခဲ့ သူများအား ဥပဒေနှင့်အညီ    ထိရောက်စွာအရေးယူ သွားမည်ဖြစ်ကြောင်းနှင့်   ထိုသို့လှုံ့ဆော်သူ၊   ဝါဒ ဖြန့်သူများအား      ဆက်လက်ဖော်ထုတ်အရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။        


သတင်းစဉ်