
ဟိုပန် နိုဝင်ဘာ ၅
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်ခရိုင် ဟိုပန်မြို့နယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲ နေ့ အထိမ်းအမှတ်အကြို အသိ ပညာပေးဟောပြောပွဲကို ယမန် နေ့ နံနက် ၁၀ နာရီက ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန လူထုအခြေပြုဗဟိုဌာနခန်းမ ၌ ကျင်းပသည်။
ဦးစွာ ဟိုပန်ခရိုင် ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးသိန်းအောင်က အမျိုး သားအောင်ပွဲနေ့ ပေါ်ပေါက်လာပုံ သမိုင်းကြောင်းကို ဟောပြောသည်။
ဆက်လက်၍ ဟိုပန်မြို့နယ် ရုံးကုန်းရပ်ကွက်ရှိ အခြေခံပညာ မူလတန်းလွန်ကျောင်း ကျောင်း အုပ်ဆရာမကြီး ဒေါ်ကေသွယ်ချမ်း က “အမျိုးသားနေ့ တို့မမေ့” ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောသည်။
ထို့နောက် ဟိုပန်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနက (၁၀၂) နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကဗျာ၊ ဆောင်ပါး၊ ဆောင်ပုဒ် နှင့် ကာတွန်းများ ပါဝင်သည့် အသိပညာပေး နံရံကပ်စာစောင် နှင့် ကလေးအလုပ်သမားပပျောက် ရေးဆိုင်ရာ၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးဆိုင်ရာ အချက်အလက်များ စသည့် အသိပညာ ပေးနံရံကပ်စာစောင် များကို ပြသခဲ့ကြောင်း သိရသည်။
သတင်းစဉ်