လွိုင်ကော် နိုဝင်ဘာ ၂
ကယားပြည်နယ် စက်မှုဇုန် ဒေသဆိုင်ရာကော်မတီ၏ စက်မှု လုပ်ငန်းများ တိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကယားပြည် နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီး ချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီး ချုပ် ဦးဇော်မျိုးတင် က အဖွင့် အမှာစကား ပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် တိုင်းဒေသ ကြီးနှင့် ပြည်နယ်များအလိုက် စီးပွားရေးမြှင့်တင်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိစေရန် ရည်ရွယ် ၍ မူဝါဒများချမှတ်ကာ စက်မှု ဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေး ဆောင်ရွက်လျက် ရှိကြောင်း၊ ပြည်နယ်အနေဖြင့် လည်း ပြည်နယ်အတွင်း လက်ရှိ ဆောင်ရွက်နေသည့် စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသည့် ထွက်ကုန်များနှင့် ပြည်နယ် အတွင်းရှိ သဘာဝအရင်းအမြစ် များမှ ထုတ်လုပ်ရရှိသည့် သယံ ဇာတများကို ကုန်ချောအဆင့်သို့ ပြုပြင်ထုတ်လုပ်နိုင်ရေး၊ ပြည်တွင်း ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ ထိုသို့စက်မှုဇုန် များ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် ပြည်နယ် အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ပုဂ္ဂလိက စက်မှုလုပ်ငန်းရှင်များ တက်ညီလက်ညီ ပူးပေါင်းပါဝင် ကူညီဆောင်ရွက် ပေးကြစေလို ကြောင်း မှာကြားသည်။
ထို့နောက် ပြည်နယ်စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီး ဌာန ဦးစီးမှူးက စက်မှုဇုန်ဒေသ ဆိုင်ရာ ကော်မတီ၏ လုပ်ငန်းများ နှင့်စပ်လျဉ်း၍ လည်းကောင်း၊ စက်မှုလက်မှု လုပ်ငန်းရှင်များက လုပ်ငန်း လိုအပ်ချက်များကို လည်းကောင်း ဆွေးနွေးတင်ပြ ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြ ဆွေးနွေးမှုများအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရ မည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြန်လည် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကိုဇင်(လွိုင်ကော်)



