မတူပီမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်း လျှောက်ထားခြင်းဆိုင်ရာ လိုအပ်ချက်များ အသိပညာပေး

 

မတူပီ   နိုဝင်ဘာ  ၂


မတူပီမြို့နယ်အတွင်းမှ ပြည်သူများအနေဖြင့် အသက် ၁၀ နှစ်ပြည့်/ ၁၈ နှစ်ပြည့်  နိုင်ငံသားစိစစ်ရေးကတ်များနှင့်   အိမ်ထောင်စုလူဦးရေ စာရင်း ပုံစံ(၆၆/၆)များ ပြုလုပ်ရန် မတူပီခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ  ဦးစီးမှူးရုံးသို့ လျှောက်ထားရာတွင် ယူဆောင် လာရမည့် အထောက်အထားများကို သိရှိနိုင်ရန်အတွက် အသိပညာပေး လက်ကမ်းစာစောင်များကို  အောက်တိုဘာ  ၂၉  ရက်က စန်ဘောင် ရပ်ကွက် စန်ဘောင်လမ်းဆုံ၌ ဖြန့်ဝေပေးသည်။

 


ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်   ပြည်သူ့အင်အားဆိုင်ရာ  ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး  ဦးစိုင်းသန်းလှိုင်နှင့်   ရုံးဝန်ထမ်းများ၊ မြို့နယ်ဦးစီးအရာရှိ    ဦးမောင်မောင်နှင့်    ရုံးဝန်ထမ်းများပူးပေါင်း၍ လက်ကမ်းစာစောင်များ    ဖြန့်ဝေခြင်းဖြစ်ပြီး    ပြည်သူများအနေဖြင့် လိုက်နာရမည့်  အသိပေးထုတ်ပြန်ချက်ဖြစ်ကြောင်း၊   ပန်းခင်းစီမံချက် လုပ်ငန်းများအောင်မြင်စေရေးအတွက်      အသိပညာပေး    လက်ကမ်း စာစောင်     ၂၀၀    ဖြန့်ဝေခြင်းဖြစ်ပြီး     နောက်ရက်များတွင်လည်း ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ခရိုင်(ပြန်/ဆက်)