ထားဝယ် နိုဝင်ဘာ ၂
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ရေပေးဝေရေးစီမံကိန်းနှင့် စပ် လျဉ်း၍ မြေငှားရမ်းခြင်းဆိုင်ရာ သဘောတူစာချုပ် (မူကြမ်း) စိစစ် ရေးနှင့် မြိတ်မြို့ နိုင်ငံတကာ အဆင့်မီ အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးနှင့် စက်မှုဇုန်စီမံ ကိန်း ဖြစ်မြောက်နိုင်စွမ်း ရှိ/မရှိ လေ့လာစမ်းသပ်ဆောင်ရွက်ခြင်း ဆိုင်ရာ နားလည်မှုမှတ်တမ်း F.S (MoU)(မူကြမ်း) တို့အား စိစစ် သည့် အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ထားဝယ်မြို့ရှိ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အစည်းအဝေးတွင် တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက အမှာစကား ပြောကြားပြီး မြိတ်ကော်ပိုရေးရှင်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီ လီမိတက်က မြေငှားရမ်းခြင်း ဆိုင်ရာသဘောတူစာချုပ် ( Land Lease Agreement) (မူကြမ်း)နှင့်ပတ်သက်၍ လည်းကောင်း၊ မြိတ်မြို့ နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ငါးလေလံ ဈေးနှင့် စက်မှုဇုန်စီမံကိန်း ဖြစ်မြောက်နိုင်စွမ်း ရှိ/မရှိ လေ့လာစမ်းသပ်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုမှတ်တမ်း F.S (MoU)(မူကြမ်း)နှင့် ပတ်သက်၍လည်း ကောင်း ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့ပြင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြု အခမ်းအနားအတွက် ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၃ နာရီက ထားဝယ်မြို့ တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဂုဏ်ပြု ယာဉ်များတွင် ပြသဆောင်ရွက် မှုနှင့်ပတ်သက်၍ တိုင်းဒေသကြီး ၏ ဂုဏ်သိက္ခာကို ပြသနိုင်ရန် အတွက် ဝိုင်းဝန်းပြီးလုပ်ဆောင် ပေးကြရန်လိုအပ်ကြောင်း၊ ပြခန်း များတွင် တိုင်းအတွင်း ထင်ရှား သည့်နေရာများ၊ ဒေသထွက်ကုန် များစုံလင်အောင် ခင်းကျင်းပြသ နိုင်ရန်အတွက် အကြံပြုဆွေးနွေး ကြစေလိုကြောင်း ဌာနဆိုင်ရာများ အနေဖြင့် စိန်ရတုပြည်ထောင်စု နေ့အတွက် ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံရှိပြီး ဖြစ်သော ကြောင့် အခက်အခဲမရှိလုပ်ဆောင် နိုင်မည်ဟု ယုံကြည်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို က ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးများနှင့် ဌာနဆိုင်ရာများက ဂုဏ်ပြုယာဉ်များတွင် ပြသထားရှိ မည့် တိုင်းဒေသကြီး၏ တန်ခိုး ကြီးထင်ရှားသော ဘုရားများ၊ ဒေသမှထွက်ရှိသော ရော်ဘာပင် များနှင့် ပစ္စည်းများ၊ အထင်ကရ နေရာများနှင့် ပြခန်းတွင်ပြသ ရောင်းချမည့် ဒေသထွက်ကုန်များ နှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး တင်ပြရာ တိုင်းဒေသကြီးဝန်ကြီး ချုပ်က ဆွေးနွေးတင်ပြချက်များအပေါ်တွင် ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
သတင်းစဉ်



