မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့မှ ကျွမ်းကျင်လုပ်သားများ မွေးထုတ်၍ အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးလျက်ရှိ

 

ရန်ကုန်   အောက်တိုဘာ    ၂၁


မြန်မာနိုင်ငံလုပ်သားများ ကျွမ်း ကျင်မှု “စံ”သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့(NSSA)၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ် ပေးအပ် ပွဲနှင့်     အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ်      ကင်းရှင်းရေး နှင့်     ကျန်းမာရေးကွန်ရက်ဆု ဝင်ရောက်    ယှဉ်ပြိုင်ခဲ့ကြသည့် စက်ရုံ၊   အလုပ်ရုံများအား  အသိ အမှတ်ပြုလက်မှတ်    ပေးအပ်ပွဲ အခမ်းအနားကို  ယနေ့နံနက်ပိုင်း တွင် ရန်ကုန်မြို့ ဆောက်လုပ်ရေး ဝန်ကြီးဌာန      ဗဟိုသင်တန်း  ကျောင်း  သုဝဏ္ဏခန်းမ၌ ကိုဗစ်-၁၉ ဆိုင်ရာ စည်းမျဉ်းစည်းကမ်း များနှင့်အညီ ကျင်းပသည်။

 


အခမ်းအနားတွင် မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု   “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး      ဦးဝင်းရှိန်က မြန်မာနိုင်ငံ        လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်း ရေးအဖွဲ့ (NSSA)မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင်    လုပ်သား ၅၀၀၀   စစ်ဆေးအကဲဖြတ်ရန် လျာထားပြီး  အလုပ်အကိုင်အမျိုး အစားအလိုက် ကျွမ်းကျင်လုပ်သား များ       မွေးထုတ်၍ အသိအမှတ်ပြု        လက်မှတ်များ   ထုတ်ပေးလျက်ရှိ ကြောင်း၊ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးခြင်းဖြင့် လုပ်သား များ၏ လူမှုစီးပွားဘဝတိုးတက်စေ နိုင်ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု အတွက်   များစွာအထောက်အပံ့ ဖြစ်စေကြောင်း၊    ကျွမ်းကျင် လုပ်သား  အများဆုံးလိုအပ်သော အလုပ်အကိုင်များကိုသာ   ဦးစား ပေး    စစ်ဆေးအကဲဖြတ်လျက် ရှိကြောင်း။

 


လူ့စွမ်းအား    အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွမ်း ကျင်လုပ်သား       မွေးထုတ်ရေး လုပ်ငန်းသည် အလုပ်ရှင်၊ အလုပ် သမား၊ နိုင်ငံတော်အတွက် များစွာ အကျိုးရှိစေ၍    ကျွမ်းကျင်မှု အသိအမှတ်ပြုခံရသည့် လုပ်သား များအနေဖြင့်    အခြေခံကျွမ်းကျင် လုပ်သားအဆင့်မှ   ကျွမ်းကျင် လုပ်သား၊     ဘက်စုံကျွမ်းကျင် လုပ်သား၊ ကြီးကြပ်သူနည်းပညာ ရှင် (ကျွမ်းကျင်မှုအဆင့်-၄ အထိ) အသိအမှတ်ပြုခံရရေး   ကြိုးစား ဆောင်ရွက်စေလိုကြောင်း၊ မြန်မာ့ လုပ်သားထုကျွမ်းကျင်မှု    ဖွံ့ဖြိုး တိုးတက်ရေး   လုပ်ငန်းစဉ်တွင် အစိုးရ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ ပုဂ္ဂလိကသင်တန်းကျောင်းများ ပူးပေါင်းပါဝင်  ဆောင်ရွက်ပေး လျက်ရှိသဖြင့် မိမိတို့အသက်မွေး ဝမ်းကျောင်း   လုပ်ငန်းအလိုက် ကျွမ်းကျင်မှု     အသိအမှတ်ပြု လက်မှတ်များရယူရန် စဉ်ဆက် မပြတ်   လေ့လာသင်ယူမှုပြုနိုင် ရေး  လုပ်ဖော်ကိုင်ဖက်  လုပ်သား များကို  အသိပေးစေလိုကြောင်း ပြောကြားသည်။ 

 


 ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည်   ကျွမ်းကျင် လုပ်သား ၅၄၃ ဦး၊ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာန ရှစ်ခု၊ Inspector ခုနစ်ဦးနှင့် Assessor ၁၄  ဦးတို့ကို  အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြု   လက်မှတ်များ ပေးအပ်ခဲ့ပြီး ASEAN လုပ်ငန်းခွင် ဘေးအန္တရာယ်    ကင်းရှင်းရေး နှင့်     ကျန်းမာရေးကွန်ရက်ဆု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် စက်ရုံ၊ အလုပ်ရုံများမှ တာဝန်ခံများကို ဂုဏ်ပြုလက်မှတ်ပေးအပ်သည်။    

 


NSSA အနေဖြင့် ၂၀၁၄ ခုနှစ်မှ ၂၀၂၂ ခုနှစ် အောက်တိုဘာလအထိ အလုပ်အကိုင် အမျိုးအစားပေါင်း ၃၁ မျိုးအတွက် လုပ်သား ၂၁၀၉၇ ဦးကို      စစ်ဆေးအကဲဖြတ်၍ ကျွမ်းကျင်မှုအဆင့်-၁ လုပ်သား ၁၇၉၃၉ ဦး၊ ကျွမ်းကျင်မှုအဆင့်-၂ လုပ်သား ၁၂၃၇ ဦးနှင့် ကျွမ်းကျင်မှု အဆင့်-၃ လုပ်သား ငါးဦး အပါ အဝင်   အရည်အသွေးပြည့်ဝသူ  ၁၉၁၈၁ ဦးကို မွေးထုတ်ပေးနိုင် ခဲ့ပြီး   ကျွမ်းကျင်မှု  စစ်ဆေးအကဲ ဖြတ်ရေးဌာန   ၁၉၉  ခုကို  အသိ အမှတ်ပြုနိုင်ခဲ့ကြောင်း သိရသည်။ 

 


ဆက်လက်၍  ဒုတိယဝန်ကြီး သည် ဒဂုံအရှေ့မြို့နယ်ရှိ West Wood   Myanmar  Co.,Ltd၊ Sanyuan Oversea Myanmar Co.,Ltd နှင့် General Enterprise Garnment   သို့   ရောက်ရှိပြီး လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းရေး အတွက်  အလုပ်ရှင်နှင့် လုပ်သား များမှ ကောင်းမွန်သည့် လုပ်ငန်း ခွင် ဆက်ဆံရေးတည်ဆောက်ရန် လိုကြောင်း၊   ကုန်ထုတ်စွမ်းအား မြင့်မားစေရေးအတွက်  ကျွမ်းကျင် လုပ်သားများ  ပြုစုပျိုးထောင်နိုင် သည်နှင့်အမျှ    ထုတ်ကုန်များကို အရည်အသွေးမီ၊      အချိန်မီ ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း၊ အလုပ်သမားရေးရာဥပဒေများနှင့် စပ်လျဉ်း၍    သိရှိလိုသည်များကို မိမိတို့ဦးစီးဌာန၊   အဖွဲ့ရုံးများသို့ ဆက်သွယ်   မေးမြန်းနိုင်ကြောင်း မှာကြားသည်။

 


ရန်ကုန်တိုင်းဒေသကြီး၊   ပဲခူး တိုင်းဒေသကြီး၊   ဧရာဝတီတိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသ ကြီးရှိ   စက်ရုံ၊  အလုပ်ရုံများတွင်  လုပ်ငန်းခွင်     ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးစီမံ ခန့်ခွဲမှုစနစ်ကို  ကိုယ်တိုင်ဆောင် ရွက်နိုင်ရန်       လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာ ရေးကော်မတီ ၁၃၀၀ ကျော် ဖွဲ့စည်း နိုင်ခဲ့ပြီး  ဦးစီးဌာနမှ  လုပ်ငန်းခွင် ပတ်ဝန်းကျင်        အခြေအနေ တိုင်းတာအကဲဖြတ်ခြင်းကို အကြိမ် (၉၀၀)  ကျော်   တိုင်းတာပေးနိုင်ခဲ့ ကြောင်း သိရသည်။  

သတင်းစဉ်