နေပြည်တော် အောက်တိုဘာ ၂၁
AHA Centre မှတစ်ဆင့် လှူဒါန်းမည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီစီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့ (Task Force) ၏ အဖွဲ့ဝင်အချို့ပါဝင် သည့် ဒုတိယအကြိမ် ကြားဖြတ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နိုင်ငံခြား ရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဒုတိယဥက္ကဋ္ဌ (၁) ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် လုပ်ငန်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။
အစည်းအဝေး၌ ပထမအကြိမ် ကြားဖြတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များ အပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု များကို ဆွေးနွေးခဲ့ကြပြီး အမှန်တကယ် လိုအပ်နေ သည့် ပြည်သူများထံသို့ ပိုမိုကျယ်ပြန့်သော လူသားချင်း စာနာမှုအကူအညီများ ပေးအပ်နိုင်ရေး လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆွေးနွေးခဲ့ကြသည်။ မြန်မာ နိုင်ငံအနေဖြင့် လူသားချင်းစာနာမှုအကူအညီများပေးအပ်ရာတွင် ခွဲခြားမှုမရှိစေရေးနှင့် မည်သူမျှ ချန်လှပ်ထားမှုမရှိစေရေးမူနှင့်အညီ ရှေ့ဆက် လုပ်ဆောင်မည့် အစီအစဉ်များ အကောင်အထည်ဖော် ဆောင်ရေးကိစ္စရပ်တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်



