တောင်ကြီး အောက်တိုဘာ ၂၀
ရှမ်းပြည်နယ်၏ ဒေသဖွံ့ဖြိုးရေးများကို အထောက် အကူပြုစေပြီး ဒေသတွင်းကုန်သည်လုပ်ငန်းရှင်များ ကိုလည်း အလုပ်အကိုင် အခွင့်အလမ်းများရှိစေရန် အတွက် ကုမ္ပဏီလေးခုမှ အခြားနည်း အသုံးပြုခွင့် လျှောက်ထားခြင်းနှင့်ပတ်သက်၍ လုပ်ငန်း ဆောင် ရွက်ချက်များကို လာရောက်ရှင်းလင်းခြင်းကို ယနေ့ နံနက် ၁၁ နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
ဦးစွာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ အဓိက ရည်မှန်းချက်အနေဖြင့် ပြည်နယ်အတွင်း နေထိုင် ကြသည့် ပြည်သူများ၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက် ရေး၊ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ ပြည်နယ်တွင်း ဘက်စုံ၊ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေး တို့ကို ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း၊ ရှမ်းပြည်နယ်၏ ဒေသဖွံ့ဖြိုးရေး များကို များစွာအထောက်အကူပြုစေမည်ဖြစ်ပြီး ဒေသတွင်း ကုန်သည်လုပ်ငန်းရှင်များကိုလည်း အလုပ်အကိုင် အခွင့်အလမ်းများရရှိစေ၍ ဒေသဖွံ့ဖြိုး ရေးကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဟိုတယ်စီမံကိန်းနှင့် ပတ်သက်သော Myanmar Commercial Development Co.,Ltd ကုမ္ပဏီကလည်းကောင်း၊ ယာဉ်ယန္တရား စက်ပစ္စည်း ဂိုဒေါင်နှင့် အလုပ်သမားတန်းလျား ဆောက်လုပ်ရေး ကိစ္စနှင့်ပတ်သက်၍ ဦးရန်နိုင်က လည်းကောင်း၊ အပန်းဖြေ လူနေအိမ်ရာများ ဆောက်လုပ်နေထိုင်ရန် ကိစ္စနှင့်ပတ်သက်၍ ဒေါ်ဇာခြည်အောင်က လည်း ကောင်း ရှင်းလင်းကြပြီး တက်ရောက်လာသည့် သက်ဆိုင်ရာ ပြည်နယ်အဆင့် ဌာနဆိုင်ရာများက အထွေထွေဆွေးနွေးကြ၍ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးကာ နိဂုံးချုပ် စကား ပြောကြားကြောင်း သိရသည်။
သတင်းစဉ်



