နေပြည်တော် အောက်တိုဘာ ၂၀
စက်မှုလုပ်ငန်းများ၊ တည်ဆောက် လုပ်ရေး လုပ်ငန်းများအတွက် အဓိကဖြစ်သော သံနှင့် သံမဏိ များ ထုတ်လုပ်ရန် လိုအပ်သည့် သံစိမ်းများ ထုတ်လုပ်ပေးနိုင်ရန် စီမံကိန်းလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိသည့် ရှမ်း ပြည်နယ် တောင်ကြီးမြို့ရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) သို့ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် သည် အောက် တိုဘာ ၁၅ ရက်က သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ အစည်းအဝေးခန်းမ ၌ တာဝန်ရှိသူများက စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ရန်ကျန် လုပ်ငန်းများ အပေါ် မြေပြင်စစ်ဆေးမှုများ ဆောင်ရွက်နေမှုနှင့် စီမံကိန်း ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်း တင်ပြရာ ဒုတိယဝန်ကြီးက စက်ရုံ တည်ဆောက်ရေး စီမံကိန်းများ ပြီးစီးမှသာ ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို စတင်နိုင်မည်ဖြစ် ၍ ရေးဆွဲထားရှိသည့် အချိန်ဇယား များအတိုင်း ပြီးစီးမှုရှိရန် စနစ် တကျ ကြပ်မတ်ဆောင်ရွက်ရန်၊ ကုန်ထုတ်လုပ်မှု ဆောင်ရွက်ရန် အတွက် လိုအပ်သော ကုန်ကြမ်း များနှင့် အခြားသွင်းအားစုများကို စက်ရုံလည်ပတ်လျှင် အဆင်သင့် ဖြစ်အောင် ကြိုတင်စီမံထားရန်၊ အလုပ်ရုံတစ်ခုချင်းစီ၏ လုပ်ငန်း ဆောင်ရွက်ပုံ အဆင့်ဆင့်တို့ကို ကျေညက်အောင် လေ့လာထားရန် မှာကြားသည်။
အောက်တိုဘာ ၁၆ ရက် နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး သည် အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းရှိ အလုပ်ရုံခွဲ အသီးသီး၌ စက်ပစ္စည်းများ စစ်ဆေးပြုပြင်နေမှု၊ စွန့်ပစ်အပူသုံး ဘွိုင်လာပြုပြင်နေမှု၊ လျှပ်စစ် မီးကြိုးများ လဲလှယ်နေမှုနှင့် ဓာတ်အားခွဲရုံတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး အလေးထား ဆောင်ရွက်ရန် မှာကြားသည်။
ယင်းနောက် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် စက်မှုကြီးကြပ် ရေးနှင့် စစ်ဆေးရေးဦးစီးဌာနသို့ ရောက်ရှိပြီး တာဝန်ရှိသူများက လုပ်ငန်းလည်ပတ် အကောင် အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြရာ ဝန်ထမ်းများအနေဖြင့် ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွား ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် အစွမ်းကုန် ကူညီ ဖြည့်ဆည်းပေးရန်၊ အများပြည်သူ နှင့် လုပ်ငန်းခွင်ဘေးကင်းလုံခြုံမှု ရှိစေရေးအတွက် လျှပ်စစ်နှင့် ဘွိုင်လာစစ်ဆေးမှု လုပ်ငန်းများ ကိုလည်း စဉ်ဆက်မပြတ်ဆောင် ရွက်ရန်နှင့် အသိပညာပေးဆွေးနွေး ပွဲများ ပြုလုပ်သွားရန် မှာကြား သည်။
ဆက်လက်၍ ဒုတိယဝန်ကြီး သည် အေးသာယာစက်မှုဇုန် အတွင်းရှိ စိန်ငွေမြပြောင်း အခြောက်ခံစက်ရုံ၏ လုပ်ငန်း ဆောင်ရွက်မှု အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းရှင်များ၏ တင်ပြချက်များ အပေါ် ညှိနှိုင်းပေါင်းစပ်ဖြေရှင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
သတင်းစဉ်



