ကျောက်ဆည်မြို့၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်အကအလှပြိုင်ပွဲတွင် ဆင်အစီးရေ ၆၇ စီး ပါဝင်ကပြမည်

 

ကျောက်ဆည်  အောက်တိုဘာ   ၂၀


မန္တလေးတိုင်းဒေသကြီး    ကျောက်ဆည်မြို့နယ်၌  နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်အကအလှပြိုင်ပွဲ   စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး တတိယ အကြိမ်   လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက် တိုဘာ၂၀ ရက်  နံနက် ၁၀ နာရီ က ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန        အစည်းအဝေးခန်းမ၌ ကျင်းပရာ  ဆင်အကအလှပြိုင်ပွဲတွင်  ဆင်အစီး ရေ ၆၇ စီး  ပါဝင်ကပြသွားမည်ဖြစ်ကြောင်း သိရ သည်။

 


 အစည်းအဝေးတွင်     ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ဆင်အကအလှပြိုင်ပွဲ ကျင်းပရေးဦးစီး ကော်မတီဥက္ကဋ္ဌ ဦးအောင်မျိုးသိန်းက ဆင်အက အလှပြိုင်ပွဲကို အောင်အောင်မြင်မြင်၊ အေးအေး ချမ်းချမ်းဖြင့် ရိုးရာမပျက်ဇာတိဂုဏ်ကို ဖော်ဆောင် သွားနိုင်ရေးနှင့်  လုပ်ငန်းကော်မတီများအနေဖြင့်  ဝိုင်းဝန်းဆောင်ရွက်ရေး၊ လိုအပ်ချက်များရှိပါက  ပွင့်လင်းစွာ         တင်ပြဆွေးနွေးသွားကြစေရေး ရှင်းလင်းပြောကြားပြီး    လုပ်ငန်းကော်မတီက ကဏ္ဍအလိုက်   ဆောင်ရွက်      ထားရှိမှုများကို       ပြန်လည်ရှင်းလင်းတင်ပြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက  ဆုရွေးချယ်ရာတွင် ဒိုင်အဖွဲ့များ အနေဖြင့် သတ်မှတ်စည်းကမ်းများနှင့်အညီ   သမာ သမတ်ရှိစွာ ဆုများရွေးချယ်သွားရေး ပေါင်းစပ် ဆွေးနွေးခဲ့သည်။

 


ဆင်အကအလှပြိုင်ပွဲတွင် ဂုဏ်ပြုဆင် နှစ်စီး၊  ရိုးရာဆင်  ခြောက်စီး၊    ဘော်ကြယ်ဆင်  သုံးစီး၊ ကလေးဆင် လေးစီး၊ သက်ကြီးဆင် နှစ်စီး၊ တီထွင် ဆန်းသစ်မှုဆင်  နှစ်စီး၊   ဈေးပတ်ဆင်   ၄၈   စီး စုစုပေါင်း ဆင် ၆၇ စီး ပါဝင်သွားမည် ဖြစ်ကြောင်း သိရသည်။         
     

 သက်မောင်