နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲ ကြည့်ရှုအားပေး

 

နေပြည်တော် အောက်တိုဘာ ၂၀


မြန်မာ့ဘောလုံး      အားကစား လောကအဆင့်အတန်း တိုးတက် မြင့်မားလာစေရန်နှင့် တစ်မျိုးသား လုံး    ကျန်းမာကြံ့ခိုင်မှု  အဆင့် အတန်းမြှင့်တင်ရေး၊       ဒေသ အသီးသီးရှိ       တိုင်းရင်းသား အချင်းချင်း    ချစ်ကြည်ရင်းနှီးမှု တိုးတက်စေရေးနှင့်  ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ    ထူးချွန် ထက်မြက်သည့်    မျိုးဆက်သစ် ရွက်ပုန်းသီးအားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်၍ အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့်  မြန်မာ နိုင်ငံ       ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၂၂ခုနှစ်၊ ပြည်နယ် နှင့် တိုင်းဒေသကြီး အသက်(၁၆)နှစ်အောက် (အမျိုးသား)ဘောလုံး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပ သည်။

 


အခမ်းအနားသို့    နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ  အဖွဲ့ဝင် များဖြစ်ကြသည့် မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊   ဒေါ်အေးနုစိန်၊ Jeng    Phang    နော်တောင်၊ ဦးမောင်းဟာ၊     ဦးစိုင်းလုံးစိုင်၊ ဒေါက်တာ     ဗညားအောင်မိုးနှင့် ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ် ကြီး  ထွန်းထွန်းနောင်၊  ဦးကိုကို လှိုင်၊    ဒေါက်တာချာလီသန်း၊ ဒေါက်တာသက်ခိုင်ဝင်း၊  ဦးမင်း သိန်းဇံ၊ ဒေါက်တာဌေးအောင်နှင့် ဦးစောထွန်းအောင်မြင့်၊   ဝန်ကြီး ဌာနများမှ   ဒုတိယဝန်ကြီးများ၊ အားကစားနှင့်    လူငယ်ရေးရာ ဝန်ကြီးဌာနမှ   အရာထမ်း/အမှု ထမ်းများ၊   မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ        တာဝန်ရှိသူများ၊ ပြည်ထောင်စုနယ်မြေ   နေပြည် တော်ရှိ   အခြေခံပညာအထက် တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများ၊ ပြိုင်ပွဲဝင်အသင်း များမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ    တက် ရောက်ကြသည်။

 


ရှေးဦးစွာ     ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့် အမှာစကား  ပြောကြားရာတွင် မြန်မာ့     ဘောလုံးအားကစား ကျယ်ပြန့်စွာ တိုးတက်မြင့်မားရေး ကို    အထောက်အကူပြုစေရေး၊ ပြည်နယ်နှင့်    တိုင်းဒေသကြီး အသီးသီးမှ  ဘောလုံးအားကစား သမားများအချင်းချင်း သွေးစည်း ညီညွတ်မှု        စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်များ  ပိုမို ထွန်းကားပြန့်ပွားလာစေရေးနှင့် ထူးချွန်ထက်မြက်သည့်   လူငယ် သွေးသစ်    ဘောလုံးအားကစား သမားများ   ပေါ်ထွက်လာစေရေး တို့အတွက်   အဓိကရည်ရွယ်ပြီး ပြည်နယ်နှင့်        တိုင်းဒေသကြီး သက်တမ်းအလိုက်    ဘောလုံး ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအနေ ဖြင့်    မြန်မာ့ဘောလုံးအသင်း အောင်မြင်မှုရရှိနိုင်ရန်   မြန်မာ့ လက်ရွေးစင် လူငယ်အသင်းများ ကို ကျောထောက်နောက်ခံအဖြစ် အင်အားအများဆုံး    ဖြည့်တင်း ပေးနိုင်မည့် ပြည်နယ်နှင့် တိုင်း ဒေသကြီး လူငယ်ဘောလုံးပြိုင်ပွဲ များကို  စဉ်ဆက်မပြတ်  ကျင်းပ ပြုလုပ်ပေးနေခြင်းဖြစ်ကြောင်း၊ မျိုးဆက်သစ်  အားကစားသမား များ ပေါ်ထွက်လာစေရေးအတွက် ဘောလုံးအကယ်ဒမီကျောင်းများ ဖွင့်လှစ်ခြင်း၊   သက်တမ်းအလိုက် ပြိုင်ပွဲများ         ကျင်းပပေးခြင်း၊ ပြည်ပပြိုင်ပွဲများ စေလွှတ်ယှဉ်ပြိုင် စေခြင်း၊ အိမ်ရှင်အဖြစ် လက်ခံ၍ ဖိတ်ခေါ်ပွဲများ   ကျင်းပပေးရခြင်း များကိုလည်း ဆောင်ရွက်ပေးခဲ့ပြီး၊ League    ပြိုင်ပွဲများကိုလည်း ယနေ့ထိတိုင် ကျင်းပနိုင်အောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

 


နိုင်ငံတော်မှ  အားကစားကို အားပေးပံ့ပိုး    ဆောင်ရွက်ပေး လျက်ရှိသလို   အားကစားသမား များဘက်မှလည်း   နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေပြီး နိုင်ငံတော်  ဂုဏ်သိက္ခာကျစေမည့် ပြုမူဆောင်ရွက်မှုမျိုးကို     မပြု လုပ်မိစေရန်   အထူးမှာကြားလို ကြောင်း၊ ယခု ဘောလုံးပြိုင်ပွဲသည် ထူးချွန်ထက်မြက်သည့်   လူငယ် သွေးသစ်        ဘောလုံးသမား များ ပေါ်ထွက်လာစေရေးအတွက် အခြေခံပြိုင်ပွဲကောင်းတစ်ခုဖြစ် ပြီး ယခုပြိုင်ပွဲမှတစ်ဆင့် သွေးသစ် လူငယ်ဘောလုံး အားကစားသမား များကို       မြန်မာ့လက်ရွေးစင် လူငယ်      ဘောလုံးအသင်းက ရွေးချယ်လေ့ကျင့်ပေးပြီး   နိုင်ငံ့ ကိုယ်စားပြု  ပါဝင်ကစားနိုင်သည် အထိ အောင်မြင်မှုများရရှိနိုင်ရန် လေ့ကျင့်ပြုစုပျိုးထောင်ပေးသွားမည်ဖြစ်ကြောင်း၊  ယခုပြိုင်ပွဲတွင် ထူးချွန်သည့်  လူငယ်ဘောလုံး အားကစားသမား  အများအပြား ပေါ်ထွက်လာလိမ့်မည်ဟု မျှော်လင့် ယုံကြည်ထားပါကြောင်း၊ ထို့ကြောင့် ပြိုင်ပွဲ၏   ရည်မှန်းချက်မြင့်မား သည်နှင့်အမျှ  ပြိုင်ပွဲ၏  အနှစ် သာရများ       အကောင်အထည် ပေါ်လာအောင် တာဝန်ရှိသူများ နှင့်   ပြိုင်ပွဲဝင်အားကစားသမား များက ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်သွားကြရန် အထူးမှာကြားလို ကြောင်း။

 


ပြိုင်ပွဲဝင်အားကစားသမားများ ကလည်း  အားကစားစိတ်ဓာတ် အပြည့်အဝဖြင့် သန့်သန့်ရှင်းရှင်း ယှဉ်ပြိုင်ကစားကြရန်နှင့်    ဒိုင် လူကြီးများကလည်း ဘက်လိုက်မှု ကင်းရှင်းပြီး သတ်မှတ်ထားသည့် ဥပဒေစည်းမျဉ်း/စည်းကမ်းများ နှင့်အညီ တရားမျှတမှန်ကန်စွာ ဆုံးဖြတ်    ဆောင်ရွက်သွားရန် လိုကြောင်း၊ ယခုပြိုင်ပွဲမှတစ်ဆင့် ထူးချွန်ထက်မြက်ပြီး နိုင်ငံတော်မှ အားထားရသော       ဘောလုံး အားကစား      သမားကောင်းများ ပေါ်ထွက်လာအောင်    ယှဉ်ပြိုင် ကစားသွားကြရန်    တိုက်တွန်း မှာကြားလိုကြောင်း    ပြောကြား သည်။ 

 


ဆက်လက်၍          နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် များနှင့် ပြည်ထောင်စုဝန်ကြီးတို့ သည် ပြိုင်ပွဲဝင်အားကစားအသင်း များအား   လိုက်လံနှုတ်ဆက်ကြ သည်။

 


ယနေ့       ပွဲစဉ်များအဖြစ် ဝဏ္ဏသိဒ္ဓိ        အားကစားကွင်း၌ မန္တလေးတိုင်းဒေသကြီး   အသင်း နှင့်    ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ   တစ်ဖက် တစ်ဂိုးစီဖြင့်     လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိ       လေ့ကျင့်ရေးကွင်း အမှတ်(၃)၌ ရှမ်းပြည်နယ်အသင်း နှင့်    ဧရာဝတီတိုင်းဒေသကြီး အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ တစ်ဖက်   နှစ်ဂိုးစီဖြင့်လည်း ကောင်း       ယှဉ်ပြိုင်ကစားခဲ့ကြ သည်။

 


၂၀၂၂   ခုနှစ်၊   ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် (၁၆) နှစ် အောက် (အမျိုးသား) ဘောလုံး ပြိုင်ပွဲကို ယနေ့မှ နိုဝင်ဘာ ၃  ရက် အထိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လေ့ကျင့်ရေးကွင်းအမှတ် (၁)နှင့် (၃)တို့၌ ကျင်းပသွားမည်ဖြစ်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အသင်း     ၁၃  သင်း၊ အားကစားသမား   စုစုပေါင်း အင်အား  ၂၉၇ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကာ ဘောလုံး        အားကစားနည်းကို စိတ်ပါဝင်စားသည့်   မိဘပြည်သူ များအနေဖြင့်   အခမဲ့လာရောက် ကြည့်ရှုနိုင်ပါကြောင်း          သိရ သည်။ 


သတင်းစဉ်