နေပြည်တော် အောက်တိုဘာ ၂၁
မာလာဝီသမ္မတနိုင်ငံ ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်း ခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးမြင့်ဆွေသည် ၎င်း၏ ခန့်အပ် လွှာကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၈ ရက်တွင် မာလာဝီသမ္မတနိုင်ငံ၊ လီလွန်ဂွေးမြို့၊ ကမာဇူနန်းတော် ၌ မာလာဝီသမ္မတနိုင်ငံ သမ္မတ ဒေါက်တာ လာ့ဇရပ်(စ်) မက်ကာ သီချက်(ခ်)ဝီရာထံသို့ ပေးအပ်ခဲ့ပြီး ဖြစ်သည်။
သတင်းစဉ်



