ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

 

မြစ်ကြီးနား  အောက်တိုဘာ  ၁၉


ကချင်ပြည်နယ်         ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည်            ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ် နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူ အောက်တိုဘာ ၁၉  ရက်  နံနက်  ၈   နာရီက  မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့အတွင်းရှိ ဒေသဖွံ့ဖြိုး ရေး  လုပ်ငန်းများအား  ကွင်းဆင်း ကြည့်ရှုစစ်ဆေးကြသည်။

 


ရှေးဦးစွာ   ပြည်နယ်ဝန်ကြီး ချုပ်နှင့်အဖွဲ့ဝင်များသည် ဝိုင်းမော် မြို့နယ်     မိုင်းနားကျေးရွာအုပ်စု အတွင်းရှိ ရွှေမိုးတောင်ဆုတောင်း ပြည့်    စေတီတော်မြတ်ကြီးသို့ ရောက်ရှိပြီး   စေတီတော်ဂေါပက အဖွဲ့ဝင်များနှင့်အတူ စေတီတော် ပရိဝုဏ်နှင့် ရင်ပြင်တော် ပတ်လည် ကို  လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က  ဘုရားဖူးလာဧည့်သည်များ  စိတ် အေးချမ်းစွာ လာရောက်ဖူး‌မြော် နိုင်ရေးအတွက်        စေတီတော်  ပရိဝုဏ်သန့်ရှင်းသာယာလှပရေး   အမှိုက်နှင့်  ချုံနွယ်များ ခုတ်ထွင် ရှင်းလင်းရန်၊ လှေကားအတက် အဆင်း လက်ရန်းများအား အသစ် ပြန်လည်ပြင်ဆင်       မွမ်းမံရန်၊ မိုးရာသီအတွင်း    စိုက်ပျိုးထား သည့် ပန်းအလှပင်များ စိမ်းလန်း စိုပြည်စေရေး ဆောင်ရွက်ရမည့်          လုပ်ငန်းများကို  တာဝန်ရှိသူများ အား မှာကြားသည်။

 


ထို့နောက်    ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မြစ်ကြီး နားမြို့  စီတာပူရပ်ကွက်ရှိ  ဗလ မင်းထင်တံတား  အမှတ်(၂)  တည် ဆောက်ရေး စီမံကိန်းလုပ်ငန်းခွင် သို့ရောက်ရှိပြီး တံတား ဦးစီးဌာနမှ  တာဝန်ရှိသူများနှင့် အတူ တံတားကြမ်းခင်းလုပ်ငန်း များ ဆောင်ရွက်နေမှုကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးရာ         ပြည်နယ် ဝန်ကြီးချုပ်က     တံတားအရည် အသွေးပြည့်မီရေးကို        အထူး အလေးထား      ဆောင်ရွက်ရန် မှာကြားခဲ့ပြီး    လိုအပ်သည်များ အား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။ ဆက်လက်ပြီးပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည်  မြစ်ကြီး နား  တက္ကသိုလ်သို့  ရောက်ရှိပြီး  ပါမောက္ခချုပ်၊  ပါမောက္ခ၊  ဌာနမှူး များနှင့်အတူ တက္ကသိုလ်မိန်းဆောင် ရှေ့တွင်စိုက်ထူထားသည့် ရွှေရတု အထိမ်းအမှတ်     ကျောက်တိုင် ပြင်ဆင်မွမ်းမံနိုင်ရေး၊      ဘွဲ့နှင်း သဘင်ခန်းမဆောင်နှင့်     သုတေ သနအ‌ဆောင်များကို      လှည့် လည်    ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တက္ကသိုလ် ပတ်ဝန်းကျင်        စိမ်းလန်းစိုပြည် သန့်ရှင်းသာယာလှပရေးအတွက် ဆက်လက်     ဆောက်ရွက်ရမည့် အစီအစဉ်များကို      တာဝန်ရှိသူ များအား မှာကြားကာလိုအပ်သည် များအား ဌာနဆိုင်ရာများနှင့်အတူ ညှိနှိုင်းဆောင်ရွက်ပေးသည်။  

 


ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီး ချုပ်နှင့်အဖွဲ့ဝင်များသည် မြစ်ကြီး နားမြို့           သီတာရပ်ကွက်ရှိ  ပြည်နယ်အားကစားနှင့်   ကာယ ပညာဦးစီးဌာနမှ     တည်‌ဆောက် ပြီးစီးသည့်       ရေကူးပြေးလမ်း ၁၀ လမ်းပါ (အလျား ၅၀ မီတာ၊  အနံ ၂၅ မီတာ)   ရှိ   ရေကူးကန် တည်ဆောက်မှု       လုပ်ငန်းခွင် အတွင်း ပွဲကြည့်စင်၊ အမိုးဒိုင်းများ တည်ဆောက်ထားရှိမှု၊ ရေကူးကန် အတွင်း ခေတ်မီစက်ကိရိယာများ ဖြင့် သန့်ရှင်း‌ရေးလုပ်ငန်းဆောင် ရွက်ခြင်း၊   ရေသန့်စင်ခြင်း  စက် ကိရိယာများ      တပ်ဆင်ထားရှိမှု အခြေအနေတို့ကို      လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြကာ  ပြည် နယ်ဝန်ကြီးချုပ်က      ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းများ ဖြစ်သည့်   ရေကူးကန်ဘေးပတ် လည်      လျှောက်လမ်းများအား ကြွေပြားခင်းခြင်း၊     ပွဲကြည့်စင် ထိုင်ခုံများ တပ်ဆင်ခြင်း၊ အုတ် တံတိုင်းကာရံခြင်း လုပ်ငန်းများ ကို စံချိန်စံညွှန်းနှင့် အရည်အသွေး ပြည့်မီအောင် ဆောက်လုပ်သွား ရေး တာဝန်ရှိသူများအား မှာကြား ခဲ့ကြောင်း သိရသည်။


ပြည်နယ်(ပြန်/ဆက်)