တရုတ်ဘာသာစကားသင်တန်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် မြန်မာ - ရုရှား နှစ်နိုင်ငံခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော် အောက်တိုဘာ  ၁၉


ဟိုတယ်နှင့်    ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဌေးအောင်သည် ယနေ့ နံနက်ပိုင်းတွင်   တရုတ်ပြည်သူ့ သမ္မတနိုင်ငံ   ပေကျင်းမြို့အခြေ စိုက် အာဆီယံ- တရုတ်ဗဟိုဌာန နှင့် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနတို့    ပူးပေါင်းကျင်းပ ပြုလုပ်သည့်     တရုတ်ဘာသာ စကားသင်တန်း၊ စွမ်းဆောင်ရည် မြှင့်တင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေး နွေးပွဲနှင့်မွန်းလွဲပိုင်းတွင် မြန်မာ- ရုရှား နှစ်နိုင်ငံခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်    တက် ရောက်သည်။

 


အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ တွင်    ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် ၂၀၁၁ ခုနှစ် မှစတင်ကာ အာဆီယံ- တရုတ် ဗဟိုဌာနနှင့်   ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ  ကိစ္စ ရပ်များကို  ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ယခု ပွင့်လင်း ရာသီမှစ၍ မြန်မာနိုင်ငံသို့ တရုတ် ဧည့်သည်များ    ပိုမိုလာရောက် လည်ပတ်ရန် မျှော်လင့်ပါကြောင်း၊ တရုတ်နိုင်ငံ၏ ကူညီထောက်ပံ့မှု ဖြင့် မဲခေါင်- လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု       မူဘောင်အရ လူ့စွမ်းအားအရင်းအမြစ်  ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများအဖြစ် ခရီးသွားလုပ်ငန်းသုတေသန စီမံ ကိန်းနှင့်  မုန့်ဖုတ်အတတ်ပညာ ဆိုင်ရာ   သင်တန်းများဖွင့်လှစ် ခြင်း   စီမံကိန်းများကို    အကောင် အထည် ဖော်   ဆောင်ရွက်လျက်ရှိပါ ကြောင်း ပြောကြားသည်။ 

 


ဆက်လက်၍    အာဆီယံ- တရုတ်ဗဟိုဌာနမှ   အထွေထွေ အတွင်းရေးမှူးချုပ် H. E. Mr. Shi Zhongjun   က   အမှာစကား ပြောကြားပြီး    တရုတ်နိုင်ငံမှ ဘသာရပ်ဆိုင်ရာ   ကျွမ်းကျင်ပညာ ရှင်များက  ဧည့်လမ်းညွှန်ဆိုင်ရာဝန်ဆောင်မှုစံနှုန်းများ၊ တရုတ်ခရီး သွားလုပ်ငန်း   ဖွံ့ဖြိုးတိုးတက်မှု အလားအလာများ၊   သမားရိုးကျ နှင့်   ဆန်းသစ်တီထွင်မှုရှိသော ခရီးသွားလုပ်ငန်း  မြှင့်တင် ကြော်ငြာခြင်းနည်းလမ်းများကို ရှင်းလင်းပို့ချ   ဆွေးနွေးခဲ့ကြပြီး သင်တန်းသားများက   သိရှိလို သည်များကို ဆွေးနွေးမေးမြန်းခဲ့ ကြသည်။ 

 


မွန်းလွဲပိုင်းတွင် ပြည်ထောင် စုဝန်ကြီးသည်  မြန်မာ- ရုရှား နှစ်နိုင်ငံခရီးသွားလုပ်ငန်း ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးပွဲကို ဝန်ကြီး ဌာန နီလာခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်သည်။

 


အစည်းအဝေးသို့      ရုရှား ဖက်ဒရေးရှင်းနိုင်ငံ     ခရီးသွား လုပ်ငန်းအေဂျင်စီ၊   နိုင်ငံတကာ ပူးပေါင်း     ဆောင်ရွက်ရေးဌာန အကြီးအကဲ   မစ္စတာ   ဒီမြန်အို စမီးလ်ယက်၊   စိန့်ပီတာစဘတ် အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ မစ္စတာအိဗ်ဂီနီ ဒီဂရီဂိုရိဖ်၊ ကော်မတီ၏ ဒုတိယ ဥက္ကဋ္ဌ မစ္စတာဗီယာချက်စ် လက်ဗ် ဂျီကာလ် ဂနော့ဗ်၊ စိန့်ပီတာစဘတ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက် ရေးကော်မတီ      ဒုတိယဥက္ကဋ္ဌ မစ်နာနာအမ်ဂဗီချီယာနှင့် အဆင့် မြင့်အရာရှိကြီးများ၊   ရုရှားဖက် ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးလွင်ဦး၊ မြန်မာနိုင်ငံ ဆိုင်ရာ ရုရှားဖက်ဒရေးရှင်းသံရုံးမှ စီးပွားရေးဆိုင်ရာ ကောင်စစ်ဝန် မစ္စတာ အန်ဒရီဗီအူနက်ခ်၊ ဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူးချုပ်များ နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့်  စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် ကိုယ်စားလှယ် များ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်   ဥက္ကဋ္ဌ   ဦးရန်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။

 


အဆိုပါ ညှိနှိုင်းအစည်းအဝေး တွင် စိန့်ပီတာစဘတ်အစိုးရအဖွဲ့ ဝင် ပြည်ပဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ ခရီးသွားလုပ်ငန်း ဖက်ဒရယ် အေဂျင်စီ၏ နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေးဌာနခွဲ    အကြီး အကဲ၊   မြန်မာနိုင်ငံ    ကုန်သည် များနှင့် စက်မှု၊ လက်မှုလုပ်ငန်းရှင် များအသင်းချုပ်ဥက္ကဋ္ဌနှင့် အစည်း အဝေးသို့   တက်ရောက်လာသော နှစ်နိုင်ငံမှ   ကိုယ်စားလှယ်များက နှုတ်ခွန်းဆက်စကား  ပြောကြား ကြပြီး မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသ များနှင့် တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ပါဝင်သော ၅ မိနစ်စာ ဗီဒီယိုဖိုင် ကို ပြသသည်။ 

 


ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဌေးအောင်က ရုရှားနိုင်ငံသားများ မြန်မာနိုင်ငံသို့ ပိုမိုလာရောက်  လည်ပတ်စေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ မှစတင်ပြီး    ရုရှားခရီးသွားများ အတွက်     ဗီဇာကင်းလွတ်ခွင့် တစ်နှစ်     ခွင့်ပြုထားပြီးဖြစ်ပါ ကြောင်း၊ ရုရှားနိုင်ငံနှင့်  မြန်မာ နိုင်ငံအကြား  လူမှုစီးပွားအကျိုး ရလဒ်များ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ခရီးသွားလုပ်ငန်းကဏ္ဍ တွင် ပိုမိုပူးပေါင်းဆောင်ရွက်လိုပါ ကြောင်း၊ မြန်မာ- ရုရှား   ခရီးသွား လုပ်ငန်းဆိုင်ရာ   အစိုးရနှင့်     ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ   ကိစ္စရပ်များကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်     သွားလိုပါကြောင်း    ပြောကြား သည်။

 


ယင်းနောက် စိန့်ပီတာစဘတ် မြို့၏ ခရီးစဉ်ဒေသများပါဝင်သော ဗီဒီယိုဖိုင်ကို    ပြသပြီး   စိန့်ပီတာ စဘတ်   ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ    ဒုတိယ ဥက္ကဋ္ဌ မစ်နာနာအမ်ဂဗီချီယာက နှစ်နိုင်ငံခရီးသွားလုပ်ငန်း ပူးပေါင်း ဆောင်ရွက်ရေး    ကိစ္စရပ်များ ဆွေးနွေးတင်ပြသည်။ 

 


ထို့နောက်   မြန်မာနိုင်ငံခရီး သွားလုပ်ငန်းအဖွဲ့ချုပ်    ဥက္ကဋ္ဌ ဦးရန်ဝင်းက    ခရီးသွားလုပ်ငန်း ဆိုင်ရာ     ပုဂ္ဂလိကအခန်းကဏ္ဍ မှ   ပူးပေါင်းဆောင်ရွက်လိုသည့် အစီအစဉ်များကို        ရှင်းလင်း တင်ပြသည်။     

 


ဆက်လက်၍    စိန့်ပီတာ စဘတ် အစိုးရဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်း   မြို့တော်ခရီးသွား သတင်းအချက်အလက် ပြန်ကြား ရေးဗျူရို၏ ညွှန်ကြားရေးမှူးချုပ် မစ္စတာ အူရီဗီဘော်တာနော့ဖ်နှင့် စိန့်ပီတာစဘတ်  ညီလာခံနှင့် ပြပွဲ ပြသခြင်းဆိုင်ရာဗျူရို၏ ညွှန်ကြား ရေးမှူးချုပ်ဖြစ်သူ မစ္စတာဆာဂီလ် အက်စ်အာဇရမ်နော့ဖ်တို့ က ခရီး သွားဧည့်သည်များ  ခရီးစဉ်ဒေသ များသို့     လွယ်ကူချောမွေ့စွာ လည်ပတ်နိုင်ရေးအတွက် ပြင်ဆင် ထားရှိမှု၊    ခရီးသွားပြပွဲများနှင့် အစည်းအဝေးများ   ကျင်းပခြင်း ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေး တင်ပြကြသည်။ 

 


ယင်းနောက်  အစည်းအဝေး သို့ တက်ရောက်လာကြသူများ၏ ဆွေးနွေးချက်များအပေါ်   အမြင် ခြင်းဖလှယ်ခဲ့ကြပြီး ပြည်ထောင်စု ဝန်ကြီးက   ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။


သတင်းစဉ်