နေပြည်တော် အောက်တိုဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး အတွင်း လက်နက်/ခဲယမ်းများနှင့် ဆက် စပ်ပစ္စည်းများ ဖမ်းဆီးရမိမှုဖြစ်စဉ် များတွင် စွမ်းစွမ်းတမံ ပါဝင် ဆောင်ရွက်ခဲ့ကြသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များ ဂုဏ်ပြုဆုချီးမြှင့် ခြင်းကို ယနေ့ မွန်းလွဲပိုင်းတွင် အနောက်တောင်တိုင်း စစ်ဌာန ချုပ် ဧရာဝတီခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။
ပေးအပ်ချီးမြှင့်
ဦးစွာ တိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့် တိုင်းမှူးတို့က ဂုဏ်ပြု အမှာစကားများ ပြောကြားကြ သည်။ ထို့နောက် တိုင်းဒေသကြီး အတွင်း အကြမ်းဖက်သမားများ ထံမှ လက်နက်/ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိမှု ဖြစ်စဉ်များတွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် လုံခြုံ ရေးတပ်ဖွဲ့ဝင်များကို တိုင်းဒေသ ကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့် ငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိ သူများက ခန်းမအတွင်း ခင်းကျင်း ပြသထားသည့် ဖမ်းဆီးရမိ လက်နက်/ခဲယမ်းများနှင့် ဆက် စပ်ပစ္စည်းများအား လိုက်လံ ကြည့်ရှုကြကြောင်း သတင်းရရှိ သည်။
သတင်းစဉ်



