ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် အင်းစိန်ဗဟိုအကျဉ်းထောင်၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် အခြေအနေအား ကြည့်ရှုစစ်ဆေး

 

ပေါက်ကွဲမှုဖြစ်ပွားစဉ် သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည့် အကျဉ်းထောင်ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များအား နှစ်သိမ့်အားပေး

နေပြည်တော် အောက်တိုဘာ ၁၉


နိုင်ငံတော်    စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်    ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ယနေ့ မွန်းလွဲပိုင်းတွင် တာဝန်ရှိ သူများနှင့်အတူ     ရန်ကုန်တိုင်း ဒေသကြီး      အင်းစိန်မြို့နယ်ရှိ အင်းစိန်   ဗဟိုအကျဉ်းထောင်သို့ ရောက်ရှိစစ်ဆေးသည်။

 


ထိုသို့ ရောက်ရှိစစ်ဆေးစဉ် ယနေ့ နံနက် ၉ နာရီ မိနစ် ၄၀ က အကြမ်းဖက်သမားများ၏ ပါဆယ် ထုပ်အတွင်း လက်လုပ်မိုင်းထည့် သွင်းကာ   အကြမ်းဖက်ဖောက်ခွဲ တိုက်ခိုက်ခဲ့သဖြင့်   အင်းစိန်ဗဟို အကျဉ်းထောင်၏ ဝင်/ထွက်ဂိတ် ပေါက်ရှိ အကျဉ်းသားများအတွက် ပါဆယ်ထုပ်       လက်ခံသည့် အဆောက်အဦအတွင်းနှင့် အပြင် ဘက်တို့တွင်   ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့မှုကြောင့် အကျဉ်းထောင် ဝန်ထမ်း သုံးဦးနှင့် အကျဉ်းသား များအတွက် ပါဆယ်ထုပ် လာ ရောက်ပေးပို့သူများဖြစ်ကြသည့် အရပ်သားပြည်သူ ငါးဦး စုစုပေါင်း ရှစ်ဦးတို့တွင် မိုင်းစထိမှန် ဒဏ်ရာ များရရှိကာ  အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြပြီး    အကျဉ်း ထောင် ဝန်ထမ်း ငါးဦးနှင့် အရပ် သားပြည်သူ  ၁၃  ဦး  စုစုပေါင်း ၁၈  ဦးတို့   ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်မှ     ပေါက်ကွဲမှုဖြစ်ပွားခဲ့ သည့် အခင်းဖြစ်ရပ်အခြေအနေကို အသေးစိတ်  သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 


ထို့နောက်    ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည်   အင်းစိန် ဗဟိုအကျဉ်းထောင်အစည်းအဝေး ခန်းမ၌  ပေါက်ကွဲမှုဖြစ်ပွားစဉ် သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့ကြ သည့် အကျဉ်းထောင် ဝန်ထမ်းများ နှင့် ၎င်းတို့၏ မိသားစုဝင်များကို တွေ့ဆုံ၍ နှစ်သိမ့်အားပေးစကား များ ပြောကြားကာ ထောက်ပံ့ငွေ များ ပေးအပ်သည်။

 


ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည်  အစည်းဝေးခန်းမ၌ အကျဉ်းထောင်  တာဝန်ရှိသူများ နှင့်   လုံခြုံရေးဆိုင်ရာ    ညှိနှိုင်း အစည်းအဝေးပြုလုပ်ခဲ့ပြီး တာဝန် ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 


ညနေပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည်  အင်းစိန်မြို့ နယ်ရှိ မြို့နယ်ပြည်သူ့ဆေးရုံကြီး သို့    သွားရောက်ကာ   အကျဉ်း ထောင် ပေါက်ကွဲမှုဖြစ်စဉ်အတွင်း သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့ကြ သည့် အကျဉ်းဦးစီးဌာနမှ ဝန်ထမ်း များနှင့် ပြည်သူများကို တွေ့ဆုံပြီး နှစ်သိမ့် အားပေးစကားပြောကြား ကာ ထောက်ပံ့ပစ္စည်းများပေးအပ် ခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်