နေပြည်တော် အောက်တိုဘာ ၁၉
စတုတ္ထအကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အောက်ရှိ နယ်စပ်ဖြတ်ကျော် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ လုပ်ငန်းအဖွဲ့ အစည်းအဝေး (4th Joint Working Group Meeting on Cross-border Economic Cooperation under Mekong-Lancang Cooperation- 4th JWG-CBEC)ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ယနေ့ နံနက် ၁၁ နာရီခွဲတွင် Virtual စနစ်ဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ရုံးအမှတ် (၃)၌ လက်ခံကျင်းပသည်။
အစည်းအဝေးတွင် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာ ထိန်လင်း က အစည်းအဝေးဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြား ရေးမှူးချုပ် Mr. Yu Xiang က အစည်းအဝေး ပူးတွဲဥက္ကဋ္ဌအဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့ကြ သည်။ အစည်းအဝေး၌ မဲခေါင်-လန်ချန်း နယ်စပ်ဖြတ်ကျော် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ လုပ်ငန်းအဖွဲ့၏ ဖြစ်ပေါ် တိုးတက်မှုများ၊ မဲခေါင်-လန်ချန်း နိုင်ငံများအကြား စက်မှုလုပ်ငန်း များနှင့် တန်ဖိုးချိတ်ဆက်ကူး ပြောင်းမှုဆိုင်ရာ ကိစ္စရပ်များ၊ မဲခေါင်-လန်ချန်း နယ်စပ်ဖြတ် ကျော် စီးပွားရေး ပူးပေါင်းဆောင် ရွက်မှုဆိုင်ရာ (၅) နှစ်စီမံကိန်း (မူကြမ်း) အပေါ် သဘောထား အမြင်များ ဖလှယ်ခဲ့ကြပြီး မဲခေါင်-လန်ချန်းဒေသ နိုင်ငံများအကြား ဒေသန္တရ အစိုးရများအနေဖြင့် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အစည်းအဝေးသို့ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင် ရွက်မှုဆိုင်ရာ အဖွဲ့ဝင်နိုင်ငံများ စုံညီစွာ တက်ရောက်ခဲ့ကြပြီး ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများမှ နယ်စပ်ဖြတ်ကျော် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့ ကိုယ်စားလှယ် စုစုပေါင်း ၄၃ ဦးနှင့် မြန်မာနိုင်ငံ ဘက်မှ မဲခေါင်-လန်ချန်း နယ်စပ် ဖြတ်ကျော် စီးပွားရေးပူးပေါင်းဆောင်ရွက်သည့် ကဏ္ဍများနှင့် သက်ဆိုင်သည့် တာဝန်ခံ ဝန်ကြီး ဌာနများမှ စုစုပေါင်းကိုယ်စား လှယ် ၃၀ တို့သည် online ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရ သည်။
သတင်းစဉ်



