တောင်ငူ အောက်တိုဘာ ၁၈
ပဲခူးတိုင်းဒေသကြီး ဆရာအတတ်ပညာဦးစီး ဌာန တောင်ငူပညာရေး ဒီဂရီကောလိပ်၌ အောက်တိုဘာ ၁၇ ရက်က လုပ်ငန်းခွင် အကြိုမူလတန်း ဆရာအတတ်ပညာသင်တန်း PPTT အမှတ်စဉ် (၈/၂၂) သင်တန်းဆင်းပွဲနှင့် ပညာ ရေးဘွဲ့(စာပေးစာယူ) အမှတ်စဉ် (၂/၂၂) သင်တန်းကြိုဆိုပွဲ အခမ်းအနားကျင်းပ ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တောင်ငူပညာရေး ဒီဂရီကောလိပ်မှ သင်တန်းသား သင်တန်းသူ များက မြကျွန်းညိုညို တက္ကသိုလ် သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး တောင်ငူပညာရေးဒီဂရီ ကောလိပ်ကျောင်းအုပ်ကြီး ဒေါ်စန်းစန်းမြင့် က အမှာစကားပြောကြားကာ ဒုတိယ ကျောင်းအုပ်ကြီး ဒေါ်ဝင်းဝင်းမာက သင်တန်း ဆိုင်ရာများ ရှင်းလင်းတင်ပြသည်။
ယင်းနောက် သင်တန်းသား သင်တန်းသူ များက ဦးရွှေရိုးနှင့်ဒေါ်မိုးအကဖြင့် ဖျော်ဖြေ ပြီး တောင်ငူပညာရေး ဒီဂရီကောလိပ် ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။ အဆိုပါသင်တန်းကို စက်တင်ဘာ ၁ ရက်မှ အောက်တိုဘာ ၃၁ ရက် အထိ ၆၁ ရက်ကြာ ဖွင့်လှစ်သင်ကြားလျက်ရှိပြီး သင်တန်းသား ၄၆၉ ဦးအား မူလတန်းဆရာ အတတ်ပညာ လက်မှတ်များ ပေးအပ်မည်ဖြစ်ပြီး ပညာရေးဘွဲ့ (စာပေးစာယူ) အမှတ်စဉ် (၂/၂၂) ပထမနှစ် သင်တန်းကို သင်တန်းသား ၄၉၁ ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလ အနေဖြင့် စက်တင်ဘာ ၂၀ ရက်မှ နိုဝင်ဘာ ၂၃ ရက်အထိ ဖွင့်လှစ်သင်ကြားမည်ဖြစ် ကြောင်း၊ သင်တန်း ပြီးဆုံးပါက ပညာရေးဘွဲ့ (B.Ed) လက်မှတ်ကို ပေးအပ်ချီးမြှင့်မည် ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)



