ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ သတင်းနှင့် ပြန်ကြားရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော် အောက်တိုဘာ ၁၈


ပြည်တွင်း   နေရပ်စွန့်ခွာသူများ ပြန်လည်  နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ သတင်းနှင့် ပြန်ကြားရေးလုပ်ငန်းကော်မတီ (၁/၂၀၂၂)  လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌     ကျင်းပ သည်။

 


အစည်းအဝေးသို့    လုပ်ငန်း ကော်မတီ  ဥက္ကဋ္ဌ    ပြန်ကြားရေး ဝန်ကြီးဌာန     ဒုတိယဝန်ကြီး ဦးရဲတင့်၊ ဌာနဆိုင်ရာအကြီးအကဲ များနှင့်    သတင်းနှင့်     ပြန်ကြားရေးလုပ်ငန်း   ကော်မတီဝင်များ တက်ရောက်ကြသည်။

 


အစည်းအဝေးတွင် လုပ်ငန်း ကော်မတီဥက္ကဋ္ဌ    ဒုတိယဝန်ကြီး ဦးရဲတင့်က     ပြည်တွင်းနေရပ် စွန့်ခွာသူများအနေဖြင့်   ယာယီ ခိုလှုံရာစခန်းများတွင် နေထိုင်ကြစဉ် နိုင်ငံတော်အနေဖြင့် နေထိုင် စားသောက်ရေး၊      ကျန်းမာရေး၊ ပညာရေးနှင့် လိုအပ်သည်များကို ကူညီထောက်ပံ့ပေးလျက်       ရှိပါ ကြောင်း၊  သို့သော်လည်း   အခြေ အနေကောင်းပါက၊    လုံခြုံရေး စိတ်ချရပါက ၎င်းတို့မူလနေထိုင် ရာ   အရပ်ဒေသသို့     ပြန်လည် နေထိုင်ကြရန် လိုအပ်ပါကြောင်း၊ နေရပ်သို့ ပြန်လည်ရောက်ရှိပါကလည်း နေထိုင်မှု အဆင်ပြေစေရန်  ပို့ဆောင်ရေး၊ ငွေကြေးထောက်ပံ့ မှု၊   ရိက္ခာထောက်ပံ့ပေးမှုများကို စီစဉ်ဆောင်ရွက်ပေးလျက်  ရှိပါ ကြောင်း။

 


ယာယီခိုလှုံရာစခန်းများတွင်  ခိုလှုံနေရခြင်းထက်   မိမိတို့နေရာ ဒေသများတွင်  ပြန်လည်နေထိုင် ခြင်းက   ၎င်းတို့အတွက်  အစစ အရာရာ     အဆင်ပြေနိုင်သဖြင့် လိုအပ်သည့်     သတင်းအချက် အလက်နှင့်  အသိပညာပေးခြင်း များ         ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။

 


ထို့နောက် လုပ်ငန်းကော်မတီ  အတွင်းရေးမှူးနှင့် ကော်မတီဝင် များက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းများ     အကောင်အထည် ဖော်     ဆောင်ရွက်နေမှုများနှင့် လုပ်ငန်းဆိုင်ရာ     လိုအပ်ချက် များကို     ဆွေးနွေးတင်ပြကြပြီး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား  ပြောကြားသည်။  

 

သတင်းစဉ်