သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် အလှူငွေများလှူဒါန်း

 

 

ရန်ကုန်  အောက်တိုဘာ   ၁၈


၁၃၈၄ ခုနှစ် မြန်မာနိုင်ငံ စာဆို တော်နေ့  အထိမ်းအမှတ်  (၃၅)ကြိမ်မြောက်      သက်ကြီးစာပေ ပညာရှင်များ  ပူဇော်ကန်တော့ပွဲ အတွက် မြန်မာနိုင်ငံ စာရေးဆရာ အသင်းသို့   စေတနာရှင်များက အလှူငွေများ ဆက်လက်လှူဒါန်း ကြရာ   ဦးမြင့်စိုး  (စာရေးဆရာ မြင့်စိုး-နတလ)က အလှူငွေကျပ် သုံးသိန်း၊ ဦးဝေလွင်(စာရေးဆရာ ဝေလွင်မောင်)က      ငွေကျပ် နှစ်သိန်း၊    ဒေါက်တာအေးမင်း (ဒေါက်တာအောင်ထက် ဆေး-၁)မိသားစုနှင့်      ဦးသန်းဝင်း (မင်းယဉ်စု)မိသားစုတို့က ငွေကျပ် တစ်သိန်းစီ၊       စာရေးဆရာကြီး ကပ္ပတိန်သာစိန်     မိသားစုက ငွေကျပ်ခုနစ်သောင်း၊ မရမ်းကုန်း မြို့နယ်       စာရေးဆရာအသင်း နှင့်       ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်စာရေးဆရာအသင်းတို့က ငွေကျပ်   ငါးသောင်းစီ၊    ဦးထင် ကျော်မိုး (မြေလတ်ထင်ကျော်မိုး)မိသားစုက    ငွေကျပ်နှစ်သောင်း ပေးအပ်လှူဒါန်းကြရာ    အသင်း အတွင်းရေးမှူး       ဦးညွန့်တင်   (မောင်ငြိမ်းသူ-ကြို့ပင်ကောက်) နှင့်  တာဝန်ရှိသူများက   လက်ခံ ရယူပြီး        ကျေးဇူးတင်စကား ပြောကြားသည်။

 


အလှူငွေဖြစ်စေ၊      အလှူ ပစ္စည်းဖြစ်စေ     လှူဒါန်းလိုပါက မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ အမှတ် (၁၇၃၁၇၅) ပန်းဆိုးတန်း လမ်း (အလယ်) ကျောက်တံတား မြို့နယ်  ရန်ကုန်မြို့   ဖုန်း-၀၁-၂၅၂၄၁၇၊ ၀၉-၄၅ဝဝ၉ဝ၄၈၆ သို့ ဆက်သွယ်   လှူဒါန်းနိုင်ကြောင်း သိရသည်။          

  
  သတင်းစဉ်