နေပြည်တော် အောက်တိုဘာ ၁၈
နည်းပညာ တက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များတွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်၏ ပထမနှစ်မှ ပါရဂူဘွဲ့အထိ သင်တန်းများ အားလုံးကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ဖွင့်လှစ် မည်ဖြစ်ပါကြောင်း၊ နည်းပညာ တက္ကသိုလ်များနှင့် ကွန်ပျူတာ တက္ကသိုလ်များတွင် သင်ကြားရေး နှင့် စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်း များ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး၊ တည်ဆောက် ရေးနှင့် စက်ပစ္စည်းဝယ်ယူရေး လုပ်ငန်းများကို လျာထားရာတွင် လက်ရှိ ဆရာ၊ ဆရာမ၊ ဝန်ထမ်း၊ ကျောင်းသား၊ ကျောင်းသူအင်အား၊ Infrastructure နှင့် စံသတ်မှတ် ချက်များအပေါ်မူတည်၍ ဘဏ္ဍာ ရေးနှစ်အလိုက် ဦးစားပေးအစီ အစဉ်များဖြင့် ဆောင်ရွက်ကြရ မည်ဖြစ်ပြီး ဘာသာရပ်အလိုက် လက်တွေ့ခန်းများကိုလည်း အဆင့် မြှင့်တင် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် က ပြောကြားသည်။
သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာန အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနရှိ နည်းပညာ တက္ကသိုလ်များနှင့် ကွန်ပျူတာ တက္ကသိုလ်များ၏ ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၉ နာရီတွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်က ယင်းသို့ ပြောကြားခြင်းဖြစ်သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီး က နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ် အသီးသီး တို့တွင် ပညာသင်ယူကြသည့် ကျောင်းသား ကျောင်းသူများ အမှန်တကယ် ကျွမ်းကျင် တတ်မြောက်ပြီး တီထွင်ဖန်တီး နိုင်စွမ်းရှိသော အသိပညာရှင်၊ အတတ်ပညာရှင်များ ဖြစ်လာစေ ရေး လိုအပ်ပါကြောင်း၊ တက္ကသိုလ် များ၏ ဘာသာရပ်အလိုက် နိုင်ငံအကျိုးပြု၊ ဒေသအကျိုးပြု သုတေသနများ ဆောင်ရွက်ရန်နှင့် နိုင်ငံတော်၏ မူဝါဒနှင့် ကိုက်ညီ သည့် Projects များ/ သုတေသန များကို ဘွဲ့ကြို/ဘွဲ့လွန်သင်တန်း များတွင် လုပ်ဆောင်ရန် လိုအပ် ပါကြောင်း၊ တက္ကသိုလ်များတွင် အရည်အသွေးအာမခံမှု (Accre-ditation) ရရှိနိုင်ရေးနှင့် Credit စနစ် ကျင့်သုံးနိုင်ရေးအတွက် ဆောင်ရွက်ပေးစေလိုပါကြောင်း၊ နိုင်ငံတကာတက္ကသိုလ်များ/ အဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင် ရွက်သည့်အခါ လက်မှတ်ရေးထိုး ထားရှိပြီး သက်တမ်းဝင်နေဆဲ ဖြစ်သော နားလည်မှုစာချွန်လွှာ (MoU)၊ သဘောတူညီမှုစာချွန် လွှာ(MoA)များနှင့် စီမံကိန်းများ၏ အကောင် အထည်ဖော်ဆောင်မှု အခြေအနေများကိုလည်း စိစစ်၍ အချိန်မီဆောင်ရွက်ရန်နှင့် လိုအပ် သည်များကို တစ်ဖက်အဖွဲ့အစည်း နှင့် ချိတ်ဆက်၍ ပူးပေါင်းဆောင် ရွက်ရန်နှင့် စာချုပ်များ ပြင်ဆင် ချုပ်ဆိုရန်ရှိပါက ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ အချိန်မီ ပြင်ဆင်ဆောင်ရွက်ရန် အရေးကြီး ပါကြောင်း၊ တက္ကသိုလ်များ၏ မျက်နှာစာ သန့်ရှင်းသာယာလှပ ရေးနှင့် စိမ်းလန်းစိုပြည်ရေးကို ဂရုတစိုက် ဆောင်ရွက်ပေးစေလို ပြီး သင်ကြား/သင်ယူမှု ပတ်ဝန်း ကျင်ကောင်းများ အစဉ်ဖြစ်နေစေ ရန် ကြိုးပမ်းဆောင်ရွက်စေလို ပါကြောင်း ပြောကြားသည်။
ယင်းနောက် အဆင့်မြင့်သိပ္ပံ နှင့် နည်းပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါ်နွယ်နီက လုပ်ငန်း ဆောင်ရွက်ချက်နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက် လာကြသည့် တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များက တက္ကသိုလ် များအလိုက် သင်ကြားရေးနှင့် စီမံ ရေးရာကိစ္စရပ်များအပြင် လူ့စွမ်း အား အရင်းအမြစ် ပြုစုပျိုးထောင် ရေးနှင့် ပညာသင်ကြားရေး ဆိုင်ရာလုပ်ငန်းများ၊ နိုင်ငံတကာ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင် ရွက်ရေး၊ မူဝါဒ၊ စီမံကိန်းနှင့် စာရင်းအင်းဆိုင်ရာ လုပ်ငန်းများ၊ အရည်အသွေး စီမံခန့်ခွဲရေးနှင့် လေ့လာဆန်းစစ်ရေး၊ တည် ဆောက်ရေးဆိုင်ရာ စသည့်လုပ်ငန်း အားသာချက်များ၊ အားနည်းချက် များနှင့် စိန်ခေါ်မှုများကို တင်ပြ ဆွေးနွေးကြသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေး သို့ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အဆင့်မြင့် သိပ္ပံနှင့်နည်းပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခ ချုပ်များ၊ ဒုတိယပါမောက္ခချုပ် များ တက်ရောက်ကြပြီး အစည်း အဝေးကို အောက်တိုဘာ ၁၉ ရက်အထိ ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်



