၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ၊ ၁၈ ရက်
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် တောင်ခြေကင်ပွန်းချောင်းတောင်တက် ကားဂိတ်တွင် အောက်တို ဘာလ၊ ၁၂ ရက်နေ့၊ နံနက်ပိုင်း၌ KNLA တပ်မဟာ(၁)နှင့် NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရက်စက်စွာ လာရောက် ပစ်ခတ်မှုကြောင့် ဘုရားဖူးပြည်သူ သုံးဦး သေဆုံးပြီး ၁၉ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းများကို စိတ်မချမ်းမြေ့ဖွယ်ရာ ကြားသိရပါသည်။
ယခုအချိန်သည် သီတင်းကျွတ်ကာလဖြစ်ခြင်း၊ ဒေသအားဖြင့် မြန်မာနိုင်ငံသားများသာမက ပြည်ပမှ ထေရဝါဒ ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထား၍ လာရောက်ဖူးမြော်ရာ ကျိုက်ထီးရိုးဆံတော်ရှင် စေတီတော်ဖြစ်ခြင်းတို့ကြောင့် ယခုအကြမ်းဖက်မှုသည် မြတ်ဗုဒ္ဓ၏ သာသနာတော်ထွန်းကားပြန့်ပွားရေးကိုပါ ထိခိုက်စေပါသည်။
ဗုဒ္ဓသာသနာတော်အကျိုးကို ဆယ်စုနှစ်တစ်ခုကျော် တစိုက် မတ်မတ် ထမ်းရွက်သယ်ပိုးလျက်ရှိသော မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာ အဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း(ဗဟို) အနေဖြင့် ယခုအကြမ်းဖက်မှုကို လုံးဝလက်မခံနိုင်ကြောင်းနှင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါ ကြောင်း သဘောထားထုတ်ပြန် အပ်ပါသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာ အဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း(ဗဟို)



