ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ The Republic of Buryatia, Ulan-Ude တွင် ကျင်းပမည့် ပထမအကြိမ်အပြည်ပြည်ဆိုင်ရာ အရှေ့ဖျားသိပ္ပံနှင့် အဏုမြူရောင်ခြည်နည်းပညာဖြင့် ရောဂါရှာဖွေကုသရေး လက်တွေ့လေ့ကျင့်ရေးဆိုင်ရာ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ တက်ရေ

 

နေပြည်တော် အောက်တိုဘာ ၁၈


ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊     The Republic  of  Buryatia,  Ulan-Ude တွင်    ကျင်းပမည့်   ပထမ အကြိမ်အပြည်ပြည်ဆိုင်ရာ အရှေ့ ဖျားသိပ္ပံနှင့်    အဏုမြူရောင်ခြည် နည်းပညာဖြင့် ရောဂါရှာဖွေ ကုသ ရေး       လက်တွေ့လေ့ကျင့်ရေး ဆိုင်ရာ      အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ရန်     ကာကွယ်ရေး ဝန်ကြီးဌာနနှင့်     ကျန်းမာရေး ဝန်ကြီးဌာနတို့မှ     အထူးကု ဆရာဝန်ကြီးငါးဦးတို့သည် ယနေ့ ညနေ ၄ နာရီခွဲတွင်  ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့်    ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှတစ်ဆင့်    ရုရှား ဖက်ဒရေးရှင်းနိုင်ငံသို့    ထွက်ခွာ သွားကြောင်း သိရသည်။

 


အဆိုပါ     ဆွေးနွေးပွဲသည် နိုင်ငံတော်ဝန်ကြီးချုပ်၏     ရုရှား ဖက်ဒရေးရှင်းနိုင်ငံသို့     အလုပ် သဘောခရီးစဉ်အတွင်း    တွေ့ဆုံ ဆွေးနွေးမှုအရ  ဖိတ်ကြားလာခြင်း ဖြစ်ပြီး      မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများမှ    အထူးကုဆရာ ဝန်များတက်ရောက်၍   အဏုမြူ ရောင်ခြည်နည်းပညာဖြင့်  ရောဂါ ရှာဖွေကုသရေး    ပညာရပ်များကို ညှိနှိုင်း      ဆွေးနွေးကြမည့်အပြင် နိုင်ငံတကာမှ     ပညာရှင်များနှင့် အတွေ့အကြုံများ   ဖလှယ်မည်ဖြစ် ပါသဖြင့် မိမိနိုင်ငံအတွင်း အဏုမြူ ရောင်ခြည်        နည်းပညာဖြင့် ကင်ဆာရောဂါ    ရှာဖွေကုသရေး ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းအတွက်     အထောက် အကူများစွာရရှိနိုင်ပြီး     နိုင်ငံ တကာမှ    အတွေ့အကြုံကောင်း များ     ပြန်လည်မျှဝေပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်