မတူပီမြို့၌ အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဒုတိယအကြိမ် ရောင်းချပေး

 

မတူပီ   အောက်တိုဘာ  ၁၅


ချင်းပြည်နယ် မတူပီမြို့ရှိ ဒေသခံ ပြည်သူများအနေဖြင့်     အခြေခံ စားသောက်ကုန်များကို  ဈေးနှုန်း သက်သာစွာ ဝယ်ယူစားသုံးနိုင်ရေး အတွက် ချင်းပြည်နယ်အစိုးရနှင့်  မတူပီတပ်နယ်တို့၏    ကြီးကြပ် ကွပ်ကဲမှုဖြင့်   အခြေခံစားကုန်များ၊ ဟင်းသီး        ဟင်းရွက်များကို အောက်တိုဘာ ၁၅ ရက်က  မတူပီ မြို့      ရှစ်လမ်းဆုံ၌       ဈေးနှုန်း သက်သာစွာ ရောင်းချပေးသည်။ 

 


ဆန်၊ ဆီ၊  ဆား၊  ခေါက်ဆွဲ ခြောက်၊ ကြက်သွန်နီ/ဖြူ၊ အာလူး၊ ကုလားပဲ၊ ကြက်ဥ၊ အမဲသား၊ ဝက် သား၊  ချဉ်ပေါင်ရွက်၊ ရွှေဖရုံရွက်၊ ဂေါ်ရခါးညွှန့်၊      ဂေါ်ဖီထုပ်နှင့် ငရုတ်သီးစိမ်း   စသည့်   အခြေခံ စားသောက်ကုန်များနှင့်   မတူပီ တပ်နယ် တစ်ပိုင်တစ်နိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိ သော အသား၊ ကြက်ဥ၊  နွားနို့နှင့် ဟင်းသီးဟင်းရွက်များကို ဒေသ ပေါက်ဈေးထက်  ၂၀  ရာခိုင်နှုန်း လျှော့၍          ရောင်းချပေးခဲ့ခြင်း ဖြစ်သည်။

 


လတ်တလော     ဖြစ်ပေါ်နေ သည့် ကုန်ဈေးနှုန်းမြင့်တက်မှုများ ကြောင့်   အခက်အခဲဖြစ်နေသည့် အခြေခံ          လူတန်းစားများ၏ စားသောက်မှု       အထောက်အကူ ဖြစ်စေရန်အတွက်  ချင်းပြည်နယ် အစိုးရအဖွဲ့မှ   ယခုကဲ့သို့    အခြေခံ စားသောက်ကုန်များ ပြင်ပပေါက် ဈေးထက်  သက်သာဈေးနှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်ကာ   ဈေး ရောင်းချနေမှုများကို        မတူပီ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးရဲကျော်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့   ဥက္ကဋ္ဌ ဦးကျော်ငြိမ်းနှင့်   တာဝန်ရှိသူ များက     ကြည့်ရှုအားပေးခဲ့ကြ သည်။                

ခရိုင်(ပြန်/ဆက်)