ကချင်ပြည်နယ်အတွင်း ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း ၂၅၀၀၀ ကျော် ထုတ်ချေးပေးသွားမည်

 

မြစ်ကြီးနား  အောက်တိုဘာ  ၁၅


မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည်   မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တောင်သူများအား  နှစ်စဉ်ရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ  ကချင်ပြည်နယ်အတွင်းမှ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲများအနေဖြင့် ယခုနှစ် ဆောင်းရာသီ စိုက်ပျိုးစရိတ် ချေးငွေ ကျပ်သိန်းပေါင်း ၂၅၀၀၀ ကျော် ထုတ်ချေးပေးမည်ဖြစ် ကြောင်း သိရသည်။

 


အောက်တိုဘာ ၁၃ ရက်တွင်လည်း မြစ်ကြီးနားမြို့နယ် ရှဒေါင် ကျေးရွာ၊ ပမ္မတီး ရပ်ကွက်နှင့် ဆင်ဘိုမြို့ အောင်ချမ်းသာရပ်ကွက်မှ တောင်သူများအား  ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေ   ကျပ်သိန်း ပေါင်း ၄၀၀၀  ခန့်ကို မြစ်ကြီးနားခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ထုတ်ချေးပေးခဲ့သည်။ စပါးတစ်ဧကလျှင် ကျပ် ၁၅၀၀၀၀ နှင့် အခြားသီးနှံ   တစ်ဧကလျှင် ကျပ် ၁၀၀၀၀၀ နှုန်းဖြင့်   တစ်ဦးလျှင် အများဆုံး ၁၀ ဧကအထိ စိုက်ပျိုးစရိတ်ထုတ်ချေးနိုင်ပြီး အတိုးနှုန်း အနေဖြင့် တစ်နှစ်လုံးအတွက် ငါးရာခိုင်နှုန်းဖြစ်ကြောင်း  သိရသည်။

 


မြစ်ကြီးနားခရိုင်    မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် တောင်သူများအား ယခုနှစ်ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေများကို အောက်တိုဘာ ၇ ရက်မှ စတင်ထုတ်ချေးပေးနေပြီး ဒီဇင်ဘာလ ကုန်ပိုင်းအထိ   အပြီးသတ်ထုတ်ချေးပေးမည်ဖြစ်ကြောင်း   ကချင် ပြည်နယ်      မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ     မန်နေဂျာ ဦးကျော်စွာလှိုင်ထံမှ သိရသည်။                

ယော်ဆောင်(ပြန်/ဆက်)