ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မျိုးပဲများ မန္တလေးဈေးကွက်အတွင်း အရောင်းအဝယ်သွက်နေ

 

မန္တလေး   အောက်တိုဘာ   ၁၅


၂၀၂၂   ခုနှစ်      ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မျိုးပဲများ  မန္တလေးဈေးကွက်အတွင်း အရောင်း အဝယ်           သွက်လက်မြန်ဆန်နေကြောင်း   မန္တလေးပဲကုန်သည်များထံမှ   သိရသည်။

 


ဆောင်းသီးနှံ         စိုက်ပျိုးရာသီသည် သီတင်းကျွတ်လဆန်းမှစတင်၍ တန်ဆောင် မုန်းလပြည့်အတွင်းဖြစ်ရာ       ထိုအချိန်တွင် အဓိကပြည်ပပို့ကုန်ဖြစ်သည့် မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲနှင့်   မြေထောက်ပဲမျိုးများ   မန္တလေး ဈေးကွက်အတွင်း၌ အရောင်းအဝယ်သွက်နေခြင်းဖြစ်ကြောင်း မန္တလေးမြို့မှ စိုးဝင်းမြင့်ပွဲရုံ ပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောသည်။

 


“၂၀၂၂ ခုနှစ် စိုက်ပျိုးရာသီမှာ သီးနှံတွေ ဈေးကောင်းရရှိခဲ့လို့    ၂၀၂၃   ခုနှစ်မှာလည်း ဈေးကောင်းရရှိမယ်လို့       မျှော်မှန်းချက်နဲ့ မျိုးပဲတွေကို အားတက်သရောဝယ်ယူပြီးတော့ စိုက်ပျိုးနေတာဖြစ်တယ်။  အခုရာသီမှာ  မျိုးပဲ တွေကို အထက်အညာဒေသတွေမှာ တောင်သူ တွေ     ဝယ်ယူပြီးတော့ ဆောင်းသီးနှံအတွက် မြိုင်မြိုင်ဆိုင်ဆိုင်    စိုက်ပျိုးနေတာ  တွေ့ရပါ တယ်။     ဈေးနှုန်းတွေက     ဒီရက်ပိုင်းမှာ သိုလှောင်သူတွေအတွက်  ဈေးတက်မလာဘဲ ကျလာတာကို    တွေ့ရပါတယ်။    မျိုးဝယ်တဲ့   တောင်သူတွေ   အခက်အခဲမရှိဘဲနဲ့   အလွယ် တကူ ဝယ်ယူနိုင်တာကိုလည်း   တွေ့ရပါတယ်။ သိုလှောင်သူတွေ မျှော်မှန်းသလောက်မရဘဲ   ဈေးများကျဆင်းလာတာကိုလည်း တွေ့ရပါ တယ်” ဟု ၎င်းက ပြောသည်။ 

 


 အဆိုပါ ဆောင်းသီးနှံများကို ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်တိုင်းဒေသကြီးများနှင့် အထက် အညာဒေသ တိုင်းဒေသကြီးများတွင် အဓိက စိုက်ပျိုးကြပြီး ထို့ပြင် ရှမ်းပြည်နယ် တောင်ပိုင်း နှင့်  မြောက်ပိုင်းဒေသများတွင်လည်း စိုက်ပျိုး ကြကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)