ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လယ်ယာစိုက်ပျိုးမွေးမြူရေး၊ သမဝါယမလုပ်ငန်းများနှင့် မြစိမ်းရောင်စီမံကိန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် Multivitamin (EV,Solar Power Energy )

Type
၅

 

စက်မှုစီးပွားထူးချွန်ဆုရ အင်ဂျင်နီယာ (ထွန်း)

 

(ယမန်နေ့မှ အဆက်) 


မိမိတို့ အစပြုသုံးစွဲကြမည့် EV အရေအတွက်သည် အခြား EV များကို များစွာသုံးစွဲနေကြသည့် နိုင်ငံကြီး များကဲ့သို့ EV များစွာ  စွမ်းအင်ဖြည့်တင်းပေးနိုင်သော Power  Refilling Stations  များ   နေရာအနှံ့တွင်   များပြားစွာတည်ဆောက်ပေးရန် မလိုအပ်ပါ။ 

 


လိုအပ်သည့် နေရာများ၌သာ
စနစ်တကျ တည်ဆောက်သင့်


EV ယာဉ်အများစု   ရပ်နားမည့်    လိုအပ်သော နေရာများ၌သာ တည်ဆောက်ပေးခြင်းဖြင့် နောက်ဆုံး သုတေသနပြု   အောင်မြင်လာသည့်  (LiFe   PO4  Batteries)၊ (Sodium ion Batteries)၊ (Solid State Batteries)၊ (Nano Diamond Batteries)၊ (Graphene Batteries)၊ (Borophene Batteries) များ ကဲ့သို့ Long Life Higher Energy Storage Batteries များနှင့် Self Charging (Quantum) Batteries များ၊ Fully Solar Energy စနစ် EV ယာဉ်များကို  အသုံးများလာမည့် ခေတ်ကာလသို့ ရောက်သည့်အခါ များပြားစွာ  တည်ဆောက်ထားခဲ့မိသည့်   Power Refilling Station များအတွက် ရင်းနှီးထားခဲ့ရသည်များ ဆုံးရှုံးမှု မဖြစ်ရလေအောင် လိုအပ်သည့် နေရာများ ၌သာ စနစ်တကျ စဉ်းစားသုံးသပ် စီမံဆောင်ရွက် ပေးသင့်ပါသည်။

 


ကျေးရွာများတွင် လယ်ယာမြေထွန်ယက်စိုက်ပျိုး ရေး၊    မွေးမြူရေး၊  ကျေးရွာချင်းဆက်လမ်းများ ဖောက်လုပ်ရေး၊ ဆည်မြောင်းငယ်များ တည်ဆောက် ရေး၊   ပြည်သူများအတွက်  သယ်ယူပို့ဆောင်ရေး   လုပ်ငန်းများနှင့် အထွေထွေသုံး ဈေးနှုန်းချိုသော EV ယာဉ်များ၏ ဘက်ထရီများကို အားဖြည့်သွင်းပေး နိုင်ရန်အတွက်   Solar  Energy  Power  Refilling Station ငယ်များ၊ EV ယာဉ်အုပ်စုအလိုက် စွမ်းအား ဖြည့်သွင်းနိုင်မည့်   နေရာများကို  ကျေးရွာလူကြီးများ၊ သက်ဆိုင်ရာ    ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ပေးနေကြသည့် ဌာနဆိုင်ရာ ဦးဆောင်နေကြသူများ   တိုင်ပင်ဆွေးနွေးကြပြီး သင့်လျော်သည့်နေရာများတွင် နိုင်ငံတော်အဖွဲ့အစည်း များ၏အစီအစဉ်ဖြင့် စနစ်တကျ သတ်မှတ်တည်ဆောက် ပေးခြင်းဖြင့် အသုံးပြုသည့် ရွာသူရွာသားများ စရိတ် သက်သာ အဆင်ပြေနိုင်မည်ဖြစ်ပါသည်။

 


အမျိုးအစားများရွေးချယ်၍
ကန့်သတ်တင်သွင်းခွင့်ပေးသင့်


EV ယာဉ်များကို မြို့နယ်များနှင့်   မြို့ကြီးများ၌  အစပြု သုံးစွဲလာရာတွင်   ရေရှည် ခေတ်အဆက်ဆက် ပြုပြင်ထိန်းသိမ်းမှု   အခက်အခဲ  မဖြစ်စေရန်အတွက် ဝယ်ယူသုံးစွဲသွားနိုင်မည့် EV ယာဉ် အမျိုးအစားများ၏ system ကို စဉ်းစားရွေးချယ် သတ်မှတ်ပေးထားပြီး ထို System EV ယာဉ် Good Second Hand များကို သာ   အစပိုင်းတွင်    ကန့်သတ်တင်သွင်းခွင့်ပေး၍ မိမိပြည်သူအများ လျင်မြန်စွာ ဝယ်ယူသုံးစွဲခွင့်ရနိုင် စေခြင်းဖြင့်  မိမိနိုင်ငံတွင် EV ယာဉ်များဖြင့်  ICE ယာဉ်များနေရာကို အစားထိုးပေးနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ICE ယာဉ်များတွင်အသုံးပြုရန် လိုအပ်သော လောင်စာဆီများကို နိုင်ငံတော်၏  FE ဖြင့် ဝယ်ယူ ဖြည့်တင်းပေးရမှုကို   သိသာစွာ လျှော့ချသွားနိုင်မည် ဖြစ်ပါသည်။

 


ပြုပြင်ထိန်းသိမ်းရေး


EV ယာဉ်များ ပြည်တွင်း၌ ပေါ်ပေါက်အသုံးပြု လာသည်နှင့် တစ်ပြိုင်နက် ပြုပြင်ထိန်းသိမ်းရေး အတွက် ကျွမ်းကျင်နည်းပညာရှင်များကို လုံလောက်စွာ ပေါ်ထွက်လာစေအောင်  တစ်ချိန်တည်း သင်ကြား ပြုစုလေ့ကျင့်ပေးထားရန် လိုအပ်မည်ဖြစ်သကဲ့သို့ EV ယာဉ်များ ပြုပြင်ရန်အတွက် လိုအပ်သော Spare parts  &  Components  များကို   အခက်အခဲမရှိ လွယ်ကူလျင်မြန်စွာ အဆက်မပြတ် ဝယ်ယူရရှိရေးကို လည်း အလေးထားစီမံထားပေးရန် လိုအပ်ပါမည်။

 


EV ယာဉ်များနှင့် ပတ်သက်၍ မိမိပြည်သူများ သုံးစွဲရာတွင်  လည်းကောင်း၊   ပြုပြင်ထိန်းသိမ်း ရာတွင်လည်းကောင်း အတွေ့အကြုံများစွာ ရရှိလာ ကြပြီးသည်နှင့် EV ယာဉ်များ ပြုပြင်ထိန်းသိမ်းမှု ကိုလည်း ကျွမ်းကျင်လာကြမည့်အလျောက် မိမိတို့ ပြည်တွင်း၌  မထုတ်လုပ်နိုင်သေးသော Parts နှင့် Components များကို   ဝယ်ယူတင်သွင်းပြီး   မိမိ ပြည်တွင်း၌  CKD, SKD  တပ်ဆင်ထုတ်လုပ်ခြင်းဖြင့် ပြည်သူများ ဈေးသက်သာစွာ ဝယ်ယူအသုံးပြုနိုင်ခွင့် ရစေမည်ဖြစ်သည်။ ထိုမှ တစ်ဆင့်တိုး၍ မိမိတို့နိုင်ငံ နှင့် ရင်းနှီးစိတ်ချရသော အိမ်နီးချင်းနိုင်ငံကြီးများ ဖြစ်ကြသည့် အိန္ဒိယနိုင်ငံနှင့် အကျိုးတူ   (SONO Fully Solar EV)ယာဉ်များ မိမိနိုင်ငံအတွင်း ထုတ်လုပ် နိုင်ရေးစီမံခြင်း၊ အရည်အသွေးမြင့် EV ယာဉ်အမျိုးမျိုး ထုတ်လုပ်ကာ ကမ္ဘာ့ဈေးကွက်ကို စိုးမိုးထားနိုင်သည့် အိမ်နီးချင်း တရုတ်နိုင်ငံနှင့် EV အမျိုးမျိုး မိမိနိုင်ငံတွင်း  ထုတ်လုပ်နိုင်ရေးတို့ကိုလည်း နှစ်နိုင်ငံ အကျိုးတူ အစီအမံများဖြင့် ဆောင်ရွက်သင့်ပါသည်။ သီးခြား အဖွဲ့နှစ်ဖွဲ့  ဖွဲ့စည်းကာ  နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်၍ EV ယာဉ်များ/ Solar EV ယာဉ်များ တင်ပို့ရောင်းချနိုင်လျှင် မိမိနိုင်ငံ၏ စီးပွားရေး အလျင် အမြန် ဦးမော့စေမည်ဟု မြင်ပါသည်။

 


ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များဖြင့်
လျှပ်စစ်ဓာတ်အား ပံ့ပိုးဖြည့်တင်းနိုင်ရေး


ထိုသို့  EV များ၊ Fully Solar EV များ ထုတ်လုပ်ရာတွင် ပူးပေါင်းပါဝင်ခွင့်ပြုနိုင်သော မိမိတို့နိုင်ငံ MSMEs လုပ်ငန်းများ၊ စက်ရုံကြီးငယ် တစ်ခုချင်းစီနှင့် စက်မှု  ဇုန်များ၏ ထုတ်လုပ်မှု လုပ်ငန်းများအတွက် လိုအပ် မည့် လျှပ်စစ်စွမ်းအားရရှိစေရန် နေရောင်ခြည်စွမ်းအင်၊ လေအားစွမ်းအင်၊ ရေအားစွမ်းအင်၊ ရေတံခွန်စီးဆင်း သည့်ရေကြောမှ  Hydropower လျှပ်စစ်စွမ်းအင် ထုတ်ယူခြင်းအပြင်   မိမိတို့  နည်းပညာရှင်များက ပြန်လည်ပြည့်ဖြိုး       စွမ်းအင်များကို       ဆက်စပ် ပေါင်းစပ်ကာ ဆောင်ရွက်ရပါမည်။ Wind Power & Solar Power Pumps Group Pumping System များ    အသုံးချ၍   အောက်ခြေ    မြေအနိမ့်မှရေကို အထက် မြေအမြင့်ရှိ ရေသိုလှောင်ကန်သို့   ရေစုပ် တင်ကာ   ထိုအထက်မြေအမြင့် ရေသိုလှောင်ကန်မှ အောက်ခြေ မြေအနိမ့် ရေကန်၊ အင်းအိုင်၊ မြစ်ချောင်း များသို့ ရေပို့လွှတ်ပိုက်လိုင်းဖြင့် ပြန်လည်စီးဆင်းစေပြီး  ထိုပိုက်လိုင်းတစ်နေရာတွင် ရေအားလျှပ်စစ်ထုတ် တာဘိုင် တပ်ဆင်၍ Open-loop Pumped Hydro-power ဖြင့် လျှပ်စစ်စွမ်းအားရစေအောင် စီမံပေးခြင်း ဖြင့် လည်းကောင်း၊  အောက်ခြေ မြေအနိမ့်ရေကို အထက်မြေအမြင့်ရှိ ရေလှောင်ကန်သို့ ရေစုပ်တင် သိုလှောင်နိုင်သည့် သဘာဝမြေအနေအထားပေး သော နေရာတိုင်းတွင်လည်းကောင်း Wind Power & Solar Power Pumps Group Pumping System အသုံးပြုကာ Open-loop   Pumped  Hydropower စွမ်းအား ဖော်ဆောင်ပေးနိုင်သည့် အရပ် ဒေသတိုင်းတွင် လျှပ်စစ်စွမ်းအား ထုတ်ယူပေးကာ  ပိုလျှံသော လျှပ်စစ်စွမ်းအားကို မိမိတို့ လက်ရှိ မဟာ ဓာတ်အားလိုင်းကြီးအတွက်  လျှပ်စစ်ဓာတ်အား ပံ့ပိုးဖြည့်တင်းပေးနိုင်အောင်  စီမံပေးနိုင်ခြင်းဖြင့် မြန်မာပြည်နေရာအနှံ့တွင် လျှပ်စစ်ဓာတ်အားရရှိစေ မည်ဖြစ်ပါသည်။ မြန်မာပြည်နေရာအနှံ့တွင် လျှပ်စစ် ဓာတ်အား ပြည့်ပြည့်ဝဝ အသုံးပြုခွင့်ရပါက ကဏ္ဍ တိုင်း၏  ကုန်ထုတ်လုပ်မှုများကို   စွမ်းအားပြည့် စွမ်းဆောင်နိုင်ခြင်းဖြင့်   နိုင်ငံတော်ကြီး  လျင်မြန်စွာ  ဖွံ့ဖြိုးတိုးတက်စေရေး ဖန်တီးနိုင်မည်ဖြစ်ပါသည်။

 


လယ်ယာစိုက်ပျိုးမွေးမြူရေး၊ ကျေးလက်ဖွံ့ဖြိုးရေး လမ်းများ ဖောက်လုပ်ရေး၊ အသေးစားဆည်မြောင်း လုပ်ငန်းအတွက် အသုံးပြုရန် လိုအပ်သော စက်ပစ္စည်း ကိရိယာများ လည်ပတ်နိုင်ရေးအတွက် လိုအပ်သည့် စွမ်းအားများကို  ဆိုလာစွမ်းအင်ဖြင့်   တိုက်ရိုက် ချိတ်ဆက်အသုံးပြုနိုင်သလို EV ယာဉ်များအတွက်မူ တစ်ဆင့်ခံ ဘက်ထရီများကို ဆိုလာစွမ်းအင် Charging  စနစ် အသုံးပြုကာ    လိုအပ်သည့်အခါတိုင်း ဈေးသက်သာစွာ     အားဖြည့်သွင်းပေးနိုင်အောင်  ဆောင်ရွက်နိုင်ပါသည်။ အစဉ်ပြန်လည်ပြည့်ဖြိုးနေသော သဘာဝစွမ်းအင် နေရောင်ခြည်သည် ကျေးလက် ဒေသနေ တောင်သူ လယ်သမားများအား ထိရောက်စွာ ထောက်ပံ့မှုပေးနိုင်ပါသည်။ 

 


Solar Panel များ ထုတ်လုပ်နိုင်ရေး


 Heavy Solar Panel များအပြင်  တိုးတက်လာသော နည်းပညာအသစ်ဖြစ်သည့်    ဈေးသက်သာပြီး နေရောင်ခြည်စွမ်းအင်ကို ဖမ်းယူနိုင်စွမ်း ပိုမိုကောင်းမွန် ၍  ပေါ့ပါး  ပါးလွှာသော  (Thin Flexible Multiple Wafer Solar Sheet)   များကို မိမိတို့ပြည်တွင်း၌ ထုတ်လုပ်နိုင်ရန်အတွက်လည်း နည်းပညာကျွမ်းကျင် သော တိုင်းပြည်များနှင့် နှစ်နိုင်ငံ အကျိုးတူပူးပေါင်း ဆောင်ရွက်ကာ Solar EV  များ၊  Fully Solar EV များကို လျှပ်စစ်မီးမရသေးသည့် နေရာများ၌ အသုံး ပြုနိုင်ရန်နှင့် ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရေးအတွက် ပါ   အလျင်အမြန်   စတင်အကောင်အထည်ဖော်၍  တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် ထောင့်စုံမှ   စွမ်းအားများ ရရှိအသုံးချနိုင်ရေး ဆောင်ရွက်သင့်ပါသည်။

 


Wind Power Generation System နှင့်  Hydro Power Generation System တို့ကို  မိမိတို့ လက်ရှိ သုံးနေသည့်အခြေအနေထက် တိုးတက်သည့် နောက်ဆုံး ပေါ်   နည်းပညာဖြင့်   မိမိပြည်တွင်း၌ ထုတ်နိုင်ရန်လည်း စီမံဖို့လိုအပ်ပါမည်။
Solar Power Systems များတွင် ယနေ့ခေတ်မီ အသုံးပြုလာနိုင်နေကြသော   Thin Flexible Multi- ple Wafer Solar Sheet    များကို     နည်းပညာ ကျွမ်းကျင်စွာအသုံးပြု ထုတ်လုပ်နိုင်မည့် ခင်မင်ရင်းနှီး သော အိန္ဒိယနိုင်ငံ၊  တရုတ်နိုင်ငံတို့နှင့် နှစ်နိုင်ငံအကျိုး တူ  ပူးပေါင်းပြီး  မိမိတိုင်းပြည်အတွင်းထုတ်လုပ်၍ ပြည်တွင်း ပြည်ပ ရောင်းချဖြန့်ဖြူးပေးနိုင်အောင် လည်း ဖော်ဆောင်ပေးသင့်သောကာလ ဖြစ်ပါသည်။


 (ဆက်လက်ဖော်ပြပါမည်)