ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ပန်းတနော်မြို့နယ် လူထုအခြေပြုဗဟိုဌာနဆောက်လုပ်မှု ကြည့်ရှုစစ်ဆေး

 

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ပန်းတနော်မြို့နယ် လူထုအခြေပြုဗဟိုဌာနဆောက်လုပ်မှု ကြည့်ရှုစစ်ဆေးပြီး  
ကျောင်းကုန်းမြို့နယ်တွင် မိုးစပါးစံကွက် ရိတ်သိမ်းမှုနှင့် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ 
ပုသိမ် စက်မှုမြို့တော်စီမံကိန်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စက်မှုလုပ်ငန်း MSME များ ကြည့်ရှုအားပေး
 

ပုသိမ်   အောက်တိုဘာ  ၁၅


ပြန်ကြားရေးဝန်ကြီးဌာန     ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အတူ ယနေ့နံနက် ပိုင်းက  ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် လူထုအခြေပြုဗဟိုဌာန  ဆောက်လုပ်မှုကို  ကြည့်ရှု စစ်ဆေးပြီး  ကျောင်းကုန်းမြို့နယ်တွင် မိုးစပါးစံကွက် ရိတ်သိမ်းမှုနှင့်  နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန် ချက်အရ ပုသိမ်စက်မှုမြို့တော်စီမံကိန်းရှိ အသေးစား၊   အငယ်စားနှင့်   အလတ်စား  စက်မှုလုပ်ငန်း(MSME)များအား  သွားရောက်ကြည့်ရှု အားပေးကြသည်။

 


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသ ကြီး ဝန်ကြီးချုပ်တို့သည်  ရန်ကုန်-ပုသိမ် ကားလမ်းမ ကြီး မိုင်တိုင်အမှတ် မိုင် (၅၀)  (၃)ဖာလုံနှင့် မိုင် (၅၀)(၄) ဖာလုံအကြားတွင်    အောက်တိုဘာလဆန်းမှ စတင်ဆောက်လုက်လျက်ရှိသော ပန်းတနော်မြို့နယ် လူထုအခြေပြုဗဟိုဌာန   (Community  Centre) လုပ်ငန်းခွင်သို့ ရောက်ရှိကြရာ မြို့မကုမ္ပဏီလီမိတက် မှ    စီမံကိန်းတာဝန်ခံ       ဦးသန်းဇော်ညွန့်က တည်ဆောက်ရေးလုပ်ငန်းအခြေအနေကို ရှင်းလင်း တင်ပြမှုအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 


ပြန်ကြားရေးဝန်ကြီးဌာန     ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်   ခရိုင်နှင့် မြို့နယ် ပြန်/ဆက်ရုံးများကို နိုင်ငံတော်ဘဏ္ဍာငွေ ခွင့်ပြုမှုနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် လူထုအခြေပြုဗဟိုဌာနများအဖြစ် ပြောင်းလဲဆောင် ရွက်လျက်ရှိရာ  ယခုအခါ ပန်းတနော်မြို့နယ်  လူထု အခြေပြုဗဟိုဌာနကို အရွယ်အစား ပေ (၁၀၀ x ၆၀) RC နှစ်ထပ်အဆောက်အဦအဖြစ် နိုင်ငံတော်ဘဏ္ဍာ ငွေမှ ငွေကျပ်သန်း (၅၈၂ ဒသမ ၆) သန်း အသုံးပြု၍ ၂၀၂၃ ခုနှစ် မတ်လအပြီး ဆောက်လုပ်နေခြင်းဖြစ်သည်။

 


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသ ကြီး   ဝန်ကြီးချုပ်တို့သည်   ကျောင်းကုန်းမြို့နယ် ဇရပ်ကွင်းအုပ်စုရှိ ၂၀၂၂-၂၀၂၃ ခုနှစ် မျိုးစေ့ထုတ် တောင်သူများ၏ ဆင်းသုခစပါးစီးပွားဖြစ် မျိုးသန့် မျိုးစေ့ထုတ် ဧက ၅၀  စံပြစိုက်ခင်း၏ စံကွက်ရိတ်သိမ်း ပွဲသို့   ရောက်ရှိကြရာ   တိုင်းဒေသကြီး  စိုက်ပျိုးရေး ဦးစီးမှူး ဦးစိန်မောင်မြင့်က မြို့နယ်၊ ခရိုင်၊ တိုင်းဒေသ ကြီးအလိုက် စပါးမျိုးစေ့ထုတ်လုပ်နိုင်မှုနှင့် သစ်စိမ်း မြေဩဇာထည့်သွင်းနိုင်မှု      အခြေအနေများကို ရှင်းလင်းတင်ပြပြီး      ရိတ်သိမ်းခြွေလှေ့စက်ဖြင့် စံကွက်ရိတ်သိမ်းမှုကို ရှင်းလင်းတင်ပြသည်။

 


 ဆက်လက်၍      ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး     ဝန်ကြီးချုပ်တို့သည်    စံကွက် ရိတ်သိမ်းပွဲသို့ တက်ရောက်လာကြသည့် တောင်သူ များအား   ရင်းရင်းနှီးနှီး  တွေ့ဆုံနှုတ်ဆက်ပြီး  မိရိုး ဖလာ   စမ်းသပ်စိုက်ပျိုးမှုမှ   ပြောင်းလဲလာသော ခေတ်နှင့်အညီ   စနစ်တကျ     စီးပွားဖြစ်စိုက်ပျိုး ထုတ်လုပ်နိုင်ရေး၊ အထွက်နှုန်းကောင်းသည့် မျိုးသန့် စပါးများအသုံးပြုပြီး      သဘာဝဓာတ်မြေဩဇာ သွင်းအားစုများ     စနစ်တကျအသုံးပြုရေးတို့ကို ရှင်းလင်းပြောကြားပြီး       ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးနိုင်ရန်နှင့် လိုအပ်ချက်များ ဖြည့်ဆည်း ပေးနိုင်ရန် ညိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

 


ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ် တွင် ရပ်ကွက်တစ်ခုနှင့် ကျေးရွာအုပ်စုပေါင်း  ၆၅ စုမှ တောင်သူ  ၂၆၀၃၉ ဦးတို့က မိုးစပါး ၁၁၈၀၁၆ ဧက စိုက်ပျိုးထားရှိမှုအနက် ကျေးရွာအုပ်စုပေါင်း  ၂၄ ခုမှ တောင်သူ ၉၅ ဦးတို့က ဆင်းသုခမျိုးသန့်စပါး (၉၅၇ ဒသမ ၅)ဧက   စိုက်ပျိုးထုတ်လုပ်နိုင်မှုနှင့်အတူ ကျေးရွာအုပ်စု ၁၁ စုမှ တောင်သူ   ၁၇၆  ဦးတို့က သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ဧက   ၁၀၀၀  ထည့်သွင်းစိုက်ပျိုးလျက်ရှိကြောင်းနှင့် ယင်းစံကွက် ရိတ်သိမ်းမှုမှာ တစ်ဧကလျှင် စပါး(အခြောက်) ပျမ်းမျှ အထွက်နှုန်း  ၁၁၅ တင်းဖြစ်ကြောင်း သိရသည်။

 


မွန်းလွဲပိုင်းတွင် ပုသိမ်စက်မှုမြို့တော်စီမံကိန်း ရှင်းလင်းဆောင်၌ စီမံကိန်းဒုတိယဥက္ကဋ္ဌ ဦးစိုးသူရ က     စီမံကိန်းလျာထားမှုနှင့်    တိုးတက်ပြီးစီးမှု အခြေအနေ၊ ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းစဉ် များ၊    ကူညီပံ့ပိုးပေးစေလိုသည့်  အချက်များကို ရှင်းလင်းတင်ပြရာ      ပြည်ထောင်စုဝန်ကြီးက အသေးစား၊  အငယ်စားနှင့်  အလတ်စား စက်မှု လုပ်ငန်း(MSME )များသည် မိမိဒေသတစ်ခုအတွက် သာ ကွက်၍ဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ ကုန်ထုတ် လုပ်မှုကို အခြေခံ၍  နိုင်ငံ့စီးပွားရေးအထိ  အမြင် ကျယ်ကျယ်ဖြင့် ရည်မှန်းဆောင်ရွက်ရန် နိုင်ငံတော် ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်က လမ်းညွှန်ထားပါကြောင်း၊ လျှပ်စစ်ဓာတ်အား လိုအပ် ချက်ကို   နေရောင်ခြည်သုံးနှင့်  လေအားတို့ဖြင့် လျှပ်စစ်ထုတ်လုပ်ခြင်းကဲ့သို့   နည်းလမ်းများဖြင့် စက်ရုံတစ်ခုချင်းအလိုက်ဖြစ်စေ၊ စက်မှုဇုန်အလိုက် ဖြစ်စေ စနစ်တကျ တပ်ဆင်ထုတ်လုပ်ခြင်းအားဖြင့် မိမိတို့လိုအပ်ချက်ကို    ဖြည့်တင်းနိုင်မည့်အပြင် နိုင်ငံတော်၏ မဟာဓာတ်အားလိုင်းသို့လည်း ပို့လွှတ် ၍ ရောင်းချနိုင်သည့် နည်းလမ်းရှိပါကြောင်း၊ အခက် အခဲများကို ပေါင်းစပ်ညှိနှိုင်းတင်ပြမှုတို့ဖြင့် ဖြေရှင်း ကျော်လွှားပြီး အောင်မြင်အောင် ကြိုးစားဆောင်ရွက် ကြစေလိုပါကြောင်း ပြောကြားသည်။

 


 ထို့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်း ဧရာဝတီတိုင်းဒေသကြီးသည် နိုင်ငံ့အတွက် ဆန်၊ စပါး အဓိကထုတ်လုပ်ပေးနေခြင်းဖြစ်ရာ ဆန်၊ စပါး စိုက်ပျိုးထုတ်လုပ်ရေးကို    အခြေခံသည့်   စက်မှု လုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအခါ      ပုသိမ်စက်မှုမြို့တော်စီမံကိန်းနေရာမှ   ပြည်ပသို့  တိုက်ရိုက်ဆန်တင်ပို့နိုင်မည်ဖြစ်သဖြင့် ကုန်ကျစရိတ်သက်သာပြီး အကျိုးအမြတ် ပိုမိုရရှိမည် ဖြစ်၍ များများတင်ပို့နိုင်ရေး  ဝိုင်းဝန်းနည်းလမ်းရှာ     ဆောင်ရွက်ကြရန်ဖြစ်ကြောင်း ပြောကြားသည်။

 


 ဆက်လက်၍ Vent Dest Pathein Co.,ltd အထည်ချုပ်စက်ရုံသို့ သွားရောက်ကြရာ တာဝန်ရှိသူ များက အထည်ချုပ်လုပ်ငန်း ဆောင်ရွက်မှုလုပ်ငန်းစဉ် ကို   လိုက်လံရှင်းလင်းပြသကြသည်။  အဆိုပါ စက်ရုံ တွင် ပတ်ဝန်းကျင်ဒေသမှ လုပ်သားအင်အား  ၈၀၀ ခန့်ဖြင့် ဥရောပနိုင်ငံများမှ ကုန်ကြမ်းများတင်သွင်း၍ စံချိန်စံညွှန်းမီသောအထည်များကို   စနစ်တကျ ထုတ်ပိုးပြီး ဥရောပနိုင်ငံများသို့ ပြန်လည်တင်ပို့လျက် ရှိကြောင်း၊ စက်ရုံများ၏ ကုန်ထုတ်လုပ်မှုနှင့် တင်ပို့ မှုများမှာ    ပိတ်ဆို့မှုများကြောင့်   ရပ်တန့်လျက် ရှိကြောင်း၊ သတင်းတု၊ သတင်းမှားများ ဖြန့်ဝေပျံ့နှံ့ လျက်ရှိသော်လည်း     ယင်းစက်ရုံမှာ   ကိုဗစ်-၁၉  ကပ်ရောဂါဖြစ်ပွားမှု လျော့ပါးသွားချိန်မှစ၍ လုပ်ငန်း များ အရှိန်အဟုန်မပျက် လည်ပတ်လျက်ရှိကြောင်း သိရသည်။

 


ယင်းနောက် ဧရာဟင်္သာဆန်စက်သို့ သွားရောက် ကြရာ တာဝန်ရှိသူများက လုပ်သားအင်အား  ၅၀ ခန့်ဖြင့်   500  KVA   Transformer  အသုံးပြုကာ ပေါင်းဆန်များ   ကြိတ်ခွဲထုတ်လုပ်လျက်ရှိကြောင်း ၂၀၂၁-၂၀၂၂ ခုနှစ် ရာသီတွင် ဥရောပနှင့် အာဖရိက နိုင်ငံများ၊ တရုတ်နိုင်ငံနှင့် ပြည်တွင်းဈေးကွက်သို့ ဆန်တန်ချိန် ၇၅၀၀၀ တင်ပို့နိုင်ခဲ့ကြောင်း၊ ယခုရာသီ တွင်လည်း ဥရောပနှင့် အာဖရိကနိုင်ငံများ၊ တရုတ် နိုင်ငံနှင့် အခြားနိုင်ငံများသို့ ဆန်တန်ချိန် တစ်သိန်းခွဲ မှ နှစ်သိန်းအထိလည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တန်ချိန်   နှစ်သောင်းနှင့်   ပြည်တွင်းဈေးကွက်သို့ တန်ချိန် နှစ်သောင်းငါးထောင် ဖြန့်ဖြူးရောင်းချ သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်း တင်ပြပြီး   လုပ်ငန်းစဉ်အဆင့်အဆင့်ကို   လိုက်လံ ရှင်းလင်းပြသသည်။  ဆက်လက်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တိုက်ရိုက်ဆန်တင်ပို့မည့် ယာယီဆိပ်ကမ်း ပြင်ဆင်ဆောင်ရွက်နေမှုကို လိုက်လံရှင်းလင်းပြသ သည်။
ထို့နောက် ပုသိမ်မြို့ အမှတ်(၃)ရပ်ကွက် တောရ ကျောင်းလမ်းရှိ        ရွှေစာပုသိမ်ထီးလုပ်ငန်းသို့ သွားရောက်ကြပြီး ပုသိမ်ထီးအရွယ်အစားအမျိုးမျိုး ထုတ်လုပ်ပုံအဆင့်ဆင့်ကို  ကြည့်ရှုအားပေးသည်။

 


အဆိုပါ   ပုသိမ်ထီးလုပ်ငန်းကို   ၁၉၄၂  ခုနှစ်မှစ၍ မိသားစုလုပ်ငန်းအဖြစ် မျိုးရိုးစဉ်ဆက် ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းပြည်ပမှ ကြိုက်နှစ်သက် သဖြင့်  စဉ်ဆက်မပြတ်   ထုတ်လုပ်ရောင်းချလျက် ရှိကြောင်း သိရသည်။   

 


ဆက်လက်၍ ပုသိမ်မြို့ ကမ်းနားလမ်း  ရန်ကင်း တောင်ရပ်ကွက်ရှိ နေမင်းပုဂ္ဂလိက ဆားကြိတ်စက်သို့ ရောက်ရှိပြီး   အိုင်အိုဒင်းဆား  ထုတ်လုပ်မှုလုပ်ငန်း အဆင့်ဆင့်ကို  ကြည့်ရှုလေ့လာကြသည်။ ၎င်းတွင် ဒေသထွက်ဆားကြမ်းများ လုံလောက်စွာ ရရှိနေ သော်လည်း အဆင့်မီဆားချောများ ထုတ်လုပ်နိုင်ရန် နည်းပညာလိုအပ်ချက်များရှိနေသဖြင့်   ဈေးကွက် လိုအပ်ချက်ပြည့်မီအောင် ကြိုးပမ်းဆောင်ရွက်နေ ကြောင်း သိရသည်။                  

 


ထို့နောက်  ပုသိမ်မြို့  ရွှေမြင်းပျံဟာလဝါမုန့် စက်ရုံသို့ သွားရောက် ကြပြီး လုပ်ငန်းဆောင်ရွက်မှု အဆင့်အဆင့်ကို   ကြည့်ရှုအားပေးသည်။  ပုသိမ် ဟာလဝါမုန့်လုပ်ငန်းကို    လုပ်သား   ၃၀  ခန့်ဖြင့် ဆောင်ရွက် နေခြင်းဖြစ်ပြီး ပုသိမ်မြို့ရှိ အဓိကနေရာ ကိုးခုခန့်မှ ထုတ်လုပ်ကာ နိုင်ငံတစ်ဝန်းသို့ ဖြန့်ချိရောင်းချလျက်ရှိကြောင်းနှင့် သီတင်းကျွတ်ကာလ ရောက်ရှိလာပြီဖြစ်၍   ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။

 


ယင်းနောက် ပုသိမ်မြို့ အမှတ်(၅) ဓာတ်မြေဩဇာစက်ရုံသို့ ရောက်ရှိ ရာ တာဝန်ရှိသူများက ယူရီးယားဓာတ်မြေဩဇာထုတ်လုပ်ပုံ လုပ်ငန်း အဆင့်ဆင့်ကို  လိုက်လံရှင်းလင်းပြသကြသည်။  အဆိုပါ  တန်  ၅၀၀ ထုတ်လုပ်နိုင်စွမ်းရှိသော   စက်ရုံမှ  သဘာဝဓာတ်ငွေ့နှင့်  လျှပ်စစ် ဓာတ်အား ရရှိမှုအလိုက်  နေ့ဆိုင်းညဆိုင်းတာဝန်ခွဲ၍ စဉ်ဆက်မပြတ် ထုတ်လုပ်နေခြင်းဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်းများ အထွက်နှုန်းတိုးတက် စေရန်အတွက်    ယူရီးယားဓာတ်မြေဩဇာအိတ်များကို  အနယ်နယ် အရပ်ရပ်သို့ ဖြန့်ချိပေးလျက်ရှိကြောင်း သိရသည်။

 


ယမန်နေ့ညပိုင်းက    ပြည်​ထောင်စုဝန်ကြီးသည်    ရန်ကုန်မြို့  ပြည်လမ်းရှိ     မြန်မာ့အသံနှင့်     ရုပ်မြင်သံကြား၌     ကျင်းပသည့်  (၇၅)နှစ်မြောက်       စိန်ရတုလွတ်လပ်ရေးနေ့       ဂုဏ်ပြုအစီအစဉ် “တူယှဉ်နွှဲပျော် ဂီတပွဲတော်”   Season-2   အုပ်စု (ဃ)   ပွဲစဉ်(၇)၏   ပြဋ္ဌာန်းတေးသီချင်းဆိုပြိုင်ပွဲသို့ တက်ရောက်၍ အနုပညာရှင်များအား    ရင်းရင်းနှီးနှီး    တွေ့ဆုံနှုတ်ဆက်ခြင်း၊    ပြိုင်ပွဲကျင်းပမှုကို   ကြည့်ရှု အားပေးခြင်းနှင့် အမှတ်တရလက်ဆောင်ပေးအပ်ခြင်းများ ဆောင်ရွက် ခဲ့သည်။                           
သတင်းစဉ်