နေပြည်တော် အောက်တိုဘာ ၁၅
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် စောဒန်နီယယ် နှင့် ဒေါက်တာဗညားအောင်မိုး တို့သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည် ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟို ဌာန (၂) Plenary Hall ၌ ကျင်းပသည့် တိုင်းရင်းသားရိုးရာ/ ကျေးလက်ရိုးရာ အကပြိုင်ပွဲသို့ တက်ရောက်ပြီး ပြိုင်ပွဲဝင်အဖွဲ့များ ၏ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှု အားပေးသည်။
အဆိုပါ ပြိုင်ပွဲတွင် အလွတ် တန်းအဆင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင် အက အဖွဲ့များက အဖွဲ့လိုက်တိုင်းရင်း သားနှင့် ကျေးလက်ရိုးရာဝတ်စုံ များ ဝတ်ဆင်၍ မိမိတို့၏ယဉ်ကျေး မှုထုံးတမ်းဓလေ့များ၊ အကအလှ များ၊ ရိုးသားဖြူစင်ကြသည့် တိုင်းရင်းသားလူနေမှုဓလေ့စရိုက် များနှင့် အညာဓလေ့စရိုက် များ ပေါ်လွင်စေရန် အချိုးအဆစ် ညီညာပြေပြစ်စွာဖြင့် သရုပ်ဖော် ကပြ ယှဉ်ပြိုင်ကြသည်။
ယနေ့တွင် မြန်မာအပြည် ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂)ရှိ Signing Room ၌ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြှင့်တင်ရေးတေး သီချင်းပြိုင်ပွဲများ၊ News Briefing Room ၌ ဒုံမင်းအတီးပြိုင်ပွဲများကို လည်း ဆက်လက်ကျင်းပလျက် ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ ပြိုင်ပွဲဝင်များက အနုပညာ ရသပေါ်လွင်စွာဖြင့် ယှဉ်ပြိုင် လျက်ရှိကြသည့်အပြင် အနုသုခုမ ကို စိတ်ဝင်စားကြသည့် ဝါသနာ ရှင်များကလည်း တစ်ခဲနက်လာ ရောက်ကြည့်ရှု အားပေးခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်



