တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၇) နှစ်မြောက် နှစ်ပတ်လည်နေ့ တွေ့ဆုံပွဲအခမ်းအနားကျင်းပ 

 

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၇) နှစ်မြောက် နှစ်ပတ်လည်နေ့ တွေ့ဆုံပွဲအခမ်းအနားကျင်းပ 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က Video Message ပေးပို့၍ မိန့်ခွန်းပြောကြား

 

 

နေပြည်တော်   အောက်တိုဘာ  ၁၅


တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၇)နှစ်မြောက် နှစ်ပတ်လည်နေ့   တွေ့ဆုံပွဲအခမ်းအနားကို  ယနေ့ နံနက်ပိုင်းတွင်  နေပြည်တော်ရှိ  အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်    ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌   ကျင်းပပြုလုပ်ရာ   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်  အမျိုးသား စည်းလုံးညီညွတ်ရေးနှင့်  ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်  ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်က   Video Message ပေးပို့၍ မိန့်ခွန်းပြောကြားသည်။

 


တွေ့ဆုံပွဲ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်၊    ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး၊   အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ    ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့်   ကော်မတီဝင်    ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ ကော်မတီဝင်များ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အစမှ   NCA   စာချုပ်ဖြစ်ပေါ်လာသည် အထိ ကိုယ်တိုင်ပါဝင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် အစိုးရ၊  လွှတ်တော်၊  တပ်မတော်၊  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းနှင့်   နိုင်ငံရေးပါတီတို့မှ အထူးဧည့်သည်တော်များ၊ NCA လက်မှတ် ရေးထိုး ထားသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်ကြသည့်   ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ လားဟူ ဒီမိုကရက်တစ်အစည်း အရုံး(LDU)၊  မွန်ပြည်သစ်ပါတီ  (NMSP)၊  ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)တို့မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များနှင့်   ဗဟို ကော်မတီဝင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင်    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်   အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပေးပို့သည့် Video Message  ကို   ဖွင့်လှစ်ပြသသည်။  (Video Message ကို ရှေ့ဖုံးတွင် သီးခြားဖော်ပြထားပါသည်)
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊  ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊  အမျိုးသားစည်းလုံးညီညွတ် ရေးနှင့်     ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ ဥက္ကဋ္ဌ  ဒုတိယဗိုလ်ချုပ်ကြီး  ရာပြည့်က NCA (၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အမှာစကားပြောကြားသည်။ 

 


ယင်းနောက်   NCA   လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးဆောင်ရွက်ခဲ့မှုနှင့် နှစ်ပတ်လည်နေ့ ကျင်းပ ဆောင်ရွက်ခဲ့မှုများကို အခမ်းအနားမှူးက အကျဉ်း ချုံး ရှင်းလင်းတင်ပြသည်။

 


ဆက်လက်၍   ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အစမှ NCA စာချုပ်ဖြစ်ပေါ်လာသည်အထိ ကိုယ်တိုင်ပါဝင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသူများ၊  NCA  လက်မှတ် ရေးထိုးစဉ်က အသိသက်သေအဖြစ် ပါဝင်ခဲ့ကြသူများ ဖြစ်ကြသည့် UPWC ဒုတိယဥက္ကဋ္ဌနှင့် ပြည်ထောင်စု ဝန်ကြီး(အငြိမ်းစား) ဦးအောင်မင်း၊ UPWC ဒုတိယ ဥက္ကဋ္ဌနှင့် ပထမအကြိမ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးသိန်းဇော်၊ ပြည်ထောင်စုရှေ့နေချုပ်(အငြိမ်း စား) ဦးထွန်းထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (အငြိမ်းစား)   နှင့်   နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင်၊   ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ   ဦးစိုင်းအိုက်ပေါင်းတို့က NCA အထိမ်းအမှတ်စကားများ ပြောကြားကြသည်။

 


ထို့နောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အစမှ NCA စာချုပ်ဖြစ်ပေါ်လာသည်အထိ     ကိုယ်တိုင်ပါဝင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့်    တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်များ၊ NCA လက်မှတ်ရေးထိုးပွဲ၌ ပါဝင်ခဲ့ကြသူများ ဖြစ်ကြသည့် ခိုင်စိုးနိုင်အောင်(ALP)၊  ဖြားတန်ခွန်ဥက္ကာ  (PNLO)နှင့် ပဒိုရွှေမောင်း(KNU)၊ NCA လက်မှတ်ရေးထိုးထား သည့်   တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ကိုယ်စားလှယ်များဖြစ်ကြသည့်  ALP  ဒုတိယဥက္ကဋ္ဌ စောမြရာဇာလင်း၊  DKBA  မှ  စောကျော်သန်းဌေး၊ KNU/KNLA    ငြိမ်းချမ်းရေးကောင်စီ   ဒုတိယဥက္ကဋ္ဌ ဒေါက်တာ နော်ကပေါ်ထူး၊ LDU ဥက္ကဋ္ဌ ကျာဆော် လမွန်၊ NMSP ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း၊ PNLO ဒုတိယဥက္ကဋ္ဌ ခွန်ထွန်းတင်နှင့် RCSS ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင်   စဝ်ဆောင်းဟန်တို့က  NCA အထိမ်းအမှတ်စကားများ ပြောကြားကြသည်။

 


ယင်းနောက်   အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်း နောင်၊   သယံဇာတနှင့်   သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊   လူဝင်မှုကြီးကြပ်ရေးနှင့်   ပြည်သူ့ အင်အားဝန်ကြီးဌာန       ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် ယခင်  MPC  အကြီးတန်းအကြံပေး ဦးလှမောင်ရွှေ၊ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ        ပူးတွဲစောင့်ကြည့်ရေး ကော်မတီ  (JMC-U)  အဖွဲ့ဝင်များ    ဖြစ်ကြသည့် ဦးပြည့်စုံ၊ ဦးမောင်မောင်ငြိမ်းနှင့် စိုင်းမျိုးသန့်တို့က NCA အထိမ်းအမှတ်စကားများ ပြောကြားကြသည်။

 


ဆက်လက်၍   ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အစမှ NCA စာချုပ်ဖြစ်ပေါ်လာသည်အထိ ကိုယ်တိုင် ပါဝင် ကြိုးပမ်းဆောင်ရွက်မှုအတွက်  ဂုဏ်ပြုထိုက်သည့် ပုဂ္ဂိုလ်များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်များအား NCA (၇) နှစ်မြောက် နှစ်ပတ် လည်နေ့ ဂုဏ်ပြုလက်ဆောင်များကို ပေးအပ်ချီးမြှင့် ပြီး   အခမ်းအနားကို   အောင်မြင်စွာ  ရုပ်သိမ်းလိုက် သည်။   ထို့နောက်   မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ဂုဏ်ပြုနေ့လယ်စာဖြင့်  တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။                   

သတင်းစဉ်