မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်မြတ်ကြီး ကင်မွန်းချောင်း တောင်တက်ကားဂိတ်အား
KNLA တပ်မဟာ (၁)နှင့် NUG ၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက
လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ရက်စက်မိုက်မဲစွာ လာရောက်ပစ်ခတ်ခဲ့မှုနှင့်ပတ်သက်၍
မန္တလေးမြို့၌ ပြင်းထန်စွာ ဆန့်ကျင်ရှုတ်ချကြောင်း ဆန္ဒထုတ်ဖော်
နေပြည်တော် အောက်တိုဘာ ၁၄
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဆံတော်ရှင် စေတီ တော်မြတ်ကြီး ကင်မွန်းချောင်း တောင်တက် ကားဂိတ်အား ယခုလ ၁၂ ရက် နံနက်ပိုင်းတွင် KNLA တပ်မဟာ (၁)နှင့် NUG ၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများ က လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် အကြောင်းမဲ့ ရက်စက် မိုက်မဲစွာ လာရောက်ပစ်ခတ်ခဲ့ရာ ဘုရားဖူးပြည်သူ သုံးဦး သေဆုံး ခဲ့ပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက် ၍ ပြင်းထန်စွာ ရှုတ်ချကြောင်းကို ယနေ့တွင် မန္တလေးတိုင်းဒေသ ကြီး မန္တလေးမြို့ရှိ အထက်မြန်မာ ပြည် မျိုးချစ်မြန်မာ ရဟန်းတော် များသမဂ္ဂ(မန္တလေး)မှ သံဃာ တော်များနှင့် မန္တလေးမြို့နေ အကြမ်းဖက်မှုများကို မလိုလား သော ဒေသခံပြည်သူများ စုပေါင်း ၍ မဟာမြတ်မုနိဘုရား၊ အောင်တော်မူဘုရားနှင့် စန္ဒာ မုနိဘုရား အနီးတစ်ဝိုက်တို့တွင် “ဗုဒ္ဓဘာသာကို အကြမ်းဖက်သော အစွန်းရောက်လူသတ်ကောင်များအလိုမရှိ၊ KNLA ၊ NUG ၊ CRPH နှင့် PDF အမည်ခံ အကြမ်းဖက် အဖွဲ့များ အလိုမရှိ၊ KNLA ၊ NUG ၊ CRPH အမည်ခံ အကြမ်းဖက် အဖွဲ့များ၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားတို့၏ ကျိုက်ထီးရိုးဘုရားဖူး ပြည်သူများ အပေါ် အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်မှုလုပ်ရပ်အား ဆန့်ကျင် ကြ” စသည့် ပိုစတာများ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ကြွေးကြော်သံများဖြင့် ကြွေး ကြော်၍ အေးချမ်းစွာ ဆန္ဒ ထုတ်ဖော်ခဲ့ကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်



