ကချင်ပြည်နယ်၌ သုံးနှစ်အတွင်း သဘာဝဘေး (၂၂၂) ကြိမ်ဖြစ်ပွားပြီး အိမ်ထောင်စုပေါင်း ၁၄၀၀၀ နီးပါးအား ထောက်ပံ့ပေးနိုင်ခဲ့

 

မြစ်ကြီးနား  အောက်တိုဘာ    ၁၄


ကချင်ပြည်နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှ လက်ရှိအချိန်အထိ သဘာဝဘေး (၂၂၂) ကြိမ် ဖြစ်ပွားခဲ့ပြီး အိမ်ထောင်စုပေါင်း ၁၃၉၀၀  ကျော်အတွက် ထောက်ပံ့မှုများပြုလုပ်ပေးနိုင်ခဲ့ကြောင်း မြစ်ကြီးနားမြို့ရှိ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲဦးစီးဌာနရုံးခန်းမ၌ အောက်တိုဘာ ၁၃ ရက်က  ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနား တွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြောကြားသည်။
 

 

ပြည်နယ်ဝန်ကြီးချုပ်က    ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်လျှော့ချရေးလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ NGO၊ INGO အဖွဲ့အစည်းများ၊ လူမှု ရေးအသင်းအဖွဲ့များ၏ ပူးပေါင်းပါဝင်မှုနှင့် လူထု တစ်ရပ်လုံးကပါ နိုးကြားတက်ကြွစွာ ပါဝင်ဆောင်ရွက် လာရေး စည်းရုံးဆောင်ရွက်ကြရန် အလေးအနက်ထား တိုက်တွန်းလိုပါကြောင်း၊ ယခုနှစ်အထိမ်းအမှတ်နေ့၏ ဆောင်ပုဒ်ပါအတိုင်း သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများတွင် အားလုံးပါဝင် ဆောင်ရွက်ခြင်းဖြင့် သဘာဝဘေးအန္တရာယ် လျှော့ချ ရေးနှင့် လူ့အသက်၊ အိုးအိမ်ပစ္စည်းများ    ဆုံးရှုံးမှု လျော့နည်းစေမည်ဖြစ်ကြောင်းလည်း   တိုက်တွန်း မှာကြားသည်။

 


ထို့နောက် ကုလသမဂ္ဂဘေးအန္တရာယ်ထိခိုက်မှု ဆုံးရှုံးနိုင်ခြေလျှော့ချရေးဆိုင်ရာ   ဌာနအကြီးအကဲ Mrs. Mami Mizutori ၏ အပြည်ပြည်ဆိုင်ရာ သဘာဝ ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အတွက် ပြောကြားသည့် သတင်းစကားဗီဒီယိုနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်   ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၏ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ မှတ်တမ်းဗီဒီယိုကို ဖွင့်လှစ်ပြသသည်။

 


ထို့နောက် အပြည်ပြည်ဆိုင်ရာ  သဘာဝဘေး အန္တရာယ်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အဖြစ်   ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပြသ သည့် ဘေးအန္တရာယ်ဆိုင်ရာ ထောက်ပံ့မှုပစ္စည်းများ၊ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ၊     အသိပညာပေး စာအုပ်များ၊ လက်ကမ်းစာစောင်များနှင့် လုပ်ငန်းဆောင်ရွက်မှုမှတ်တမ်းများ ပါဝင်သော ပြခန်းငယ်ကို ပြည်နယ်ဝန်ကြီးချုပ်၊   ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်နှင့်   ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ NGO ၊ INGO အဖွဲ့အစည်း များမှတာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေး ခဲ့ကြသည်။

 


ကချင်ပြည်နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်နှင့် ၂၀၂၁-၂၀၂၂ မီနီဘတ်ဂျက်နှစ်အတွင်း သဘာဝဘေး ဖြစ်ပွားမှု (၁၇၄) ကြိမ်၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခြောက်လ တာကာလအတွင်း သဘာဝဘေး (၄၈) ကြိမ် ဖြစ်ပွားခဲ့ပြီး  ထိခိုက်ခဲ့သည့် အိမ်ထောင်စုပေါင်း  ၁၃၉၀၀  ကျော် အတွက် ထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း နှင့် ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်လျော့ပါး ရေးအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှု အခြေခံသင်တန်း၊  သဏ္ဌာန် တူ သရုပ်ပြလေ့ကျင့်မှုများ၊ အသိပညာပေးဟောပြော ပွဲများကို  စုစုပေါင်း  (၃၇)  ကြိမ် ပြုလုပ်ပေးနိုင်ခဲ့‌ကြောင်း ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ရုံးမှ သိရသည်။                    

 

ပြည်နယ်(ပြန်/ဆက်)