နေပြည်တော် အောက်တိုဘာ ၁၄
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဦးမောင်းဟာသည် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည် တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) Plenary Hall ၌ ကျင်းပသည့် ရုပ်သေး ကြိုးဆွဲပြိုင်ပွဲသို့ တက်ရောက်ပြီး ပြိုင်ပွဲဝင်များ၏ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးသည်။
အဆိုပါပြိုင်ပွဲတွင် ဝါသနာရှင် အဆင့် (ဒုတိယတန်း) အမျိုးသား/ အမျိုးသမီး ရုပ်သေးကြိုးဆွဲ ပြိုင်ပွဲ ဝင်များက မင်းသား၊ မင်းသမီးနှင့် ဇော်ဂျီ ကြိုးဆွဲရုပ်သေးရုပ်များ ကို ကြိုးများဖြင့် ကျွမ်းကျင်စွာ ထိန်းချုပ်ပြီး မြန်မာ့ရိုးရာကကွက် များအပြင် ကိုယ်ဟန်အနေအထား အမျိုးမျိုး၊ အမူအရာအမျိုးမျိုးတို့ ကို အနုပညာမြောက်သရုပ်ဖော် တင်ဆက်ပြသ ယှဉ်ပြိုင်ခဲ့ကြ သည်။
အလားတူ ယနေ့မွန်းလွဲပိုင်း တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးစိုင်းလုံးဆိုင်သည် နေပြည်တော်ရှိ မြန်မာအပြည် ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) Signing Room ၌ ကျင်းပသည့် “ကာလပေါ်” တေးသီချင်းအဆို ပြိုင်ပွဲသို့ တက်ရောက်ပြီး ပြိုင်ပွဲ ဝင်များ၏ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးသည်။
အဆိုပါပြိုင်ပွဲတွင် အခြေခံ ပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀နှစ်အတွင်း) အမျိုးသားပြိုင်ပွဲ ဝင်များနှင့် အဆင့်မြင့်ပညာအဆင့် (အမျိုးသမီး) ပြိုင်ပွဲဝင်များက ထင်ရှား ကျော်ကြားလှသည့် ကာလပေါ်တေးသီချင်းများအား ငြိမ့်ညောင်းသာယာ နားဝင်ပီယံ ရှိစေမည့် အသံနေအသံထားများ ဖြင့် ကျွမ်းကျင်ပိုင်နိုင်စွာ ယှဉ်ပြိုင် ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်



