မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်ရေးနှင့် မဲရုံများလျာထားသတ်မှတ်ခြင်း ညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော်    အောက်တိုဘာ    ၁၃


မဲစာရင်းများ   မှန်ကန်ရေးနှင့်   မဲရုံများ   လျာထား သတ်မှတ်ခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့  နံနက် ၉ နာရီတွင် မအူပင်ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌   ကျင်းပ ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်  အဖွဲ့ဝင် ဦးသန်းထွန်း၊ ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၊  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ် ရေးနှင့်  ပြည်သူ့အင်အားဦးစီးဌာနတို့မှ  တာဝန်ရှိ သူများ တက်ရောက်ကြသည်။ 

 


အစည်းအဝေးတွင် မအူပင်ခရိုင်အတွင်းရှိ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသည့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံ သားပြုခွင့်ရသူများကို    ဥပဒေနှင့်အညီ   စက်တင်ဘာ လကုန်အထိ   လစဉ်စိစစ်ပြုစုထားသည့်    လူဦးရေ စာရင်းများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန နှင့် မအူပင်ခရိုင်အတွင်းရှိ သက်ဆိုင်ရာကော်မရှင် အဖွဲ့ခွဲများက     ပူးပေါင်းစိစစ်     ဆောင်ရွက်ထား မှုများနှင့်    စပ်လျဉ်း၍     ညှိနှိုင်းဆွေးနွေးကြပြီး သက်ဆိုင်ရာဌာနအသီးသီးက  ဆောင်ရွက်ထားမှု များကို တင်ပြကြသည်။

 


ဆက်လက်ပြီး      မအူပင်ခရိုင်    ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိက အခြေခံ မဲဆန္ဒရှင်စာရင်းများ   စက်တင်ဘာလအထိ    လစဉ် စိစစ်ဆောင်ရွက်မှုနှင့်စပ်လျဉ်းပြီး တင်ပြရာ -
(၁)    လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၏ စိစစ်ချက်အရ
    (က)    သေဆုံး၊ ပြောင်းထွက်၊ (၂) ကြိမ်ထပ်၊ 
        (၃)   ကြိမ်   ထပ်တို့မှ   လျော့သည့် 
        လူဦးရေ (၅၇၇၂) ဦး
    (ခ)    လူဝင်မှုကြီးကြပ်ရေးနှင့်    ပြည်သူ့ 
        အင်အားဦးစီးဌာန လက်ကျန်စာရင်း 
        မှ ပြန်လည်ထည့်သွင်းသည့် ထပ်တိုး 
        လူဦးရေ (၆၃၉) ဦး
 (၂)    အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စိစစ် ချက်အရ 
    (က)    မြေပြင်ထပ်တိုး
        ပုံစံ(၆၆/၆) ရှိသူ           (၅၃၃) ဦး
    (ခ)    မြေပြင်တွင် 
        လျော့သည့်ဦးရေ
        ပုံစံ(၆၆/၆)ရှိသူ              (၃၄၃၇) ဦး
မဲရုံတည်နေရာနှင့် မဲရုံအရေအတွက် လျာထား မှု  (၉၄၈)   ရုံ   လျာထားသတ်မှတ်ထားကြောင်းနှင့်  မဲရုံသုံးပစ္စည်း   လိုအပ်ချက်တို့ကို   တင်ပြဆွေးနွေး သည်။

 


ထို့နောက်    အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်    ပြည်သူ့အင်အားဝန်ကြီး ဌာနတို့က     မဲဆန္ဒရှင်စာရင်း     ပြည့်စုံမှန်ကန်ရေး ဆောင်ရွက်မှုလုပ်ငန်း       အောင်မြင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊    လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့   ပူးပေါင်းဆောင်ရွက် ရာတွင် တွေ့ရှိရသည့် အခက်အခဲများ၊ လိုအပ်ချက် များအပေါ် ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး အကြံပြု ဆွေးနွေးကြသည်။ 

 


ဆွေးနွေးတင်ပြချက်များနှင့်           စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်      အဖွဲ့ဝင် ဦးသန်းထွန်းနှင့်  ဦးအောင်လွင်ဦး  တို့က  ဖြည့်စွက်  မှာကြားပြီး  လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်