မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အထိမ်းအမှတ် အခမ်းအနားတက်ရောက်

 

နေပြည်တော်  အောက်တိုဘာ ၁၃


မန္တလေးတိုင်းဒေသကြီး၌   လွန်ခဲ့ သည့်  (၅)နှစ်တာ  ကာလအတွင်း   ဘေးဖြစ်ပွားမှုပေါင်း     အကြိမ် (၁၀၀၀)ခန့်ရှိခဲ့ရာ     လူပေါင်း ၁၅၀၀၀၀ ကျော်     ဘေးဒုက္ခခံစား ခဲ့ရပြီး ၁၀၀ ကျော် အသက်ဆုံးရှုံး ခဲ့ရကြောင်း၊  ပျက်စီးဆုံးရှုံးမှုအနေ ဖြင့်      ခန့်မှန်းခြေငွေကျပ်သန်း  ၂၀၀၀ ကျော်ရှိခဲ့ရာ  တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ   ငွေကျပ်သန်း ၁၄၀၀ ကျော်၊     တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့်     ၂၀၂၁   ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ    ယနေ့အထိ ဘေးဖြစ်ပွားမှုများ    အတွက် ထောက်ပံ့မှုနှင့်     သဘာဝဘေး လျော့ပါးရေး  လုပ်ငန်းများအတွက် ငွေကျပ်သန်း ၁၈၀၀ ကျော် တို့ကို အသုံးပြုခဲ့ကြောင်း၊  ဘေးအန္တရာယ် များအား    စောလျင်ထိရောက်စွာ   တုံ့ပြန်          ဆောင်ရွက်နိုင်ရန်၊ ဘေးအန္တရာယ်       စီမံခန့်ခွဲမှု စွမ်းဆောင်ရည် အားကောင်းစေ ရန်၊    ထိခိုက်ဆုံးရှုံးမှု    အနည်းဆုံး ဖြစ်အောင် ကိုယ်တိုင်ရင်ဆိုင်တုံ့ပြန် နိုင်သည့် စွမ်းဆောင်ရည် မြှင့်တင် ပေးရန် လိုအပ်ပြီး  ရေရှည်တည်တံ့ သော          ဖွံ့ဖြိုးတိုးတက်မှုကို  ဖော်ဆောင်နိုင်သည့်  မြန်မာနိုင်ငံ ဖြစ်လာစေရေးအတွက်     အားလုံး ပူးပေါင်း         ဆောင်ရွက်သွားကြရ မည်ဖြစ်ကြောင်း   မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို က ပြောကြားသည်။

 


၂၀၂၂    ခုနှစ်    အပြည်ပြည် ဆိုင်ရာ    သဘာဝဘေးအန္တရာယ်   ထိခိုက်ဆုံးရှုံးနိုင်ခြေ   လျှော့ချရေး နေ့   အထိမ်းအမှတ်အခမ်းအနား ကို      ချမ်းအေးသာစံမြို့နယ်ရှိ    မန္တလေးမြို့တော်   စည်ပင်သာယာ ရေးကော်မတီရုံး    မြို့တော်ခန်းမ တွင် ယနေ့နံနက်ပိုင်းက   ကျင်း ပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က  ထိုသို့ပြောကြားခြင်းဖြစ်သည်။  

 


ဆက်လက်၍    ကုလသမဂ္ဂ   ဘေးအန္တရာယ်   ထိခိုက်ဆုံးရှုံးနိုင် ခြေလျှော့ချရေးဆိုင်ရာ       ဌာန အကြီးအကဲ   Ms. Mami Mizutori ၏   အပြည်ပြည်ဆိုင်ရာ သဘာဝ ဘေးအန္တရာယ်     ထိခိုက်ဆုံးရှုံး နိုင်ခြေ   လျှော့ချရေးနေ့အတွက် ပြောကြားသော    သတင်းစကား ဗီဒီယိုနှင့်    အပြည်ပြည်ဆိုင်ရာ  သဘာဝဘေးအန္တရာယ်   ထိခိုက် ဆုံးရှုံးနိုင်ခြေ      လျှော့ချရေးနေ့ အထိမ်းအမှတ်   မှတ်တမ်းဗီဒီယို တို့ကို ပြသသည်။

 


ဆက်လက်၍   တိုင်းဒေသကြီး ဝန်ကြီးချုပ်သည်  ချမ်းမြသာစည် မြို့နယ်ရှိ           Multipurpose Stadium တွင်  ယနေ့နံနက်ပိုင်းက ကျင်းပသည့်  ၂၀၂၂ ခုနှစ် ပြည်နယ် နှင့်     တိုင်းဒေသကြီး   ဝူရှူးပြိုင်ပွဲ ဖွင့်ပွဲအခမ်းနားသို့  တက်ရောက် အမှာစကား ပြောကြားသည်။

 


ဆက်လက်၍     တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြိုင်ပွဲဝင် အားကစား သမားများ၊    အုပ်ချုပ်သူများ၊ နည်းပြများ၊     အကဲဖြတ်အမှတ် ပေးဒိုင်အဖွဲ့များကို        လိုက်လံ နှုတ်ဆက်ကာ         တစ်ဦးလျှင် ထောက်ပံ့ငွေကျပ်  ၁၅၀၀၀ နှုန်း ဖြင့်    စုစုပေါင်းထောက်ပံ့ငွေကျပ် ၄၁၁၀၀၀၀     ကို      ပေးအပ်ပြီး    မြန်မာနိုင်ငံ     ဝူရှူးအဖွဲ့ချုပ် မျိုးဆက်သစ်လူငယ်များ၏ သရုပ် ပြသမှုနှင့်       ပြိုင်ပွဲဝင်များ၏  ယှဉ်ပြိုင်       ကစားနေမှုများကို ကြည့်ရှု    အားပေးခဲ့ကြောင်းနှင့်    ပြိုင်ပွဲများကို အောက်တိုဘာ ၁၇ ရက်အထိ      ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း   သိရသည်။        

   
သတင်းစဉ်