
စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီသည် ပြည်တွင်းစက်သုံးဆီ ဖူလုံမှုရှိစေရေးအတွက် စက်သုံးဆီ အမျိုးအစား များအလိုက် ပုံမှန်စိစစ်တင်သွင်း ဆောင်ရွက်လျက် ရှိရာ အောက်တိုဘာ ၁၂ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး သီလဝါဆိပ်ကမ်းရှိ Terminal များတွင် MT Aulac Vision သင်္ဘောမှ ပရီမီယံဒီဇယ်ဆီ ၂ ဒသမ ၈၈ ဂါလန်သန်း၊ MT Yu Yi သင်္ဘောမှ ရိုးရိုး ဒီဇယ်ဆီ ၂ ဒသမ ၁၈ ဂါလန်သန်းနှင့် ပရီမီယံ ဒီဇယ်ဆီ ၁ ဒသမ ၈၆ ဂါလန်သန်းအား ဆီချ လုပ်ငန်းဆောင်ရွက်လျက်ရှိပြီး ရိုးရိုးဒီဇယ်ဆီ ၁ ဒသမ ၆၀ ဂါလန်သန်းနှင့် ပရီမီယံဒီဇယ်ဆီ ၄ ဒသမ ၅၃ ဂါလန် သန်းတင်ဆောင်လာသည့် MT Harmony One သင်္ဘောသည်လည်း ထပ်မံ ဆိုက်ကပ်လာပြီး ဆီချလုပ်ငန်းများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ရာ စက်သုံးဆီလက်ကျန် အခြေအနေအရ စက်သုံးဆီ ဖူလုံမှုရှိကြောင်း တွေ့ရှိရသည်။
ယခုရက်သတ္တပတ်အတွင်း ကမ္ဘာ့စက်သုံးဆီဈေးနှုန်းအနည်းငယ် ကျဆင်းလာသောကြောင့် ပြည်တွင်းစက်သုံးဆီဈေးနှုန်း ကျဆင်းလာကြောင်း သတင်းရရှိသည်။
သတင်းအရင်းအမြစ် - စီးပွား/ကူးသန်း