
မေး ။ ။ ဒီနေ့နံနက်ပိုင်းက မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ကျိုက်ထီးရိုးဘုရားကို လာရောက်ဖူးမြော်တဲ့ ဘုရားဖူးပြည်သူ များကို ပစ်ခတ်ခံခဲ့ရတယ်လို့ ကြားသိရပါတယ်။ ဘုရားဖူးပြည်သူ များ သေဆုံးဒဏ်ရာရရှိမှုများရှိတယ်လို့ သိရပါတယ်။ ဒီဖြစ်စဉ်နှင့် ပတ်သက်ပြီး ဗိုလ်ချုပ်အနေနဲ့ သတင်းထုတ်ပြန်ဖြေကြားပေးစေ လိုပါတယ်။
ဖြေ ။ ။ ဒီနေ့မနက် ၁၀ နာရီ ၂၅ မိနစ်အချိန်ခန့်မှာ ကျိုက်ထို မြို့နယ် ကင်မွန်းချောင်းကျေးရွာ ကျိုက်ထီးရိုးတောင်တက်တဲ့ မော်တော် ယာဉ်ဂိတ်အနီးမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။ အဲဒီဒေသမှာရှိတဲ့ ဒေသခံ တွေ၊ မျက်မြင်တွေ ပြောပြချက်အရ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ စုံစမ်း ချက်အရ အဲဒီဘက်မှာရှိနေတဲ့ PDF အကြမ်းဖက်အဖွဲ့ ၁၂ ဦးခန့်က ကျိုက်ထိုမြို့နယ် ဆောင်နိုင်ကြီး ကျေးရွာဘက်ကနေ ကားတစ်စီးနဲ့ ရောက်လာတယ်။ ရောက်လာပြီး ကျိုက်ထီးရိုးတောင်တက် တောင် ဘက်ကားဂိတ်ရဲ့ အရှေ့ဘက် ကိုက် ၅၀ ခန့်အကွာ တောင်တက် ကားလမ်းပေါ်ကနေ ကားဂိတ်ဘက်ကို ၄၀ မမ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ ကျိုက်ထီးရိုးဘုရားကို ဘုရားဖူးလာတဲ့ ပြည်သူ တွေထဲက အမျိုးသမီး သုံးဦး သေဆုံးခဲ့ပါတယ်။
ဘုရားဖူးလာတဲ့ အမျိုးသား ကိုးဦး၊ အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၁၉ ဦး ဒဏ်ရာရရှိခဲ့တယ်။ လုံခြုံရေးဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရဲတပ်ဖွဲ့ဝင် တစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရပါတယ်။ ဒဏ်ရာရရှိတဲ့သူတွေကို ကျိုက်ထိုပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးထားပါတယ်။ ၁၁ နာရီ မိနစ် ၄၀ လောက်မှာ ကျိုက်ထိုပြည်သူ့ဆေးရုံကြီးကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ လိုအပ်လာရင် တပ်မတော်ဆေးရုံတွေမှာ ပို့ဆောင်ကုသ ပေးဖို့ စီစဉ်လျက်ရှိပါတယ်။
ကျွန်တော် ပထမဦးဆုံးပြောလိုတာက သေဆုံးဒဏ်ရာရသူများနဲ့ ပတ်သက်ပြီး နိုင်ငံတော်အစိုးရအနေနဲ့ အထူးဝမ်းနည်းကြောင်း ပြောလို ပါတယ်။ PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေအနေနဲ့ အခုဆိုရင် ဘုရားဖူးပြည်သူတွေကိုပါ လိုက်လံပစ်ခတ်တဲ့ အကြမ်းဖက်မှုမျိုးတွေ လုပ်ဆောင်လာတာကို တွေ့ရပါတယ်။ ဒါတွေက ဘာတွေနဲ့ ဆက်စပ် နေသလဲဆိုတော့ မနေ့တစ်နေ့ကပဲ အကြမ်းဖက် NUG အဖွဲ့ရဲ့ သမ္မတ လို့ အမည်ခံထားတဲ့သူကိုယ်တိုင်က တိုက်ခိုက်မှုများ အရှိန်အဟုန် မြင့်ပြီး ဆက်လုပ်သွားမယ်ဆိုတဲ့နောက်မှာ ပေါ်ထွက်လာတာ ဖြစ်ပါ တယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ NUG / CRPH /PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေကို ဆက်လက်ပြီးတော့ ပြတ်ပြတ်သားသား ချေမှုန်းနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကင်မွန်း ချောင်းကျေးရွာမှာရှိတဲ့ ဘုရားဖူးဂိတ်ကို ပစ်ခတ်ခဲ့တဲ့ အကြမ်းဖက် PDF သောင်းကျန်းသူတွေရဲ့ နောက်ကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင် တွေက လိုက်လံချေမှုန်းလျက် ရှိပါတယ်။
ပြည်သူလူထုအနေနဲ့ သီတင်းကျွတ်အခါသမယမှာ မြန်မာရိုးရာ ယဉ်ကျေးမှုအရ ဒီနှစ်မှာ ပိုမိုစည်ကားလာတာကို တွေ့ရတယ်။ တန်ခိုးကြီးဘုရားတွေမှာဆိုလည်း သွားရောက်ဖူးမြော်နေတာရှိတယ်။ ဒါဟာ ရိုးရာအစဉ်အလာပဲ ဖြစ်ပါတယ်။ ဒါတွေကို ဆန့်ကျင်ပြီးလုပ်နေတဲ့ အမျိုးဘာသာ သာသနာကိုပါ တိုက်ရိုက်ထိပါးစော်ကားလာတဲ့၊ အကြမ်း ဖက်လာတဲ့ လုပ်ရပ်တွေဖြစ်ပါတယ်။ ဒါတွေကိုလည်း ပြည်သူလူထု အနေနဲ့ အကြမ်းဖက် NUG / CRPH /PDF အဖွဲ့တွေကို ဝိုင်းဝန်း ဆန်ကျင်ကြဖို့၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေး၊ တိုင်းပြည်ငြိမ်းချမ်းသာယာရေးကို ဆက်လက် ဆောင်ရွက်သွားကြဖို့ ပြောလိုပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း လုပ်ဆောင်စရာရှိတဲ့ လုံခြုံရေးအရ လုပ်ဆောင်မှုတွေကို ပြတ်ပြတ် သားသား လုပ်ဆောင်သွားမယ်လို့ ပြောလိုပါတယ်။