အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ (ASEANSAI) ၏ အသိပညာမျှဝေမှု အလုပ်ရုံဆွေးနွေးပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ

 

နေပြည်တော်  အောက်တိုဘာ ၁၂


အရှေ့တောင်အာရှ      နိုင်ငံများ ဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ (ASEANSAI)၏ အသိပညာမျှဝေမှု အစီအစဉ်အရ   ဆေးဝါးဝယ်ယူ ဖြန့်ဖြူးမှုလုပ်ငန်းစဉ် စစ်ဆေးခြင်း နှင့်စပ်လျဉ်းသည့် အသိပညာမျှဝေ မှု   အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းတွင်   နေပြည်တော်ရှိ     ပြည်ထောင်စု   စာရင်းစစ်ချုပ်ရုံး အစည်းအဝေးခန်းမ၌ ကိုဗစ် - ၁၉ ရောဂါ  ကာကွယ်ရေး  စည်းမျဉ်း စည်းကမ်းများနှင့်အညီ   ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

 


အလုပ်ရုံ     ဆွေးနွေးပွဲတွင် ပြည်ထောင်စု        စာရင်းစစ်ချုပ် ဦးတင်ဦးက  Video Message ဖြင့် အဖွင့်အမှာစကား  ပြောကြားရာ တွင် အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ (ASEANSAI)   ၏   မဟာဗျူဟာ လုပ်ငန်းစီမံချက် ( ၂၀၂၂-၂၀၂၅ )ပါ    “အသိပညာမျှဝေခြင်းဖြင့် အဖွဲ့ဝင်နိုင်ငံများ    အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုနှင့် စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်မှု” ရည်မှန်း ချက်ကို   အကောင်အထည်ဖော် သည့်အနေဖြင့် ယခု  အသိပညာ မျှဝေမှု   အလုပ်ရုံဆွေးနွေးပွဲကို  အိမ်ရှင်အဖြစ်   လက်ခံကျင်းပရ ခြင်းဖြစ်ပါကြောင်း၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးအနေဖြင့်   နိုင်ငံ တကာ    စာရင်းစစ်ချုပ်ရုံးများ လိုက်နာရမည့်      စံများနှင့်အညီ ဆေးဝါးဝယ်ယူဖြန့်ဖြူးမှုလုပ်ငန်း စဉ်   စစ်ဆေးခြင်းမှ  ရရှိခဲ့သည့် အတွေ့အကြုံများ၊ အလေ့အကျင့် ကောင်းများကို    မျှဝေဆွေးနွေး ခြင်း၊ ဆေးနှင့်ဆေးပစ္စည်း ဝယ်ယူ မှုဆိုင်ရာ   လုပ်ငန်းဆောင်ရွက်မှု စစ်ဆေးခြင်းအတွက် Case Study ဖြင့်   အဖွဲ့လိုက်ဆွေးနွေးခြင်းတို့ ကို   ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ အင်ဒိုနီးရှား၊ မလေးရှား နှင့် ဖိလစ်ပိုင်နိုင်ငံစာရင်းစစ်ချုပ်ရုံးတို့မှလည်း ဆေးပစ္စည်းဝယ်ယူ ထောက်ပံ့မှုနှင့်    ကာကွယ်ဆေး ထိုးနှံမှုဆိုင်ရာ   လုပ်ငန်းဆောင် ရွက်မှုစစ်ဆေးခြင်း အတွေ့အကြုံ များကို       ဆွေးနွေးသွားမည် ဖြစ်သဖြင့်       အဖွဲ့ဝင်နိုင်ငံများ အကြား ဆက်သွယ်ဆောင်ရွက်မှု အားကောင်းခြင်း၊ အတွေ့အကြုံ၊ ဗဟုသုတ၊       အတွေးအခေါ်နှင့် သတင်းအချက်      အလက်များ ဖလှယ်ခြင်းတို့ဖြင့် အပြန်အလှန် လေ့လာသိရှိမှု   အခွင့်အလမ်းကို ရရှိမည်ဖြစ်ပါကြောင်း၊       ယခု ဆွေးနွေးပွဲသည် ASEANSAI ၏ မဟာဗျူဟာလုပ်ငန်းစီမံချက်နှင့် ASEANSAI Knowledge Sharing Committee ၏ Work Plan ပါ ရည်မှန်းချက်များ     ရရှိနိုင်ရေး အတွက်        အကျိုးပြုနိုင်သည့် ဆွေးနွေးပွဲဖြစ်မည်ဟု ယုံကြည်မျှော် လင့်ပါကြောင်း ပြောကြားသည်။

 


ထို့နောက်    ASEANSAI Knowledge Sharing Commi-ttee   ဥက္ကဋ္ဌ   မလေးရှားနိုင်ငံ စာရင်းစစ်ချုပ် Datuk Nik Azman Nik   Abdul   Majid  က  Video Message ဖြင့် အဖွင့်အမှာစကား ပြောကြားသည်။

 


ယင်းနောက်     အင်ဒိုနီးရှား နိုင်ငံ        စာရင်းစစ်ချုပ်ရုံးက အခြေခံကျန်းမာရေးစောင့်ရှောက် မှုအတွက်   ဆေးဝါးထောက်ပံ့မှု စစ်ဆေးခြင်းနှင့်      စပ်လျဉ်း၍ လည်းကောင်း၊   မလေးရှားနိုင်ငံ စာရင်းစစ်ချုပ်ရုံးက   ဆေးဘက် ဆိုင်ရာ   စက်ပစ္စည်းကိရိယာများ စီမံခန့်ခွဲမှု     စစ်ဆေးခြင်းနှင့် စပ်လျဉ်း၍        လည်းကောင်း၊ ဖိလစ်ပိုင်နိုင်ငံ  စာရင်းစစ်ချုပ်ရုံး က        စာသင်ကျောင်းအခြေပြု ကာကွယ်ဆေးထိုး   လုပ်ငန်းစဉ် စစ်ဆေးခြင်းနှင့်     စပ်လျဉ်း၍ လည်းကောင်း၊   ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ    ညွှန်ကြား ရေးမှူး    ဒေါ်မြဇင်က  ဆေးဝါး ဝယ်ယူဖြန့်ဖြူးမှု     လုပ်ငန်းစဉ် စစ်ဆေးခြင်းနှင့်      စပ်လျဉ်း၍ လည်းကောင်း အစီအစဉ်အတိုင်း အသီးသီးဆွေးနွေးကြပြီး အဖွဲ့ဝင် နိုင်ငံများမှ    တက်ရောက်လာသူ များက    အပြန်အလှန်မေးမြန်း ဆွေးနွေးကြကြောင်း  သိရသည်။ 


သတင်းစဉ်