ဥပဒေမူကြမ်းရေးဆွဲရေးလမ်းညွှန်စာအုပ် ဒုတိယအကြိမ် ပုံနှိပ်ထုတ်ဝေ

 

နေပြည်တော်  အောက်တိုဘာ  ၁၂    ဥပဒေရေးရာဝန်ကြီးဌာနသည် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ      ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ   တရားဥပဒေ စိုးမိုးရေးနှင့် တရားမျှတမှုကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရေးအတွက်       ဥပဒေ အသိပညာ  ပြန့်ပွားရေးလုပ်ငန်းများကို အထူးအလေးထား  ဆောင်ရွက်လျက် ရှိပြီး  ဥပဒေစာအုပ်စာတမ်းများ   ပြုစု ထုတ်ဝေဖြန့်ဖြူးခြင်း၊     သုတေသန စာတမ်းများပြုစုခြင်း၊  စာတမ်းဖတ်ပွဲ များကျင်းပခြင်း၊  မြန်မာဥပဒေသတင်း အချက်အလက်စနစ် (Myanmar Law Information System Website) တွင် ဥပဒေများ  လွှင့်တင်ပေးခြင်း၊ ဥပဒေ ပညာရပ်ဆိုင်ရာသင်တန်းများ ဖွင့်လှစ် ခြင်းစသည့် ဥပဒေအသိပညာဖြန့်ဖြူး ရေးလုပ်ငန်းများကို  ပုံစံအမျိုးမျိုးဖြင့်ဆောင်ရွက်လျက်ရှိသည်။

 


ဥပဒေရေးရာဝန်ကြီးဌာနက ဖွင့်လှစ် ပို့ချခဲ့သော   ဥပဒေမူကြမ်းရေးဆွဲရေး သင်တန်းမှာ အောင်မြင်သောသင်တန်း တစ်ခုဖြစ်ပြီး   သင်တန်းတွင်   ဥပဒေ ရေးရာဝန်ကြီးဌာနက   ပြုစုထုတ်ဝေ သည့်       ဥပဒေမူကြမ်းရေးဆွဲရေး လမ်းညွှန်စာအုပ်ကို  လက်ကိုင်စာအုပ် အဖြစ် အသုံးပြုပို့ချပေးခဲ့သည်။

 


 အဆိုပါ  ဥပဒေမူကြမ်းရေးဆွဲရေးလမ်းညွှန်စာအုပ်ကို  ဥပဒေပညာရှင်များ၊ ရှေ့နေရှေ့ရပ်များ၊ ဥပဒေပညာ  သင်ယူ နေသည့်   ကျောင်းသား/ ကျောင်းသူ များနှင့်     ဥပဒေရေးဆွဲရေးပညာကို စိတ်ဝင်စားသူများ    ဖတ်ရှုလေ့လာ အသုံးပြုနိုင်ရန်    ရည်ရွယ်၍    ဒုတိယ အကြိမ်   ပုံနှိပ်ထုတ်ဝေပြီးဖြစ်ကြောင်း သိရသည်။                

သတင်းစဉ်