
ရန်ကုန် အောက်တိုဘာ ၁၂
(၂၈) ကြိမ်မြောက် အာဆီယံလူမှု-ယဉ်ကျေးမှု အသိုက်အဝန်း ကောင်စီ ဝန်ကြီးများအဆင့် အစည်းအဝေး (28th Meeting of the ASEAN Socio-Cultural Community (ASCC) Council)သို့ တက်ရောက်ရန် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်း ကောင်စီဥက္ကဋ္ဌ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်း တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ခွာသွားကြသည်။
အဆိုပါ ခရီးစဉ်တွင် ပြည်ထောင်စု ဝန်ကြီးနှင့်အတူ အဖွဲ့ဝင်များအဖြစ် အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်း ကောင်စီ အဆင့်မြင့်အရာရှိကြီး၊ သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက် ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ကိုယ်စား လှယ်များ လိုက်ပါသွားကြသည်။
ယင်း အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ ၌ အောက်တိုဘာ ၁၂ ရက်မှ ၁၄ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်