မြန်မာတစ်ပြည်လုံးအတိုင်းအတာဖြင့် ကြက်သွန်နီဈေးနှုန်းများ ဆက်တိုက်ကျဆင်းနေ

 

ရန်ကုန်  အောက်တိုဘာ   ၁၁


မြန်မာတစ်ပြည်လုံး      အတိုင်းအတာဖြင့် ကြက်သွန်နီ ဈေးနှုန်းများ ဆက်တိုက်ကျဆင်း နေကြောင်း ကိုယ်တိုင်စိုက်ပျိုး   ထုတ်လုပ် နေသူများနှင့်    ကြက်သွန်နီ  ကုန်သည်များ ထံမှ သိရသည်။

 


“ကြက်သွန်နီဈေးက     တစ်လအတွင်း တော်တော်လေးကို ကျသွားတာပါ။ ကုန်အဝင် များပြီး  အရောင်းများတာနဲ့  ပြည်ပဝယ်လို အား နည်းသွားတာတွေကြောင့် ကြက်သွန် ဈေးက   မျှော်လင့်ထားသလို   မဖြစ်တော့ တာ။   စိုက်ပျိုးတောင်သူတွေကတော့  ဒီနှစ် ကြက်သွန်နီဈေး    အတက်နဲ့  ကြုံရပြီဆိုပြီး တအားကို ဝမ်းသာခဲ့ကြတယ်။ နောက်ဆုံးမှာ ကြက်သွန်နီတစ်ပိဿာကို ကျပ် ၄၀၀၀ ဈေး လောက်အထိ   ရောက်သွားဖို့ကို   ခန့်မှန်း ထားခဲ့ကြတယ်။ အခုတော့ အဲဒီအထိမရောက် နိုင်တော့ဘဲ နောက်ပြန်လှည့် ကျဆင်းသွား တာပါ။  အတက်ဈေးနဲ့ကြုံသွားတဲ့  လူတွေ ကတော့    ကံကောင်းသွားတာပေါ့”  ဟု မန္တလေးတိုင်းဒေသကြီး        မြင်းခြံမြို့ရှိ ကြက်သွန်စိုက်တောင်သူ       ဦးမြင့်ဝင်းက ပြောသည်။

 


စက်တင်ဘာလ    လဆန်းပိုင်းအတွင်း ဘုရင့်နောင်      ကုန်စည်ဒိုင်ပေါက်ဈေးများ အရ     ကြက်သွန်နီ   တစ်ပိဿာလျှင်   ကျပ် ၃၇၀၀ အထိ မြင့်တက်ခဲ့ပြီး စက်တင်ဘာလ  နောက်ဆုံးအပတ်တွင်     တစ်ပိဿာလျှင် ကျပ် ၂၈၀၀ အောက်သို့ ပြန်လည်ကျဆင်း သွားခြင်းဖြစ်သည်။

 


“ပြည်တွင်း       ကြက်သွန်နီဈေးတွေက အတက်၊ တရုတ်ဘက်က ကြက်သွန်နီတွေက  ဈေးအနိမ့်နဲ့     ဝင်လာတာကြောင့်လည်း ပါတယ်။   အဲဒါကြောင့်    ကြက်သွန်နီဈေး ပြန်ကျလာတာလို့   ယူဆရပါတယ်။   မြန်မာ ကြက်သွန်ထက် အရွယ်အစားပိုကြီးတဲ့ တရုတ် ကြက်သွန်ဟာ တစ်ပိဿာ ကျပ် ၂၈၀၀ ခန့် သာ ဈေးရှိပြီး မြန်မာကြက်သွန်ထက် ဈေးနှုန်း အရ သက်သာနေတယ်လေ” ဟု ကြက်သွန် ကုန်သည် ကိုထိန်လင်းဦးက ပြောသည်။

 


ကြက်သွန်နီဈေးအတက်အကျမှာ ပြည်ပ ဝယ်လိုအားနှင့်   သက်ဆိုင်သလို    ပြည်ပမှ ဝင်ရောက်လာသည့် ကြက်သွန်နီ အဝင်နှင့် လည်း များစွာမူတည်နေသည်။ သီတင်းကျွတ် လပြည့် (အောက်တိုဘာလဆန်းပိုင်းအတွင်း)  ကြက်သွန်နီဈေးနှုန်းများ ပြန်လည်မြင့်တက် လာနိုင်ကြောင်းလည်း    ကုန်သည်တချို့က ခန့်မှန်းထားကြသည်။  

 နန်းထက်ထက်ချစ်