
ရန်ကုန် အောက်တိုဘာ ၈
လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီ တော်မြတ်ကြီး၏ ရာဟုထောင့် ချမ်းသာကြီး တန်ဆောင်း၌ သီတင်းကျွတ်လပြည့် အဘိဓမ္မာ အခါတော်နေ့အကြို အသံမစဲ မဟာပဋ္ဌာန်းဒေသနာတော် ရွတ် ဖတ်ပူဇော်ပွဲအောင်ပွဲကို ယနေ့ ညနေ ၅ နာရီ၌ ကျင်းပသည်။
ကိုးပါးသီလခံယူ
ဦးစွာ နမောတဿ သုံးကြိမ် ရွတ်ဆို ဘုရားကန်တော့၍ ဖွင့် လှစ်ပြီး ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂ မဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ၊ ဒွိပိဋကဓရ၊ တိပိ ဋကာ လင်္ကာရစာသင်တိုက်ပဓာန နာယက ဘဒ္ဒန္တအဂ္ဂသာမိထံမှ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့များမှ တာဝန်ရှိသူ များက ကိုးပါးသီလခံယူဆောက် တည်ကြသည်။
ထို့နောက် ဆရာတော်ဘဒ္ဒန္တအဂ္ဂသာမိအမှူးပြုသော ဆရာ တော်များ၊ ဝန်ကြီးချုပ်နှင့် ဧည့် ပရိသတ်များက ပုဂ္ဂိုလ်သတ္တဝါ များအား မေတ္တာဘာဝနာ ဖြန့်ဝေပို့သကြသည်။
ရေစက်သွန်းချအမျှပေးဝေ
ဆက်လက်၍ ဆရာတော်၊ သံဃာတော်များအား ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ဂေါပကအဖွဲ့ဝင်များက လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြပြီး နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်၊ တိပိဋကဩဝါ ဒါစရိယ၊ စေတီယင်္ဂဏပဝရသီရိ မဟာဓမ္မဂုရု၊ ပထမကျော်၊ အဂ္ဂ မဟာကျော်၊ အဋ္ဌကထာပြန် အကျော်၊ သ.စ.အ ဓမ္မာစရိယ (၀ဋံသကာ) ပါဠိပါရဂူ လှရတနာ ဆရာတော် ဘဒ္ဒန္တနာရဒါဘိဝံသ ထံမှ အနုမောဒနာတရား နာကြား ၍ ရေစက်သွန်းချအမျှ ပေးဝေခဲ့ကြ ကြောင်း သိရသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)